ကော်ဖီဆိုင်လေး ဖွင့်ရအောင် (၃)

Sunday, March 21, 2010

 


 


 


ဒီကော်ဖီဆိုင် တတိယပိုင်းမှာတော့ ဘလော့စာမျက်နှာပေါ်မှာ လိုအပ်တဲ့ အဆာပလာများ ဖြည့်တဲ့အကြောင်း ရေးပါမယ်ရှင်.. ကျွန်မဘလော့ အစိမ်းရောင်လွင်ပြင်ရဲ့  ညာဘက်မှာ ပါတဲ့ ပန်ကြားလွှာတို့၊ လတ်တလောရေးပြီးတာ၊ လအလိုက် ဖတ်စရာတို့လို့ Widgets လေးတွေ ထည့်ကြရအောင်. ရွေးချယ်တဲ့ Theme ပေါ်မူတည်ပြီး အဲဒါလေးတွေက ဘယ်ဘက် သို့မဟုတ် ညာဘက်ခြမ်းတွေမှာ ရှိတတ်ပါတယ်.. ကော်လံ၃ခုပါတဲ့ Theme ကို ရွေးထားရင် ဘယ်ဘက်ရော ညာဘက်မှာပါ ရှိတတ်ပါတယ်..


 


ပထမဆုံး  ထုံးစံအတိုင်း ညာဘက်ခြမ်း Dashboard အောက်က  Appearance ကို ကလစ်လုပ်ပါတယ်.. အဲဒီမှာပေါ်လာတဲ့ Theme, Widgets ထဲကမှ Widgets  ကို ရွေးလိုက်ပါတယ်.


 


 


 


 


Widgets ထဲရောက်သွားတဲ့အခါ Available Widgets ဆိုပြီး ကိုယ့်ဘလော့မှာ ထည့်လို့ရမဲ့ Widgets တွေကို တွေ့ရပါလိမ့်မယ်… ကိုယ့်ဘလော့မှာ လိုအပ်မယ် ထင်တာလေးတွေ ရွေးချယ်လို့ ထည့်သွင်းနိုင်ပါတယ်.. Archives, Categories, Calendar, Recent Posts, Recent Comments စတာတွေကိုတော့ မရှိမဖြစ် ဖော်ပြကြပါတယ်.. အဲဒါလေးတွေကို ဘလော့စာမျက်နှာပေါ် ရောက်လာအောင် ဘယ်လို ထည့်သွင်းကြမလဲ..


 


 


 


 


 


တစ်ခုချင်းအပေါ်ကို mouse pointer လေးနဲ့ မောက်စ်ကို မလွှတ်ဘဲ ဖိပြီး  Drag ဆွဲခေါ်သွားပြီး ညာဘက်က side bar 1 ဆိုတာ ရှိပါလိမ့်မယ် အဲဒီ လေးထောင့်ကွက် လေးထဲကို ရောက်မှ လက်ကို လွှတ်လိုက်ပါ.. Title ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ နံမည်ကို ပေးဖို့ မြန်မာလို ရိုက်ထည့်လို့ရပါတယ်.. ရေးပြီးသွားရင် Save လုပ်လိုက်ပါ..


 


 


 


 


Archives ဆိုတာတော့ တစ်လချင်း ရေးထားတဲ့ ပိုစ့်အရေအတွက် ဖြစ်ပါတယ်.. Categories ကတော့ ကိုယ်ရေးထားတဲ့ပိုစ့်တွေရဲ့ အမျိုးအစားတွေဖြစ်ပြီး Recent Posts ကတော့ မကြာခင်အတွင်းက ရေးထားတဲ့ပိုစ့်တွေကို အစဉ်လိုက်ဖော်ပြပေးမှာ ဖြစ်ပါတယ်..


