Showing posts with label ဘလောဂ့်ရေးချင်သူများ ဖတ်ရန်. Show all posts
Showing posts with label ဘလောဂ့်ရေးချင်သူများ ဖတ်ရန်. Show all posts

ကော်ဖီဆိုင်လေး ဖွင့်ရအောင် (၃)

Sunday, March 21, 2010

 


 


 


ဒီကော်ဖီဆိုင် တတိယပိုင်းမှာတော့ ဘလော့စာမျက်နှာပေါ်မှာ လိုအပ်တဲ့ အဆာပလာများ ဖြည့်တဲ့အကြောင်း ရေးပါမယ်ရှင်.. ကျွန်မဘလော့ အစိမ်းရောင်လွင်ပြင်ရဲ့  ညာဘက်မှာ ပါတဲ့ ပန်ကြားလွှာတို့၊ လတ်တလောရေးပြီးတာ၊ လအလိုက် ဖတ်စရာတို့လို့ Widgets လေးတွေ ထည့်ကြရအောင်. ရွေးချယ်တဲ့ Theme ပေါ်မူတည်ပြီး အဲဒါလေးတွေက ဘယ်ဘက် သို့မဟုတ် ညာဘက်ခြမ်းတွေမှာ ရှိတတ်ပါတယ်.. ကော်လံ၃ခုပါတဲ့ Theme ကို ရွေးထားရင် ဘယ်ဘက်ရော ညာဘက်မှာပါ ရှိတတ်ပါတယ်..


 


ပထမဆုံး  ထုံးစံအတိုင်း ညာဘက်ခြမ်း Dashboard အောက်က  Appearance ကို ကလစ်လုပ်ပါတယ်.. အဲဒီမှာပေါ်လာတဲ့ Theme, Widgets ထဲကမှ Widgets  ကို ရွေးလိုက်ပါတယ်.


 


 


 


 


Widgets ထဲရောက်သွားတဲ့အခါ Available Widgets ဆိုပြီး ကိုယ့်ဘလော့မှာ ထည့်လို့ရမဲ့ Widgets တွေကို တွေ့ရပါလိမ့်မယ်… ကိုယ့်ဘလော့မှာ လိုအပ်မယ် ထင်တာလေးတွေ ရွေးချယ်လို့ ထည့်သွင်းနိုင်ပါတယ်.. Archives, Categories, Calendar, Recent Posts, Recent Comments စတာတွေကိုတော့ မရှိမဖြစ် ဖော်ပြကြပါတယ်.. အဲဒါလေးတွေကို ဘလော့စာမျက်နှာပေါ် ရောက်လာအောင် ဘယ်လို ထည့်သွင်းကြမလဲ..


 


 


 


 


 


တစ်ခုချင်းအပေါ်ကို mouse pointer လေးနဲ့ မောက်စ်ကို မလွှတ်ဘဲ ဖိပြီး  Drag ဆွဲခေါ်သွားပြီး ညာဘက်က side bar 1 ဆိုတာ ရှိပါလိမ့်မယ် အဲဒီ လေးထောင့်ကွက် လေးထဲကို ရောက်မှ လက်ကို လွှတ်လိုက်ပါ.. Title ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ နံမည်ကို ပေးဖို့ မြန်မာလို ရိုက်ထည့်လို့ရပါတယ်.. ရေးပြီးသွားရင် Save လုပ်လိုက်ပါ..


 


 


 


 


Archives ဆိုတာတော့ တစ်လချင်း ရေးထားတဲ့ ပိုစ့်အရေအတွက် ဖြစ်ပါတယ်.. Categories ကတော့ ကိုယ်ရေးထားတဲ့ပိုစ့်တွေရဲ့ အမျိုးအစားတွေဖြစ်ပြီး Recent Posts ကတော့ မကြာခင်အတွင်းက ရေးထားတဲ့ပိုစ့်တွေကို အစဉ်လိုက်ဖော်ပြပေးမှာ ဖြစ်ပါတယ်..


 


 


 


 


Recent Comments ကတော့ စာဖတ်သူများရဲ့ မှတ်ချက်လေးများကို မြင်ရမှာ ဖြစ်ပါတယ် .. မှတ်ချက်နဲ့ လတ်တလောရေးပြီးတဲ့ပိုစ့်များကို အများဆုံး ၁၅ခုအထိ ပေါ်အောင်ထားလို့ ရပါတယ်.. ကိုယ်ဖော်ပြလိုတဲ့ အရေအတွက်ကို ကွက်လပ်ထဲမှာ ရေးထည့်ပါ.. ပြီးရင်တော့ Save လုပ်လိုက်ပါ.. ကျွန်မဘလော့မှာ မြင်ရသလို အစိမ်းရောင်လွင်ပြင်ရဲ့ အကြောင်းလို စာမျက်နှာလေးများ ထည့်မယ်ဆိုရင် Page ကို Side Bar1 မှာ ဆွဲထည့်ထားရပါမယ်.. ပြီးရင် Title ကို မြန်မာလို အကြံပေးရန် လို့ ရိုက်ထည့်ကြည့်ပါတယ်. ထုံးစံအတိုင်း Save လုပ်လိုက်ပါ။ Close လုပ်ပြီး ပြန်ခေါက်ထားလို့ရပါပြီ.. ဘလော့တစ်ခုမှာ မပါမဖြစ် ထည့်ရမှာက Link ပါ.. ကိုယ့်ဘလော့ကနေ ကိုယ်နှစ်သက်တဲ့ဘလော့များဆီကို အလွယ်တကူ သွားလာချိတ်ဆက်ထားတဲ့ အရာလေးပါ.. အဲဒီ Link ကိုလဲ Side bar 1 ကို ဆွဲခေါ်သွားပါမယ်.. နောက် ကျွန်မဘလော့မှာ မြင်ရမဲ့ ပန်ကြားလွှာဆိုတဲ့ ကိုယ်ပြောချင်တဲ့ စာသားလေးတွေရေးဖို့တော့ Text ဆိုတာကို Side Bar 1 ကို ဆွဲယူသွားပါမယ်.. အဲဒီမှာ ခေါင်းစဉ်လေးကို ခရမ်းပြာလွင်ပြင်မှ ကြိုဆိုပါတယ်ရှင်လို့ ကျွန်မက ရေးထည့်ပါမယ်.... အထဲမှာလည်း စာလာဖတ်ကြသူများကို ကျေးဇူးတင်ပါတယ်ရှင်လို့ ရေးထည့်ပြီး Save လုပ်လိုက်ရုံပါဘဲ…


 


 


 


 


ကိုယ်နှစ်သက်ရာစာလေးများ ရေးထည့်ရုံပါဘဲ… ဒါဆိုရင် အနည်းအကျဉ်းတော့ လိုအပ်တာလေးတွေ ထည့်ထားပြီးတဲ့ပုံလေးပေါ့နော်.. ဒီလိုပုံစံလေးနဲ့ ဘလော့ စာမျက်နှာပေါ် မြင်ရပါလိမ့်မယ်..


 


 


 


 


ဘလော့တစ်ခုရဲ့ အင်္ဂါရပ်ဖြစ်တဲ့ စီဘောက်ကို ထည့်ကြည့်ရအောင်.. ကျွန်မဘလော့မှာ မြင်ရမဲ့  “ တစ်ခုခုပြောခဲ့ပါနော် ”ဆိုတဲ့  နေရာလေးပါ.. အဲဒါလေးကို ထည့်ဖို့ အရင်ဦးဆုံး Code များကို ယူရမှာဖြစ်ပါတယ်.. ဘယ်မှာ ယူရလဲ… http://www.cbox.ws/ မှာ Singn Up လုပ်ရပါမယ်.. Singn Up ကို နှိပ်လိုက်တာနဲ့ ဒီပုံလေးကို တွေ့ရမှာပါ..


 


 


 


 


 


အဲဒီမှာ cbox name ဆိုတဲ့နေရာမှာ ကိုယ်စိတ်ကူးရှိရာပေးလို့ရပါတယ်. အင်္ဂလိပ်လို စာလုံးများဖြစ်ရပါမယ်. E-mail address နဲ့ Password ကိုတော့ ကိုယ့်အီးမေလ်းနဲ့ နှစ်သက်ရာ Password ကိုသုံးပါ.. Website နေရာမှာတော့ ကိုယ်အခုဖွင့်လိုက်တဲ့ကိုယ့်ဘလော့ရဲ့ လိပ်စာကိုရေးထည့်ပေးရပါမယ်… ဥပမာ ကျွန်မရဲ့ဘလော့က http://missgreenlady.mylovecafe.com ဆိုရင် အဲဒါလေးကို အပြည့်အစုံလေး ရိုက်ထည့်ပေးရပါ လိမ့်မယ်နော် .  language က တော့ English  ဘဲရွေးပါမယ်.. Style ဆိုတဲ့နေရာမှာတော့ ကိုယ်နှစ်သက်ရာ အရောင်လေးတွေရွေးချယ်လို့ရပါတယ်.. ကိုယ်ရွေးလိုက်တဲ့အရောင်ကို ညာဘက်က စီဘောက်နမူနာ ပုံကလေးမှာ ကြည့်လို့ ရပါတယ်.. ပြီးသွားရင် အောက်က terms and conditions ကို မှန်ခြစ်လေးပေးလိုက်ပြီး Create my Cbox ! ကို နှိပ်ကြည့်လိုက်လို့ ရပါပြီ.. တကယ်လို့များ စီဘောက်မှာ နံမည်တူနေတာရှိခဲ့ရင် နောက်နံမည်တစ်ခု ပြန်ရွေးရပါလိမ့်မယ်.. Create လုပ်တာ အောင်မြင်သွားပြီဆိုရင် ကိုယ့်အီးမေလ်းထဲကို မေလ်းတစ်စောင် ရောက်လာပါမယ်.. ရောက်လာမဲ့ မေလ်းထဲက လင့်ကလေးကနေ ခုနက ကိုယ်ရွေးခဲ့တဲ့ Login name နဲ့ Password ကိုသုံးပြီး ပြန်ဝင်ပါ.. ၀င်ပြီးရင်တော့  စီဘောက်အတွက် Code များကို ရရှိပါပြီ..


 


 


 


 


 


အဲဒီ လေးထောင့် ဘောက်ထဲက Code အားလုံးကို Ctrl+c  ကော်ပီလုပ်ရပါမယ်… အဲဒီ Code တွေကို ဘလော့ထဲမှာ သွားထည့်ဖို့ အတွက် Appearance အောက်နားက Plugins ပြီးတော့ Installed ကို ရွေးပါ။


 


 


 


 


 


အဲဒီမှာ ရှိနေတဲ့Plugin တွေကို Acitvate လုပ်ရပါမယ်.. Plugin တွေအားလုံး သူ့ဟာနဲ့သူ အသုံးဝင်နေပါတယ်..ဒါကိုတော့ တစ်ဖြေးဖြေးနဲ့ လေ့လာရင် ဘယ် Plugin က ဘာအတွက် ဆိုတာ နားလည် သွားပါလိမ့်မယ်.. ခုလောလောဆည်တော့ C Box  နဲ့ Visitor Count ထည့်နိုင်ဖို့အတွက် HTML-Javascript Adder,  Unfiltered MU plugin နဲ့   Widgetize Any HTML တို့ကို ရှာပြီး  Activate လုပ်ပေးပါ။


 


 


  


 


ပြီးသွားရင် Appearance အောက်က Widgets ထဲပြန်ဝင်ပေးပါ။ Widgets ထဲရောက်တဲ့ အခါမှာ အသစ်ရောက်နေပြီ ဖြစ်တဲ့ HTML-Javascript Adder နဲ့   Widgetize Any HTML  ကို တွေ့ရပါလိမ့်မယ်..  အဲဒီ၂ခုကိုလဲ Side Bar1 အောက်ကို ဆွဲခေါ်ပြီး သွားထားရပါမယ်.. ခုနက ရထားတဲ့ စီဘောက်ရဲ့ ကုတ်တွေကို Ctrl+c နဲ့ ကူးယူလာပြီး  HTML-Javascript Adder  ထဲကို Ctrl+ v နဲ့ သွားကူးထည့်ပါမယ်....


 


 


 



 


Title မှာ နှစ်သက်ရာရေးပါ.. စကားသံလေးချန်ခဲ့ပါ.. ရင်ထဲရှိတာ ပြောခဲ့ပါ စသဖြင့် ပေါ့နော်.. ပြီးရင်တော့ Save လုပ်လိုက်ပါ။ close လေးနဲ့ ပြန်သိမ်းလိုက်ပေါ့နော်… စီဘောက်ဖွင့်တုန်းက သုံးခဲ့တဲ့ Login name နဲ့ Password ကို သေချာသိမ်းထားဖို့ လိုပါလိမ့်မယ်.. ဘာလို့လဲ ဆိုတော့ ကိုယ့်ရဲ့စီဘောက်ထဲမှာ မတော်တရော် အများတကာ မြင်ဖို့ မတင့်တော်တဲ့ စာလုံးများကို မသမာသူ တစ်ယောက်ယောက် လာရေးထားခဲ့ရင် ဒီlogin name နဲ့ password ကို သုံးပြီး ပြန်ဖျက်မှ ရမှာမို့ပါ.. ခုတစ်လော စီဘောက်တွေမှာ ခုလို မတော်တရော်ကိစ္စမျိုး မကြာခန ဖြစ်နေကြတာ တွေ့ရတဲ့အတွက် ဒီနေရာကနေ ကြိုပြီး အသိပေးထားတာ ဖြစ်ပါတယ်.. သေသေချာချာ သိမ်းဆည်းထားပေးပါ။ ပြီးသွားရင် ဘလော့ပေါ်မှာ မြင်ရမဲ့ စီဘောက်က အောက်က ပုံလေးအတိုင်းပါ။


 


 


 


 


 


နောက်တစ်ခုက ကိုယ့်ဘလော့ကို ဘယ်နိုင်ငံက လူတွေလာကြည့်ကြတယ်ဆိုတဲ့ Visitor Count ပါဘဲ… ဘလော့ထဲကို အဲဒီ Flag Counter လေးထည့်ဖို့အတွက် http://flagcounter.com/  ထဲကို ၀င်ရပါမယ်… ပြီးသွားရင် Create your free flag counter မှာ ဘယ်နှနိုင်ငံလောက် ပြမယ် ကော်လံဘယ်နှခုထည့်မယ် ဘယ်အရောင် ရွေးမယ်ဆိုတာတွေရှိပါတယ်..