 


 


 


 


Recent Comments ကတော့ စာဖတ်သူများရဲ့ မှတ်ချက်လေးများကို မြင်ရမှာ ဖြစ်ပါတယ် .. မှတ်ချက်နဲ့ လတ်တလောရေးပြီးတဲ့ပိုစ့်များကို အများဆုံး ၁၅ခုအထိ ပေါ်အောင်ထားလို့ ရပါတယ်.. ကိုယ်ဖော်ပြလိုတဲ့ အရေအတွက်ကို ကွက်လပ်ထဲမှာ ရေးထည့်ပါ.. ပြီးရင်တော့ Save လုပ်လိုက်ပါ.. ကျွန်မဘလော့မှာ မြင်ရသလို အစိမ်းရောင်လွင်ပြင်ရဲ့ အကြောင်းလို စာမျက်နှာလေးများ ထည့်မယ်ဆိုရင် Page ကို Side Bar1 မှာ ဆွဲထည့်ထားရပါမယ်.. ပြီးရင် Title ကို မြန်မာလို အကြံပေးရန် လို့ ရိုက်ထည့်ကြည့်ပါတယ်. ထုံးစံအတိုင်း Save လုပ်လိုက်ပါ။ Close လုပ်ပြီး ပြန်ခေါက်ထားလို့ရပါပြီ.. ဘလော့တစ်ခုမှာ မပါမဖြစ် ထည့်ရမှာက Link ပါ.. ကိုယ့်ဘလော့ကနေ ကိုယ်နှစ်သက်တဲ့ဘလော့များဆီကို အလွယ်တကူ သွားလာချိတ်ဆက်ထားတဲ့ အရာလေးပါ.. အဲဒီ Link ကိုလဲ Side bar 1 ကို ဆွဲခေါ်သွားပါမယ်.. နောက် ကျွန်မဘလော့မှာ မြင်ရမဲ့ ပန်ကြားလွှာဆိုတဲ့ ကိုယ်ပြောချင်တဲ့ စာသားလေးတွေရေးဖို့တော့ Text ဆိုတာကို Side Bar 1 ကို ဆွဲယူသွားပါမယ်.. အဲဒီမှာ ခေါင်းစဉ်လေးကို ခရမ်းပြာလွင်ပြင်မှ ကြိုဆိုပါတယ်ရှင်လို့ ကျွန်မက ရေးထည့်ပါမယ်.... အထဲမှာလည်း စာလာဖတ်ကြသူများကို ကျေးဇူးတင်ပါတယ်ရှင်လို့ ရေးထည့်ပြီး Save လုပ်လိုက်ရုံပါဘဲ…


 


 


 


 


ကိုယ်နှစ်သက်ရာစာလေးများ ရေးထည့်ရုံပါဘဲ… ဒါဆိုရင် အနည်းအကျဉ်းတော့ လိုအပ်တာလေးတွေ ထည့်ထားပြီးတဲ့ပုံလေးပေါ့နော်.. ဒီလိုပုံစံလေးနဲ့ ဘလော့ စာမျက်နှာပေါ် မြင်ရပါလိမ့်မယ်..


 


 


 


 


ဘလော့တစ်ခုရဲ့ အင်္ဂါရပ်ဖြစ်တဲ့ စီဘောက်ကို ထည့်ကြည့်ရအောင်.. ကျွန်မဘလော့မှာ မြင်ရမဲ့  “ တစ်ခုခုပြောခဲ့ပါနော် ”ဆိုတဲ့  နေရာလေးပါ.. အဲဒါလေးကို ထည့်ဖို့ အရင်ဦးဆုံး Code များကို ယူရမှာဖြစ်ပါတယ်.. ဘယ်မှာ ယူရလဲ… http://www.cbox.ws/ မှာ Singn Up လုပ်ရပါမယ်.. Singn Up ကို နှိပ်လိုက်တာနဲ့ ဒီပုံလေးကို တွေ့ရမှာပါ..