 


 


 


 


 


ကိုယ့်စိတ်ကြိုက်ပြင်လို့ရပါတယ်.. ပြီးသွားရင် Get Your Flag Counter ဆိုတဲ့ လိမ္မော်ရောင်လေးကို နှိပ်ပါမယ်.. ဟော တွေ့ပါပြီ HTML Code တွေ … အောက်က ပုံလေးအတိုင်းပါ။


 


 


 


 


 


အဲဒီက Code for website ဆိုတဲ့ အပေါ်က ကုတ်တွေကို ကော်ပီလုပ်ပါမယ်.. ပြီးသွားရင် ကိုယ့်ဘလော့ Widgets ထဲက ညာဘက်ခြမ်း Side Bar 1 အောက်ကို ဆွဲခေါ်ထားတဲ့  Widgetize Any HTML ထဲကို သွားထည့် လိုက်ပါမယ်.. ပုံမှာပြထားသလိုပါဘဲ.. ပြီးရင် Save လုပ်ပေါ့နော်...


 


 


 


 


 


ပြီးရင် ကိုယ့်ဘလော့မှာ လက်ရှိလူဘယ်နှဦး စာဖတ်နေတယ် ဆိုတာ သိအောင်လုပ်တဲ့ လည်နေတဲ့ ကမ္ဘာလုံးလေး လည်ပြနေတဲ့  User Online ကို ထည့်မယ်ဆိုရင် http://www.99counters.com/ ကို သွားပါ။  Sign Up လုပ်ရပါမယ်.. အီးမေလ်းနဲ့ ပါစ်ဝပ်ဖြည့်ရပါမယ်.. အရင်က အကောင့် ဖွင့်ထားခဲ့ဖူးလို့ အီးမေလ်းလိပ်စာ တူနေရင် မရပါဘူး.. Sign up လုပ်လို့ အောင်မြင်သွားရင် ဒီလိုပုံထဲကိုရောက်သွားပါပြီ။


 


 


 


 


 


အဲဒီမှာ နောက်ခံအရောင်ရွေးပါ။ Counter Name မှာ ပေးလိုတဲ့ နံမည်ကို မြန်မာလို ဖြည့်ချင်ရင် ဖြည့်ပါ။ အချိန်နေရာမှာ မြန်မာစံတော်ချိန် ထားမယ်ဆိုရင် Yangon ကို ရွေးပါ။


 


 


 


 


 


Counter ကို အများမြင်သာအောင် ပြထားမှာ ဖြစ်လို့   Public Traffic Stats ကို ရွေးပါမယ်.. ပြီးသွားရင်တော့ Save လုပ်ပါမယ်.. ပြီးသွားရင် ခုနလိုဘဲ Code တွေ ရလာပါမယ်.. ဒုတိယ အကွက်ထဲက ကုတ်တွေကို ကော်ပီ ကူးယူပါမယ်..


 


 


 



 


ရလာတဲ့ Code တွေကို ထည့်ဖို့ Widgets ထဲက  Text တစ်ခုကို  Side Bar 1 ထဲကို ရွေ့ပါမယ်..ရောက်သွားရင်တော့ ခုနက ရထားတဲ့ Code တွေကို ထည့်လိုက်ပါမယ်. ပြီးရင် Save လုပ်ကြည့်ပါ။


 


 


 


ူ 


 


ဘလော့ပေါ်မှာ အောက်က ပုံလေးနဲ့ တွေ့ရပါလိမ့်မယ်... ဒါဆိုရင် ဘလော့တစ်ခုရဲ့ အင်္ဂါရပ်တွေ စုံလင်သလောက်တော့ ရှိပါပြီ..


 


 


 


 


 


နောက်တစ်ခု အခြားဘလော့များဆီ အလွယ်တကူသွားဖို့ လင့်ချိတ်ပါမယ်.. Dashboard အောက်က Link  ကို ကလစ်လုပ်ပါမယ်.. ပြီးတော့ Add New ကို ရွေးပါ..


 


 


 


 


Name ဆိုတဲ့ နေရာမှာတော့ ကိုယ်ချိတ်မဲ့ ဘလော့နံမည်ဖြည့်ပါမယ်.. ဥပမာ အစိမ်းရောင်လွင်ပြင် လိုမျိုးပါ..   Web Address နေရာမှာတော့ ဘလော့လိပ်စာ ဖြည့်ပါမယ်.. ကျွန်မရဲ့ဘလော့ လိပ်စာက http://missgreenlady.mylovecafe.net/   ဖြစ်လို့ အဲဒါလေးကို ထည့်လိုက် ပါတယ်.. 


 


 


 


 


 


ပြီးရင် လင့်တွေကို ဘယ်လို ခေါင်းစဉ်အောက်မှာ ထားမလဲ.. Add New Category ကို ကလစ်လုပ်ပြီး ကွက်လပ်ထဲမှာ ကျွန်မက ဖတ်စရာဘလော့စာမျက်နှာလို့ ဖြည့်လိုက်ပါတယ်.. Add လုပ်လိုက်တော့ Categories ထဲကို ရောက်သွားပါပြီ..


 


 


 


 


 


နောက် ကိုယ်လင့်ချိတ်ထားတဲ့ဘလော့ကို ကလစ်လုပ်လိုက်တာနဲ့ နောက် ၀င်းဒိုးအသစ်နဲ့ ပေါ်စေချင်ရင် Target အောက်မှာရှိတဲ့ Option ၃မျိုးထဲ Blank- new window or tab  ကို ရွေးထားရပါမယ်..


 



 


ဒါဆို အခြားသူများ၏ ဘလော့ကို ကလစ် လုပ်လိုက်သော်လည်း ကိုယ့်ဘလော့က ပွင့်မြဲကျန်ခဲ့မှာဖြစ်ပါတယ်.. နောက်ဘလော့တစ်ခုက ၀င်းဒိုးအသစ်နဲ့ သီးသန့် ပွင့်သွားမှာ ဖြစ်ပါတယ်.. ပြီးသွားရင် ညာဘက်မှာရှိတဲ့ Add Link ဆိုတာကို နှိပ်လိုက်လို့ရပါပြီ..


 


 


 


 


နောက်ထပ်လင့်တွေထပ်ထည့်မယ်ဆိုရင် နံမည်ဖြည့်မယ်.. လင့် လိပ်စာထည့်မယ် ဘယ်ခေါင်းစဉ်အောက်မှာထားမယ်ဆိုတာ ရွေးမယ် new window or tab ကိုရွေးမယ်..ပြီးရင် Add Link လုပ်လိုက်ယုံပါဘဲ.. ဒါဆိုရင် ဘလော့စာမျက်နှာပေါ်မှာ အင်္ဂါရပ် အစုံအလင်ရှိတဲ့ ဘလော့လေးတစ်ခု ရလာပါပြီ..