 


 


 


 


 


အဲဒီမှာ cbox name ဆိုတဲ့နေရာမှာ ကိုယ်စိတ်ကူးရှိရာပေးလို့ရပါတယ်. အင်္ဂလိပ်လို စာလုံးများဖြစ်ရပါမယ်. E-mail address နဲ့ Password ကိုတော့ ကိုယ့်အီးမေလ်းနဲ့ နှစ်သက်ရာ Password ကိုသုံးပါ.. Website နေရာမှာတော့ ကိုယ်အခုဖွင့်လိုက်တဲ့ကိုယ့်ဘလော့ရဲ့ လိပ်စာကိုရေးထည့်ပေးရပါမယ်… ဥပမာ ကျွန်မရဲ့ဘလော့က http://missgreenlady.mylovecafe.com ဆိုရင် အဲဒါလေးကို အပြည့်အစုံလေး ရိုက်ထည့်ပေးရပါ လိမ့်မယ်နော် .  language က တော့ English  ဘဲရွေးပါမယ်.. Style ဆိုတဲ့နေရာမှာတော့ ကိုယ်နှစ်သက်ရာ အရောင်လေးတွေရွေးချယ်လို့ရပါတယ်.. ကိုယ်ရွေးလိုက်တဲ့အရောင်ကို ညာဘက်က စီဘောက်နမူနာ ပုံကလေးမှာ ကြည့်လို့ ရပါတယ်.. ပြီးသွားရင် အောက်က terms and conditions ကို မှန်ခြစ်လေးပေးလိုက်ပြီး Create my Cbox ! ကို နှိပ်ကြည့်လိုက်လို့ ရပါပြီ.. တကယ်လို့များ စီဘောက်မှာ နံမည်တူနေတာရှိခဲ့ရင် နောက်နံမည်တစ်ခု ပြန်ရွေးရပါလိမ့်မယ်.. Create လုပ်တာ အောင်မြင်သွားပြီဆိုရင် ကိုယ့်အီးမေလ်းထဲကို မေလ်းတစ်စောင် ရောက်လာပါမယ်.. ရောက်လာမဲ့ မေလ်းထဲက လင့်ကလေးကနေ ခုနက ကိုယ်ရွေးခဲ့တဲ့ Login name နဲ့ Password ကိုသုံးပြီး ပြန်ဝင်ပါ.. ၀င်ပြီးရင်တော့  စီဘောက်အတွက် Code များကို ရရှိပါပြီ..


 


 


 


 


 


အဲဒီ လေးထောင့် ဘောက်ထဲက Code အားလုံးကို Ctrl+c  ကော်ပီလုပ်ရပါမယ်… အဲဒီ Code တွေကို ဘလော့ထဲမှာ သွားထည့်ဖို့ အတွက် Appearance အောက်နားက Plugins ပြီးတော့ Installed ကို ရွေးပါ။


 


 


 


 


 


အဲဒီမှာ ရှိနေတဲ့Plugin တွေကို Acitvate လုပ်ရပါမယ်.. Plugin တွေအားလုံး သူ့ဟာနဲ့သူ အသုံးဝင်နေပါတယ်..ဒါကိုတော့ တစ်ဖြေးဖြေးနဲ့ လေ့လာရင် ဘယ် Plugin က ဘာအတွက် ဆိုတာ နားလည် သွားပါလိမ့်မယ်.. ခုလောလောဆည်တော့ C Box  နဲ့ Visitor Count ထည့်နိုင်ဖို့အတွက် HTML-Javascript Adder,  Unfiltered MU plugin နဲ့   Widgetize Any HTML တို့ကို ရှာပြီး  Activate လုပ်ပေးပါ။


 


 


  


 


ပြီးသွားရင် Appearance အောက်က Widgets ထဲပြန်ဝင်ပေးပါ။ Widgets ထဲရောက်တဲ့ အခါမှာ အသစ်ရောက်နေပြီ ဖြစ်တဲ့ HTML-Javascript Adder နဲ့   Widgetize Any HTML  ကို တွေ့ရပါလိမ့်မယ်..  အဲဒီ၂ခုကိုလဲ Side Bar1 အောက်ကို ဆွဲခေါ်ပြီး သွားထားရပါမယ်.. ခုနက ရထားတဲ့ စီဘောက်ရဲ့ ကုတ်တွေကို Ctrl+c နဲ့ ကူးယူလာပြီး  HTML-Javascript Adder  ထဲကို Ctrl+ v နဲ့ သွားကူးထည့်ပါမယ်....