 


 


 


 


ဒီလောက်ဆိုရင် ဘလော့တစ်ခုကောင်းကောင်း တည်ဆောက်ဖို့ အခြေခံအချက်များ အားလုံးနဲ့ ဘလော့တစ်ခုမှာ ရှိသင့်တဲ့ အင်္ဂါရပ်များလည်း အားလုံး မဟုတ်တောင် စုံသလောက်တော့ ရှိပါပြီ... တတ်နိုင်သလောက်တော့ စဉ်းစားပြီး ပြည့်စုံအောင် ရေးထားပါတယ်.. လိုအပ်ချက်၊ မှားယွင်းချက်များ ရှိခဲ့ရင်တော့ ကျွန်မရဲ့ အားနည်းချက်ကြောင့်သာ ဖြစ်ပါတယ်.. ကိုယ်လုပ်တတ်သလောက်သာ ရေးထားတာ ဖြစ်ပါတယ်.. ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက်တော့ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြဖို့ တောင်းပန်ပါတယ်.. လုပ်နေရင်းနဲ့ အဆင်မပြေတာများ ရှိခဲ့ရင် အီမေလ်းနဲ့ မေးလို့ရပါတယ်.. တတ်နိုင် သလောက်တော့ ပြန်ကြားပေးပါမယ်.. ကူညီပေးပါမယ်ရှင်..


 


ဒီပိုစ့်လေးကို ရေးဖို့ အကူအညီပေးတဲ့ Mylovecafe Admin AMT ကို အထူး ကျေးဇူး တင်ရှိပါတယ်ရှင်...


အားလုံးဘဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်..


 


ချော(အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

ကော်ဖီဆိုင်လေး ဖွင့်ရအောင် (၂)

Thursday, March 18, 2010

 



 


 


ကိုယ်တင်လိုက်တဲ့ပိုစ့်မှာ အမှားပါသွားလို့ ပြင်မယ်.. ဒါမှမဟုတ် စိတ်ကြိုက်မဖြစ်လို့ ပြန်ပြင်မယ် ဆိုရင် တင်လိုက်တဲ့ ပိုစ့်ရဲ့ အောက်ခြေ သို့မဟုတ် အပေါ်မှာ Edit ဆိုတာ ပါပါတယ်.. အဲဒါလေးကို နှိပ်လိုက်ရင် Dashboard ထဲ ပြန်ရောက်ပြီး ပြင်လို့ရပါပြီ.. မဟုတ်လဲ Dashboard ထဲမှာ ကိုယ်ကရောက်နေတယ်ဆိုရင် ဘယ်ဘက်ခြမ်းက တန်းစီနေတဲ့ Dashboard ရဲ့အောက်ကမှ Posts ကိုရွေးပါ..  ပြီးသွားရင် Edit ကို ကလစ်လုပ်ပါ.. ဒါဆိုရင် ကိုယ်တင်ထားတဲ့ပိုစ့်ကို စိတ်ကြိုက်ပြန်ပြင်လို့ရပါပြီ…


 



 


 


 



 


 


ကိုယ့်ရဲ့ ပိုစ့်ကို အမျိုးအစားအလိုက် ခေါင်းစဉ်ခွဲတွေရဲ့အောက်မှာ ထားရပါဦးမယ်.. ဥပမာ ၀တ္ထုဆို ၀တ္ထုအမျိုးအစား၊ ကဗျာ၊ ရသစာစု၊ ဆောင်းပါး စသဖြင့် ကဏ္ဍအလိုက် Categories ခွဲခြားဖို့ဆိုရင် အခု ပိုစ့်ကိုပြင်နေတဲ့ နေရာရဲ့ ညာဘက်နားမှာ Categories ဆိုတာ တွေ့ရပါလိမ့်မယ်.. အခုလက်ရှိတော့ ဘာမှ မခွဲရသေးတဲ့အတွက် Uncategories ဆိုတာကို တွေ့ရပါလိမ့်မယ်.. အဲဒီအောက်နားက အပြာရောင်စာသားနဲ့ + Add New category  ကို တွေ့ရင် ကလစ်လုပ်ပါ..


 



 


ကလစ်လုပ်လိုက်ရင် သူ့အောက်မှာ လေးထောင့်ကွက်လေးပေါ်လာပါမယ်.. ကိုယ်လိုချင်တဲ့ Category နံမည်ရိုက်ထည့်ပါ.. ဆောင်းပါး၊ ၀တ္ထု စသဖြင့် တစ်ခုခုပေါ့နော်.. ပြီးသွားရင် Add ဆိုတာလေးကို ကလစ်လုပ်လိုက်ရင် ကိုယ်ရေးလိုက်တဲ့ Category လေးက အပေါ်က Categories အောက်ကိုရောက်သွားပါပြီ.. အမှန်ခြစ်လေးကို ကိုယ်လိုချင်တဲ့ Category ကိုဘဲ ပေးလိုက်ပါ..


 


 



 


အားလုံးပြီးသွားတဲ့အခါ Update ဆိုတဲ့ အပြာရောင်ကွက်လေးကို ကလစ်လုပ်ပါ.. ဒါဆိုရင် ပိုစ့်တစ်ခုလုံး ပြင်ပြီးသွားပါပြီ…  အမျိုးအစားလဲခွဲပြီးသွားပါပြီ.. ဘလော့စာမျက်နှာပေါ်မှာ သွားကြည့်မယ်ဆိုရင် ခုလို မြင်ရမှာပါ…


 



 


ကိုယ်ရွေးခဲ့တဲ့ ဘလော့ရဲ့နံမည်ကို မကြိုက်တော့လို့ဖြစ်စေ.. အဆင်မပြေလို့ဖြစ်စေ ပြန်ပြောင်းချင်တယ် ဆိုရင်( ဥပမာ အစိမ်းရောင်လွင်ပြင် ကို ပြောင်းမယ် ဆိုပါစို့နော်)  Dashboard ဘယ်ခြမ်းအောက်ဆုံးနားမှာ Settings ကိုရှာပါ ကလစ်လုပ် General ကိုရွေးပါ.. ပြီးသွားရင် အဲဒီ General Settings ထဲမှာ Blog Title, Tag Line တို့မှာ ၀င်ပြင်ပါ.. အခု ကျွန်မက ဘလော့နံမည်ကို ခရမ်းပြာလွင်ပြင် လို့ပြောင်းလိုက်ပါမယ်..  အောက်က Tag Line ထဲမှာ Just another My Lovecafe weblog စာတွေကို ဖျက်ပြီးတော့ ကိုယ်နှစ်သက်ရာ စာလုံးလေးများ ရေးထည့်လို့ရပါတယ်.. ကျွန်မက  “ မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင်.. ” လို့ ပြောင်းလိုက်ပါတယ်…  E-mail address ကိုတော့ အရင် ပေးထားတဲ့ လိပ်စာအတိုင်းတွေ့ရပါလိမ့်မယ်.. နောက် တစ်ခု ပြောင်းချင်တယ်ဆိုရင်တော့ တစ်ခြား E-mail address ပြန်ပြောင်းထည့်လို့ရပါတယ်..


 


 



 


ပြီးသွားရင်  အောက်ဆုံးမှာ အပြာရောင် လေးထောင့်ကွက်နဲ့ Save Changes ကို တွေ့ပါမယ် .. ကလစ်လုပ်ပါ.. setting saved ဖြစ်ပြီးသွားရင် ကိုယ့်ဘလော့လေး ပြောင်းသွားပါပြီ.. အပေါ်မှာလဲ ခရမ်းပြာလွင်ပြင်လို့ မြန်မာလိုတွေ့နေရပါပြီ.. အဲဒီခရမ်းပြာလွင်ပြင်လေးကို ကလစ်လုပ်ပြီး ဘလော့စာမျက်နှာပေါ် မြင်ရမဲ့ ကိုယ့်ဘလော့ကို ပြန်ကြည့်ရအောင်.. အပေါ်မှာ ၀ိုင်းပြထားသလိုပါဘဲ ခရမ်းပြာလွင်ပြင်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ရှင်လို့ ပြောင်းသွားပါပြီ. Theme ကိုတော့ ကိုယ်ရွေးချယ်တဲ့ ဘလော့နံမည်နဲ့ လိုက်ဖက်တဲ့ Theme ကို စိတ်ကြိုက် ရွေးချယ်ပါ...


 



 


ဘလော့ရဲ့ Password က E-mail ကနေ ပို့ထားတဲ့ အတိုင်းဖြစ်နေတယ်.. မှတ်ရခက်နေတယ်.. ကိုယ့်စိတ်ကြိုက် Password ပြောင်းကြရအောင်.. ထုံးစံအတိုင်း ဘယ်ဘက်ခြမ်းမှာ Appearance, Plugins တို့အောက်မှာ  Users ဆိုတာ တွေ့ရင် ကလစ်လုပ်ပါမယ်.. ကျလာတဲ့ထဲက Your Proflie ကိုရွေးပါ..


 



 


Profile ထဲမှာ ပြင်လို့ရပါပြီ.. user name နေရာမှာ ကိုယ်ပေးခဲ့တဲ့ login ၀င်တဲ့နံမည် တစ်ခုခုကိုတွေ့ပါလိမ့်မယ်.. ဒါကိုတော့ ပြောင်းလို့ မရတော့ပါဘူး.. ဒါပေမဲ့ ပိုစ့်တစ်ပုဒ်တင်တိုင်း တင်တဲ့သူဖြစ်တဲ့ ကိုယ့်နံမည်လေးကို မြန်မာလိုပေါ်ချင်တယ်ဆိုရင် Nickname (required) မှာ ကိုယ်ပေါ်စေလိုတဲ့ မြန်မာ နံမည်လေး ရိုက်ထည့်ပါ.. ကျွန်မက ချော လို့ ပြင်လိုက်ပါတယ်.. ပြီးတော့ သူ့အောက်က Display name publicly as မှာ အပေါ်က ရေးခဲ့တဲ့ ချောဆိုတဲ့ မြန်မာလိုစာလုံးကို ရွေးလိုက်ပါတယ်.. Contact Information တို့ About Yourself တို့မှာ ကိုယ့်အကြောင်းကို ကြိုက်နှစ်သက်သလို ဖြည့်လို့ ရပါတယ်.. အောက်ဆုံးနားမှာတော့ new password ဆိုတာ ရှိပါမယ်.. အဲဒီမှာ ကိုယ့် Password အသစ်ကို ဖြညိ့ပါ..၂ခုလုံးမှာ ဖြည့်ပြီးသွားရင်တော့ Update Profile ကို နှိပ်လိုက်ရုံပါဘဲ.. ဒါဆိုရင် ကိုယ့်ရဲ့ profile လေးက ပြည့်စုံသွားပါပြီ.. password လဲ စိတ်ကြိုက်ပြောင်းပြီးသွားပါပြီ..


 



 


ကိုယ့်ဘလော့ကို တစ်မျက်နှာမှာ ၁၀ပုဒ်ပေါ်အောင်ထားမလား၊ ၅ပုဒ်ဘဲထားမလားဆိုတာ ရှိပါတယ်.. ၁၀ပုဒ်ထားရင်တော့ စာမျက်နှာလဲရှည်တယ်.. တစ်မျက်နှာ အပြည့် မြင်ရဖို့အတွက် အချိန်လဲကြာပါတယ်.. ဒီတော့ တစ်မျက်နှာကို ၅ပုဒ်လောက် ထားတာက အကောင်းဆုံးပါ.. အဲဒါကိုတော့ Setting ရဲ့ အောက်က Reading မှာ ၀င်ပြင်ပါမယ်.. blog pages show at most မှာ ၁၀ ဖြစ်နေတာကို ၅ လို့ရွေးလိုက်ပါ.. ပြီးရင်တော့ Save Changes ကို နှိပ်ပါ.. ဒါဆိုရင် ကိုယ်ရေးထားသမျှပို့စ်တွေဟာ တစ်မျက်နှာကို ၅ပုဒ်နှုန်းနဲ့ ဖတ်လို့ရအောင် လုပ်ပြီးသွားပါပြီ..


 


 


 


ကိုယ့်ရဲ့ပိုစ့်တွေကို လာဖတ်သူများ Comment ပေးနိုင်အောင် စီစဉ်ပေးရပါဦးမယ်.. ဒါကိုတော့ Settings အောက်ကဘဲ Discussion မှာ ၀င်ပြင်ပါမယ်..


 



 


comment တွေကို သင်ကိုယ်တိုင် စစ်ဆေးကြည့်ရှုပြီးလို့ သဘောတူပြီဆိုမှ Approve လုပ်ပြီး ပေါ်စေချင်သလား.. ဒါမှမဟုတ် ရေးပြီးတာနဲ့ သူ့အလိုလို ပေါ်အောင် လုပ်ထားမလား.. ဘယ်လိုဘဲဖြစ်ဖြစ်ရပါတယ်.. Discussion Setting အောက်မှာ ရောက်ပြီဆိုရင် တွေ့ပါလိမ့်မယ် comment ရေးသူတွေကို နံမည်နဲ့ အီးမေလ်းလိပ်စာဖြည့်ခိုင်းမလား ဒီထဲမှာ စာတွေဖတ်ပြီး ကိုယ့်စိတ်ကြိုက်ပြင်ပါ.. Comment ကို အလိုလိုပေါ်လာစေချင်ရင်တော့ A comment is held for moderation က မှန်ခြစ်လေးကို ဖြုတ်လိုက်ပါ.. Anyone posts a comment ကိုတော့ ထားထားရပါမယ် ဒါမှ လူတိုင်း comment ပေးလို့ရမှာပါ.. Before a comment appears မှာ ကိုယ်က သဘောတူမှ comment ပေါ်ချင်တယ်ဆိုရင် ပထမ An administrator must always approve the comment ကို ရွေးထားရပါမယ် အောက်တစ်ခုကတော့ ပထမဆုံး comment တွေကို Blog ပိုင်ရင်က Approve လုပ်ပေးမှ နောက် comment တွေ လုပ်စရာမလိုတော့ပါဘူး.. သူကတော့ comment ပေးတဲ့သူ အသစ်မှန်သမျှ ပိုင်ရှင်က Approve လုပ်ပေးမှ ပေါ်ပါလိမ့်မယ်.. ကျွန်မတို့ကတော့ ၂ခုလုံးကို ဖြုတ်ထားပါတယ်.. လူတိုင်းကို  လွတ်လပ်စွာ comment ပေးခွင့်ပြုထားပါတယ်.. အောက်ဆုံးမှာတော့ Comment လာပေးသူတွေရဲ့ နံမည်ဘေးမှာ ဘယ်လို အရုပ်ပုံလေးတွေနဲ့ ပေါ်စေချင်သလဲဆိုတာလေးပါ.. နှစ်သက်ရာကို ရွေးချယ်လိုက်ပါ.. အားလုံးပြီးသွားရင် Save Changes ပေါ့နော်..