 


 


 



 


Title မှာ နှစ်သက်ရာရေးပါ.. စကားသံလေးချန်ခဲ့ပါ.. ရင်ထဲရှိတာ ပြောခဲ့ပါ စသဖြင့် ပေါ့နော်.. ပြီးရင်တော့ Save လုပ်လိုက်ပါ။ close လေးနဲ့ ပြန်သိမ်းလိုက်ပေါ့နော်… စီဘောက်ဖွင့်တုန်းက သုံးခဲ့တဲ့ Login name နဲ့ Password ကို သေချာသိမ်းထားဖို့ လိုပါလိမ့်မယ်.. ဘာလို့လဲ ဆိုတော့ ကိုယ့်ရဲ့စီဘောက်ထဲမှာ မတော်တရော် အများတကာ မြင်ဖို့ မတင့်တော်တဲ့ စာလုံးများကို မသမာသူ တစ်ယောက်ယောက် လာရေးထားခဲ့ရင် ဒီlogin name နဲ့ password ကို သုံးပြီး ပြန်ဖျက်မှ ရမှာမို့ပါ.. ခုတစ်လော စီဘောက်တွေမှာ ခုလို မတော်တရော်ကိစ္စမျိုး မကြာခန ဖြစ်နေကြတာ တွေ့ရတဲ့အတွက် ဒီနေရာကနေ ကြိုပြီး အသိပေးထားတာ ဖြစ်ပါတယ်.. သေသေချာချာ သိမ်းဆည်းထားပေးပါ။ ပြီးသွားရင် ဘလော့ပေါ်မှာ မြင်ရမဲ့ စီဘောက်က အောက်က ပုံလေးအတိုင်းပါ။


 


 


 


 


 


နောက်တစ်ခုက ကိုယ့်ဘလော့ကို ဘယ်နိုင်ငံက လူတွေလာကြည့်ကြတယ်ဆိုတဲ့ Visitor Count ပါဘဲ… ဘလော့ထဲကို အဲဒီ Flag Counter လေးထည့်ဖို့အတွက် http://flagcounter.com/  ထဲကို ၀င်ရပါမယ်… ပြီးသွားရင် Create your free flag counter မှာ ဘယ်နှနိုင်ငံလောက် ပြမယ် ကော်လံဘယ်နှခုထည့်မယ် ဘယ်အရောင် ရွေးမယ်ဆိုတာတွေရှိပါတယ်..


 


 


 


 


 


ကိုယ့်စိတ်ကြိုက်ပြင်လို့ရပါတယ်.. ပြီးသွားရင် Get Your Flag Counter ဆိုတဲ့ လိမ္မော်ရောင်လေးကို နှိပ်ပါမယ်.. ဟော တွေ့ပါပြီ HTML Code တွေ … အောက်က ပုံလေးအတိုင်းပါ။


 


 


 


 


 


အဲဒီက Code for website ဆိုတဲ့ အပေါ်က ကုတ်တွေကို ကော်ပီလုပ်ပါမယ်.. ပြီးသွားရင် ကိုယ့်ဘလော့ Widgets ထဲက ညာဘက်ခြမ်း Side Bar 1 အောက်ကို ဆွဲခေါ်ထားတဲ့  Widgetize Any HTML ထဲကို သွားထည့် လိုက်ပါမယ်.. ပုံမှာပြထားသလိုပါဘဲ.. ပြီးရင် Save လုပ်ပေါ့နော်...


 


 


 


 


 


ပြီးရင် ကိုယ့်ဘလော့မှာ လက်ရှိလူဘယ်နှဦး စာဖတ်နေတယ် ဆိုတာ သိအောင်လုပ်တဲ့ လည်နေတဲ့ ကမ္ဘာလုံးလေး လည်ပြနေတဲ့  User Online ကို ထည့်မယ်ဆိုရင် http://www.99counters.com/ ကို သွားပါ။  Sign Up လုပ်ရပါမယ်.. အီးမေလ်းနဲ့ ပါစ်ဝပ်ဖြည့်ရပါမယ်.. အရင်က အကောင့် ဖွင့်ထားခဲ့ဖူးလို့ အီးမေလ်းလိပ်စာ တူနေရင် မရပါဘူး.. Sign up လုပ်လို့ အောင်မြင်သွားရင် ဒီလိုပုံထဲကိုရောက်သွားပါပြီ။