 


နောက်ထပ်သိချင်တာများရှိခဲ့ရင် Mylovecafe  ရဲ့ Help and Support (ဒီနေရာလေး) မှာ အသေးစိတ်ဖော်ပြထားတာမို့ သွားဖတ်လို့ရသလို မေးချင်တာများကိုလဲ မေးခဲ့နိုင်ပါတယ်.. Cafe ရဲ့ Admin က ပြန်လည် ဖြေကြားပေးပါလိမ့်မယ်ရှင်.. ဒီရက်ပိုင်း အလုပ်အနည်းငယ်များတဲ့အတွက် ပိုစ့်တင်တာ ကြာသွားပါတယ်.. ခွင့်လွှတ်ကြပါနော်.. နောက်ရက်တွေမှာ လိုအပ်တာလေးတွေ ထပ်ဖြည့်ပြီး ပြည့်စုံအောင် ဆက်ရေးသွားပါမယ်.. ပုံတွေကို ကြည့်ရတာ သဲသဲကွဲကွဲ မမြင်ရဘူးဆိုရင် တစ်ပုံချင်းစီကို ကလစ်လုပ်ပြီး အကြီးချဲ့ကြည့်လို့ ရပါတယ်.. 


 


အားလုံးဘဲ အဆင်ပြေပျော်ရွှင်ကြပါစေရှင်.......


 


 


ချော(အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...

ကော်ဖီဆိုင်လေး ဖွင့်ရအောင် (၁)

Sunday, March 14, 2010

 



 


http://mylovecafe.com/


 


 


ကျွန်မတို့ အသုံးပြုပြီး စာတွေရေးနေတဲ့ My Love Cafe မှာ ဘလော့လုပ်နည်းကို  ကော်ဖီဆိုင်လေး ဖွင့်ရအောင် ” ဆိုတဲ့ နံမည်နဲ့ အရင်ကထက် ပြည့်စုံအောင် ကြိုးစားပြီး  အဆင့်လိုက် ပြန်ရေးပါဦးမယ်ရှင်.. ဘာလို့လဲ ဆိုတော့ အရင်က ကျွန်မရေးထားတဲ့ ကိုယ်ပိုင်ဘလောဂ့် ရေးချင်သူများအတွက် ဆိုတာကို ဖတ်ပြီး ဘလောဂ့်တစ်ခု အကြမ်းတော့ ရပါပြီ.. နောက်ထပ်ပြည့်စုံအောင် ဘာတွေ ဆက်လုပ်ရမလဲ.. လင့်တွေ ဘယ်လိုထည့်ရမလဲ.. ဧည့်ကောင်တာတွေ၊ စီဘောက်တွေ ဘယ်မှာ ဖြည့်မလဲ စသဖြင့် ကျွန်မကို ဂျီတော့ ကနေရော၊ အီးမေလ်းကနေပါ မကြာခန မေးလာကြတော့ အားလုံးကို တစ်ပြိုင်တည်း ဖြေပြီးသားလဲ ဖြစ်အောင်၊ နောက်ထပ် ဘလော့လုပ်ချင်သူ၊ စာရေးချင်သူများလဲ အဆင်ပြေသွားအောင်၊ မသိသေးသူများလဲ သိသွားရအောင် ဒီနေရာကနေ  ပိုစ့်အသစ် ထပ်ရေးပါမယ်.. အရင်က ရေးတဲ့ပိုစ့်မှာ ဘလောဂ့် အကြမ်းလေးတစ်ခု ရရုံလောက်သာ ရေးခဲ့တာ ဖြစ်တဲ့အတွက်  မပြည့်မစုံဖြစ်ခဲ့ပါတယ်.. ဒီတစ်ခေါက်တော့ အတတ်နိုင်ဆုံးတော့ အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပြီး ရေးပါမယ်.. ရေးမဲ့အကြောင်းအရာ များတဲ့အတွက် တစ်ခါတည်း ပြီးဖို့ မလွယ်တာကြောင့် ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်နော်...


 


 



 


မြန်မာပြည်မှာ ဖရီးသုံးလို့ ရနေတဲ့ ကျော်ခွစရာမလိုတဲ့ http://mylovecafe.com/ မှာ ဘလော့တစ်ခုကို အလွယ်တကူ ရယူနိုင်ပါတယ်..  Mylovecafe ကို ဘယ်နိုင်ငံမှာ ရောက်နေသူဘဲ ဖြစ်ဖြစ် အလွယ်တကူ သုံးစွဲလို့ရသလို၊ စာရေးချင်သူများ မည်သူမဆို Account တစ်ခု အလွယ်တကူ ယူလို့ရပါတယ်.. အဲဒီ My Love Cafe ကိုရောက်တဲ့ အခါ Sign Up Now ကိုတွေ့အောင်ရှာပါ.. Sign Up Now ကို နှိပ်လိုက်ရင် User Name နဲ့ E mail Address ရိုက်ရမဲ့နေရာကို ရောက်ပါလိမ့်မယ်… User Name မှာ နံမည်တူရှိနေခဲ့ရင် မရပါဘူး.. ကိုယ်အမြဲ Login လုပ်ရမဲ့ နံမည်ဖြစ်တာရယ်.. ဘလောဂ့်ရဲ့ Domain နံမည် ဖြစ်လာမှာရယ်ကြောင့် သေချာ စဉ်းစားရွေးချယ်သင့်ပါတယ်.. User Name ကို မြန်မာလို ရေးလို့ မရပါဘူး.. အင်္ဂလိပ် စာလုံးတွေသာ ဖြစ်ရပါမယ်.. User Name ရေးပြီးသွားရင် အောက်မှာ E-mail address ကိုဖြည့်ပါ. ပြီးသွားရင် အောက်က list မှာ တွေ့ရတဲ့ Gimme a blog! ကို ရွေးပါ. Next ကို သွားပါ။


 



 


ဘလောဂ့်ဒိုမိန်းကို ခုနက ရေးလိုက်တဲ့ User Name နဲ့တွေ့ရပါလိမ့်မယ်.. ဥပမာ User Nmae က  Green ဖြစ်ခဲ့မယ်ဆိုရင် ဘလော့ဒိုမိန်းက  green.mylovecafe.com ဖြစ်နေပါလိမ့်မယ်.. အောက်က အကွက်လေးမှာတော့ နှစ်သက်ရာ ဘလောဂ့်နံမည်ကို မြန်မာလိုသော်လည်းကောင်း အင်္ဂလိပ်လို သော်လည်ကောင်း ရေးလို့ရပါပြီ.. ကျွန်မကတော့ အစိမ်းရောင်လွင်ပြင်လို့ ရွေးပါတယ်..


 



 


ပြီးရင် အောက်မှာ ကိုယ့်ဘလော့ကို search engine တွေမှာ လူတိုင်းရှာနိုင်အောင် Yes ကို ရွေးပါ.. နောက် Sign Up ကို ဆက်သွားပါ. Sign Up လုပ်တာ အောင်မြင်သွားပြီဆိုရင်တော့ Congratulations! Your new blog, ------------------  is almost ready. ဆိုပြီး တွေ့ရပါလိမ့်မယ်… ပြီးရင် ကိုယ့်ဂျီမေလ်းထဲမှာ ရောက်လာမဲ့ Activation Link ပါတဲ့မေလ်းကို စောင့်ပါ..


 


MyLove café က လာမဲ့ မေလ်းသည် Inbox ထဲမှာ မ၀င်ဘဲ Spam ထဲကို ရောက်မှာဖြစ်လို့ သေသေချာချာ ကြည့်ဖို့တော့လိုပါမယ်. Spam Mail ထဲမှာ တွေ့ပြီဆိုရင် To activate your blog, please click the following link: ဆိုတဲ့ စာတန်းအောက်က လင်ခ့်ကလေးကို ကလစ်လုပ်လိုက်ပါ.. ဒါဆိုရင် Activation လုပ်ပြီး ဖြစ်သွားပါပြီ..  ဒီနောက်မှာတော့ Spam  ထဲကို နောက်ထပ် မေလ်းတစ်စောင် ထပ်ရောက်လာမှာပါ.. အဲဒီမေလ်းထဲမှာ login ၀င်ဖို့ လင့်ခ်တစ်ခုရယ် user name နဲ့ password ရယ် ပါပါလိမ့်မယ်… လင်ခ့်ကိုကလစ်လုပ်လိုက်တဲ့အခါ ဒီပုံလေးနဲ့ ဘလောဂ့်ထဲကို ၀င်ဖို့ User Name နဲ့ Password တောင်းတဲ့နေရာရောက်ပါပြီ.


 



 


အီးမေလ်းထဲမှာ ပါတဲ့ User Name နဲ့ Password ကို သုံးပြီး ၀င်လိုက်တာနဲ့ ကိုယ့် blog ရဲ့  Dashboard ထဲကို ရောက်သွားပါမယ်..  ဒီလိုပုံလေးနဲ့ပါ.. ပိုစ့်တွေ စာတွေကို ဒီ Dashboard ထဲမှာ ရေးရမှာ ဖြစ်ပါတယ်..


 



 


 စာမရေးသေးခင် ကိုယ့်ဘလော့အကြမ်းထည်လေးကိုမြင်ချင်ရင် အပေါ်နားလေးမှာ မြန်မာလိုဖြစ်ဖြစ် ပေါ်နေတဲ့ ကိုယ့်ဘလော့နံမည်လေးကို (အစိမ်းရောင်လွင်ပြင်)  နှိပ်ကြည့်လိုက်ပါ.. ဒါဆိုရင် ဘလော့အကြမ်းထည်လေးကို ခုလို မြင်ရပါလိမ့်မယ်..


 



 


Hello World ဆိုတဲ့ ပိုစ့်လေးတစ်ခုပါ ပါနေတဲ့ အကြမ်းထည်လေးတစ်ခုပါ..  Hello World ဆိုတဲ့ ပိုစ့်က Auto ထည့်ထားပေးတဲ့ နမူနာပိုစ့်လေးပါ..  အောက်မှာ Comment တစ်ခုပါ နမူနာ ပါပါသေးတယ်.. ဒီပိုစ့်ကိုတော့မလိုအပ်တဲ့အတွက် ဖြုတ်ပစ်လိုက်လို့ ရပါတယ်.. ပြီးတော့ ဒီ ဘက်ဂရောင်း Theme လေးက မလှဘူးနော်.. ရိုးလွန်းနေတယ်.. ဒီတော့ သူများတွေလို Theme လှလှလေး လိုချင်သလား.. ရပါတယ်.. လုပ်ကြည့်တာ ပေါ့နော်… ခုနက စ၀င်ဝင်ချင်း ရောက်ခဲ့တဲ့ Dashboard ကို ပြန်သွားကြစို့လား.. ဘယ်လိုသွားမလဲ Post မှာပါတဲ့ Edit ကို နှိပ်ချင်နှိပ်၊ မဟုတ်ရင် window ဘယ်ဘက် အပေါ်ဆုံးထောင့်က Back  ကို ပြန်နှိပ်ချင်နှိပ်ပါ.. ဒါဆိုရင် ဒီလိုပုံလေးထဲကို ရောက်သွားပါမယ်..


 



 


ခုနက ပိုစ့်လေးကို မလိုချင်တော့တဲ့အတွက် အနီရောင်လေးနဲ့ ရေးထားတဲ့ Move to Trash ထဲကို နှိပ်လိုက်ပါ. ဒါဆိုရင် ပိုစ့်ကလေးဟာ Trash ထဲရောက်သွားပြီး ဘလောဂ့်စာမျက်နှာပေါ်မှာ ရှိတော့မှာ မဟုတ်ပါဘူး..


 



 


နှစ်သက်ရာ Themes ကိုရွေးချယ်ဖို့အတွက်တော့ Dashboard ရဲ့ အောက်တည့်တည့် ဘယ်ဘက် အခြမ်းမှာ ထက်အောက် တန်းစီနေတဲ့ Post , Media, Link, Page, Comment စတာတွေကို တွေ့ရမှာပါ.. အဲဒီထဲမှာမှ Appearance ကို ကလစ်လုပ်တာနဲ့ Manage Themes ဆိုတဲ့ နေရာလေးမှာ Themes ရောင်စုံလေးတွေ အများကြီးတွေ့မှာဖြစ်ပါတယ်.. အားလုံး ၁၂မျက်နှာလောက် ပါတဲ့အတွက် အကြိုက်မတွေ့မချင်း ရွေးလို့ ရပါတယ်.. ပထမ စာမျက်နှာက Themes မကြိုက်ရင် နောက်ထပ် စာမျက်နှာ၂  ၃ စသဖြင့် အဲဒီမှာတွေ ရှာလို့ရပါတယ်.. ကြိုက်တဲ့ Themes ကိုတွေ့ပြီဆိုရင်တော့  Themes တစ်ခုချင်းစီရဲ့ အောက်နားလေးမှာ Activate နဲ့ Preview ဆိုတာ ရှိပါတယ်… Preview  ကို ကလစ်လုပ်ရင် မပြောင်းခင် ကြိုပြီး ကြည့်လို့ ရပါတယ်.. Activate  ကတော့ တကယ် ပြောင်းမယ်ဆိုရင် နှိပ်ရမှာ ဖြစ်ပါတယ်.. စိတ်ကြိုက်တွေ့လို့ Activate လုပ်လိုက်ပြီးတဲ့အခါ ကိုယ်ရွေးတဲ့ Theme က အပေါ်ဆုံးကို ရောက်သွားပါပြီ…  ဘလောဂ့် မျက်နှာပေါ်မှာ ကြည့်ချင်တယ်ဆိုရင် ကိုယ့်ဘလော့ရဲ့ နံမည်( အစိမ်းရောင်လွင်ပြင်) ကို ပြန်နှိပ်ကြည့်ပါ.. ဒီပုံစံလေး ဖြစ်နေတာကို တွေ့ရမှာပါနော်…


 



 