 


 


 


 


 


အဲဒီမှာ နောက်ခံအရောင်ရွေးပါ။ Counter Name မှာ ပေးလိုတဲ့ နံမည်ကို မြန်မာလို ဖြည့်ချင်ရင် ဖြည့်ပါ။ အချိန်နေရာမှာ မြန်မာစံတော်ချိန် ထားမယ်ဆိုရင် Yangon ကို ရွေးပါ။


 


 


 


 


 


Counter ကို အများမြင်သာအောင် ပြထားမှာ ဖြစ်လို့   Public Traffic Stats ကို ရွေးပါမယ်.. ပြီးသွားရင်တော့ Save လုပ်ပါမယ်.. ပြီးသွားရင် ခုနလိုဘဲ Code တွေ ရလာပါမယ်.. ဒုတိယ အကွက်ထဲက ကုတ်တွေကို ကော်ပီ ကူးယူပါမယ်..


 


 


 



 


ရလာတဲ့ Code တွေကို ထည့်ဖို့ Widgets ထဲက  Text တစ်ခုကို  Side Bar 1 ထဲကို ရွေ့ပါမယ်..ရောက်သွားရင်တော့ ခုနက ရထားတဲ့ Code တွေကို ထည့်လိုက်ပါမယ်. ပြီးရင် Save လုပ်ကြည့်ပါ။


 


 


 


ူ 


 


ဘလော့ပေါ်မှာ အောက်က ပုံလေးနဲ့ တွေ့ရပါလိမ့်မယ်... ဒါဆိုရင် ဘလော့တစ်ခုရဲ့ အင်္ဂါရပ်တွေ စုံလင်သလောက်တော့ ရှိပါပြီ..


 


 


 


 


 


နောက်တစ်ခု အခြားဘလော့များဆီ အလွယ်တကူသွားဖို့ လင့်ချိတ်ပါမယ်.. Dashboard အောက်က Link  ကို ကလစ်လုပ်ပါမယ်.. ပြီးတော့ Add New ကို ရွေးပါ..


 


 


 


 


Name ဆိုတဲ့ နေရာမှာတော့ ကိုယ်ချိတ်မဲ့ ဘလော့နံမည်ဖြည့်ပါမယ်.. ဥပမာ အစိမ်းရောင်လွင်ပြင် လိုမျိုးပါ..   Web Address နေရာမှာတော့ ဘလော့လိပ်စာ ဖြည့်ပါမယ်.. ကျွန်မရဲ့ဘလော့ လိပ်စာက http://missgreenlady.mylovecafe.net/   ဖြစ်လို့ အဲဒါလေးကို ထည့်လိုက် ပါတယ်.. 


 


 


 


 


 


ပြီးရင် လင့်တွေကို ဘယ်လို ခေါင်းစဉ်အောက်မှာ ထားမလဲ.. Add New Category ကို ကလစ်လုပ်ပြီး ကွက်လပ်ထဲမှာ ကျွန်မက ဖတ်စရာဘလော့စာမျက်နှာလို့ ဖြည့်လိုက်ပါတယ်.. Add လုပ်လိုက်တော့ Categories ထဲကို ရောက်သွားပါပြီ..


 


 


 


 


 


နောက် ကိုယ်လင့်ချိတ်ထားတဲ့ဘလော့ကို ကလစ်လုပ်လိုက်တာနဲ့ နောက် ၀င်းဒိုးအသစ်နဲ့ ပေါ်စေချင်ရင် Target အောက်မှာရှိတဲ့ Option ၃မျိုးထဲ Blank- new window or tab  ကို ရွေးထားရပါမယ်..


 



 


ဒါဆို အခြားသူများ၏ ဘလော့ကို ကလစ် လုပ်လိုက်သော်လည်း ကိုယ့်ဘလော့က ပွင့်မြဲကျန်ခဲ့မှာဖြစ်ပါတယ်.. နောက်ဘလော့တစ်ခုက ၀င်းဒိုးအသစ်နဲ့ သီးသန့် ပွင့်သွားမှာ ဖြစ်ပါတယ်.. ပြီးသွားရင် ညာဘက်မှာရှိတဲ့ Add Link ဆိုတာကို နှိပ်လိုက်လို့ရပါပြီ..