စာတစ်ပုဒ်လောက် တင်ကြည့်ကြရအောင်လား.. ဘယ်လိုတင်ကြမလဲ.. Dashboard ကိုဘဲ ပြန်သွားပါမယ်.. window အပေါ်ဆုံးက ဘယ်ဘက်ထောင့်က  Back ဆိုတဲ့ မြှားလေးကိုဘဲ ပြန်သွားမယ်နော်. Dashboard ထဲပြန်ရောက်ပါပြီ.. ဒီတော့မှ Dashboard ဘယ်ဘက်အခြမ်းတွေအောက်မှာ Posts ကိုရှာပါ Posts ကို နှိပ်လိုက်ရင် အောက်မှာ ထပ်ကျလာမဲ့ထဲက Lists တွေ ရဲ့အောက်မှာမှ Add New  ကိုရှာပြီး ကလစ်လုပ်ပါ.. ပြီးသွားရင်တော့ ပိုစ့်အသစ်ရေးလို့ ရမဲ့ ဒီလိုနေရာလေးကို တွေ့မှာပါ…


 



 


 


Add New Post အောက်တည့်တည့်က အကွက်လေးထဲမှာ ပိုစ့်ရဲ့ ခေါင်းစဉ်လေးကို ဖြည့်ပါ.. ပြီးတော့ သူရဲ့အောက်မှာ  Add media, သူရဲ့အောက်မှာမှ B, I ဘားတန်းလေး ရှိပါတယ်… သူ့အောက်က ကွပ်လပ်အကျယ်ကြီးထဲမှာတော့ ကိုယ်ရေးလိုတဲ့ စာတွေကို ကူးထည့်ပါ.. မဟုတ်လဲ ရိုက်ထည့်ပါ…


 



 


စာရေးလို့ ပြီးသွားရင် B, I ဘားတန်းလေးရဲ့ အဆုံးနား ညာဘက်မှာ ရောင်စုံ အစက်လေးတွေနဲ့ လေးထောင့်ကွက် ရှိပါတယ်.. Visual ရဲ့ အောက်တည့်တည့်မှာပါ.. မတွေ့ရင် ဖြေးဖြေးရှာပါ.. မျက်စိရှင်ရှင်နဲ့ စေ့စေ့စပ်စပ်တော့ ကြည့်ဖို့လိုပါမယ်.. အဲဒီလေးထောင့်ကွက် ရောင်စုံလေးပေါ် ကာဆာတင်လိုက်ရင်  Show/Hide Kitchen Sink ( Alt+ Shift+Z) ဆိုတဲ့ စာလေးပေါ်နေပါတယ်.. အဲဒါလေးကို ဖိပြီး ကလစ်လုပ်ပါ.. ဒါဆိုရင် အောက်မှာ Paragraph  ဆိုတဲ့ စာသားနဲ့ စတဲ့ ဘားတန်းလေးတစ်ခု ထပ်ပေါ်လာပါတယ်…


 


 



 


အဲဒါတွေ အသုံးပြုပုံကတော့ Microsoft Word တို့ အသုံးပြုသလိုပါဘဲ…. စာလုံးလေးတွေကို အရောင်လေးတွေ ထည့်ချင်ရင် ထည့်မဲ့နေရာကို select မှတ်ပြီး A ကို နှိပ်ကာ ကြိုက်တဲ့အရောင်ကို ရွေးလိုက်ရင် စာလုံးလေးတွေ အရောင်လေးတွေနဲ့ တွေ့ရမှာပါ…


 


 



 


စာတွေကို အညီညှိချင်ရင် အတွင်းက စာကို Select လုပ်ပြီး U နဲ့ A ကြားက မျဉ်းပြတ်ကြောင်းလေးတွေပါတဲ့ လေးထောင့်ကွက်ကို ကလစ်လုပ်ရင် စာတွေ အညီ စီပြီးသွားပါပြီ.. အဲလို ညှိမထားရင် ပိုစ့်တင်တဲ့အခါ စာမျက်နှာပေါ်မှာ စာကြောင်းတွေ အတိုအရှည်မညီဘဲ ဖြစ်တတ်ပါတယ်.. ကြည့်လို့လဲ မလှပါဘူး.. ဒါကညှိပြီးတဲ့ပုံပါ..


 


 



 


 


ပိုစ့်ထဲမှာ ပုံလေးတစ်ပုံလောက် ထည့်ချင်တယ်ဆိုရင် ပုံထည့်ချင်တဲ့နေရာမှာ ကာဆာလေးကို ချပါ.. ပြီးရင် B I ဘားတန်းအပေါ်က Add Media ဘေးက လေးထောင့်ကွက်မဲ  Add an Image ကို နှိပ်လိုက်ပါက ဒီလိုလေးဖြစ်သွားပါမယ်..


 



 


အဲဒီကမှာ Select Files ကို နှိပ်လိုက်ရင် ကိုယ့်ကွန်ပျူတာထဲမှာ ရှိနေမဲ့ပုံထဲက တစ်ပုံပုံကို ရွေးချယ်လို့ရပါပြီ.. ရွေးပြီးလို့ Open လုပ်လိုက်ပြီးရင် ပုံက ရောက်သွားပါပြီ..


 



 


ရောက်သွားတဲ့ပုံလေးကို Post ပေါ်တင်ဖို့ အောက်နားမှာရှိတဲ့ Insert into Post ကို ရွေးလိုက်ပါ.. ပုံကလေးက ပိုစ့်ထဲ ခုလိုရောက်သွားရင် ညာဘက်အလယ်နားလေးမှာ Publish ဆိုတဲ့ အပြာရောင် လေးထောင့်ကွက် လေးကို ကလစ်လုပ်လို့ရပါပြီ…


 



 



 



 


ကလစ်လုပ်ပြီးသွားခဲ့ရင် ပိုစ့်ခေါင်းစဉ် ကော်ဖီဆိုင်လေးဖွင့်ရအောင် ရဲ့ အပေါ်နားမှာ  Post published. View Post ဆိုတာကို တွေ့ရမှာပါ.. အဲဒီက View Post ကို နှိပ်ကြည့်လိုက်ရင် ဒီလိုပုံစံလေးတွေနဲ့ ဘလောဂ့်ပေါ်မှာ ပုံလေးတွေနဲ့ တွေ့နိုင်ပါပြီ..


 



 


 


ခုတော့ ပိုစ့်ကို ဒီလောက်နဲ့ ရပ်ပါဦးမယ်… အရမ်းရှည်သွားခဲ့ရင် လိုက်လုပ်ရတာများပြီး မှတ်ရတာလဲ ခက်နေမယ်၊ ပိုစ့်ကလဲ အရှည်ကြီးဖြစ်နေမယ် စိုးတာကြောင့်ပါ.. နောက်ထပ် တစ်ဆင့်ချင်းစီ ထပ်ရေးပါဦးမယ်နော်.. အခုရေးထားသလောက်ကို လုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင် အီးမေလ်းနဲ့ မေးထားလို့ရပါတယ်.. ဂျီတော့မှာတော့ ရှိမှာမဟုတ်တဲ့ အတွက် မေလ်းနဲ့သာ မေးပေးဖို့ ပန်ကြားပါတယ်နော်..  ပြန်စာနောက်ကျရင်ရယ်၊ နောက်ထပ်ပိုစ့်တွေရယ်ကို  စိတ်ရှည်ရှည်နဲ့တော့ စောင့်ပေးကြဖို့ တောင်းပန်ချင်ပါတယ်...


 


စာရေးချင်သူများ၊ ဘလော့လုပ်ချင်သူများ အားလုံးဘဲ အဆင်ပြေချောမွေ့ကြပါစေရှင်...


 


ချော(အစိမ်းရောင်လွင်ပြင်)

ဆက်ဖတ်မယ်ဆုိရင် ...