 


 


 


 


နောက်ထပ်လင့်တွေထပ်ထည့်မယ်ဆိုရင် နံမည်ဖြည့်မယ်.. လင့် လိပ်စာထည့်မယ် ဘယ်ခေါင်းစဉ်အောက်မှာထားမယ်ဆိုတာ ရွေးမယ် new window or tab ကိုရွေးမယ်..ပြီးရင် Add Link လုပ်လိုက်ယုံပါဘဲ.. ဒါဆိုရင် ဘလော့စာမျက်နှာပေါ်မှာ အင်္ဂါရပ် အစုံအလင်ရှိတဲ့ ဘလော့လေးတစ်ခု ရလာပါပြီ..


 


 


 


 


ဒီလောက်ဆိုရင် ဘလော့တစ်ခုကောင်းကောင်း တည်ဆောက်ဖို့ အခြေခံအချက်များ အားလုံးနဲ့ ဘလော့တစ်ခုမှာ ရှိသင့်တဲ့ အင်္ဂါရပ်များလည်း အားလုံး မဟုတ်တောင် စုံသလောက်တော့ ရှိပါပြီ... တတ်နိုင်သလောက်တော့ စဉ်းစားပြီး ပြည့်စုံအောင် ရေးထားပါတယ်.. လိုအပ်ချက်၊ မှားယွင်းချက်များ ရှိခဲ့ရင်တော့ ကျွန်မရဲ့ အားနည်းချက်ကြောင့်သာ ဖြစ်ပါတယ်.. ကိုယ်လုပ်တတ်သလောက်သာ ရေးထားတာ ဖြစ်ပါတယ်.. ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက်တော့ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြဖို့ တောင်းပန်ပါတယ်.. လုပ်နေရင်းနဲ့ အဆင်မပြေတာများ ရှိခဲ့ရင် အီမေလ်းနဲ့ မေးလို့ရပါတယ်.. တတ်နိုင် သလောက်တော့ ပြန်ကြားပေးပါမယ်.. ကူညီပေးပါမယ်ရှင်..


 


ဒီပိုစ့်လေးကို ရေးဖို့ အကူအညီပေးတဲ့ Mylovecafe Admin AMT ကို အထူး ကျေးဇူး တင်ရှိပါတယ်ရှင်...


အားလုံးဘဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်..


 


ချော(အစိမ်းရောင်လွင်ပြင်)

8 comments:

ကိုဇော် said...

ကောင်းတယ်ဗျာ...
တော်တော်ပြည့်ပြည့်စုံစုံလေး လုပ်ပေးထားတာပဲ။

မြသွေးနီ said...

စေတနာတွေကို အထင်အရှားမြင်နေရပါတယ်။ ဘလော့ဂ် အသစ်စချင်သူတွေအတွက် ပြည့်စုံကောင်းမွန်တဲ့ ပို့စ်လေးပါပဲချောရေ။

ကေသရီ said...

အိပ်ရေးပျက်ခံပြီးကြိုးစားပေးခဲ့တဲ့ အစ်မစေတနာကို ခံစားနားလည်မိပါတယ်။

ပြုံူး said...

ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

အစဉ်အမြဲ..ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ...

bravo said...

လောလောဆယ်တော့ သိနေတုန်းပဲ
ဆက်လက်ရေးပါ အစ်မရ....ဟီး

ကိုကိုမောင် said...

အမရေ..
အခုလို စိတ်ရှည်လက်ရှည် စေတနာထားပြီး ရေးပေးတာ ကျေးဇူးတင်ပါ။ တကယ်လဲ မသိတဲ့သေးသူတွေအတွက် အကျိုးရှိပါတယ်။ ကျနော်လဲ မြန်မာပြန်ခါနီးရင် တစ်ခုလောက်တော့ စမ်းကြည့်ဦးမယ်။

Kotunygn said...

I got some knowledge. Thanks so much ......

Kohtut said...

Thanks..for your Blogs (ကော်ဖီဆိုင်လေး ဖွင့်ရအောင် 1,2,3)..
Thz..