သင်းသင်းမွှေးသော ရနံ့များ
Tuesday, March 23, 2010
True Love (Elizabeth Arden)
ရေမွှေးတွေကို စွဲစွဲလမ်းလမ်း နှစ်သက်တတ်သူတစ်ယောက်အနေနဲ့ ရေမွှေးအကြောင်း တစ်စေ့ တစ်စောင်းလေး ရေးပြချင်ပါသေးတယ်.. သင်သုံးစွဲနေတဲ့ ရေမွှေးဟာ သင့်ရဲ့ ပုံရိပ်လေးဖြစ်သလို.. သင်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားကိုလဲ ဖော်ပြနိုင်တဲ့ အသုံးအဆောင်လေး တစ်ခုအဖြစ် အရေးပါပါတယ်။ သုံးစွဲလေ့ရှိတဲ့ အနံ့လေးကို လိုက်ပြီး တစ်ချို့သောသူတွေက ဒီအနံ့ကို နှစ်သက်သူက ဘယ်လိုစိတ်နေစိတ်ထားရှိသူ၊ ဘယ်လို စရိုက်မျိုး ရှိတတ်သူရယ်လို့ ခန့်မှန်းတတ်ကြပါတယ်.. အလုံးစုံ မမှန်နိုင်ဘူးဆိုရင်တောင် တစ်စိတ်တစ်ဒေသအားဖြင့်တော့ မှန်တတ်ပါတယ်. ရေမွှေးသုံးစွဲတဲ့ အလေ့အထဟာ ခုခေတ်မှသာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက သုံးစွဲခဲ့ကြောင်း ရာဇ၀င် တွေမှာပါ အထောက်အထားများနဲ့ တွေ့ရပါတယ်။
Wrapped With Love Hilary Duff ( EA Fragrances Co.,)
ရေမွှေးကြိုက်တတ်သူများ အနေနဲ့ ရေမွှေး မဆွတ်ဖြန်းမိတဲ့ နေ့တွေမှာ တစ်ခုခုလိုနေတဲ့ ခံစားချက်မျိုး သိသိသာသာ ခံစားဖူးကြပါလိမ့်မယ်။ ရေမွှေးဟာ မိမိကိုယ်ကို ယုံကြည်မှုပေးနိုင်တဲ့အရာ လို့လည်း လက်ခံကြပါတယ်။ နေသိပ်ပူတဲ့ နေ့မျိုးတွေမှာ အပြင်ကို မထွက်မဖြစ် ထွက်ကြရပြီဆိုရင် နေပူဒဏ်ကြောင့် ချွေးထွက်များတဲ့အခါ ရေမွှေး ဆွတ်ဖြန်းလာရင်တော့ မသိသာပေမဲ့.. ကိုယ်နံ့ပြင်းသူများ အတွက်တော့ အခက်တွေ့စရာ ဖြစ်တတ်ပါတယ်… ကိုယ့်ဆီက ချွေးနံ့က သိပ်များ ဆိုးဝါးနေပြီလား. ဒီအနံ့ကြောင့် အများတကာ နှာခေါင်းရှုံ့နေပြီလား ရယ်လို့ မိမိကိုယ်ကိုယ် ယုံကြည်စိတ် နည်းတတ်ပါတယ်။ တစ်ချို့သောသူများက ရေမွှေး မကြိုက်ဘူး၊ မသုံးတတ်ဘူးလို့ ပြောကြတာ တွေ့ဖူးပါတယ်.. အနံ့နဲ့ ဓါတ်မတည့်သူများ အနေနဲ့ မသုံးကြတာ ဘာမှမပြောလိုပေမဲ့ မကြိုက်လို့ မသုံးသူများ၊ ရေမွှေးကို မလိုအပ်ဘူးလို့ ထင်နေသူများကိုတော့ ရေမွှေးဟာ သင့်အတွက် အနီးကပ် ဆွဲဆောင်ပေးမဲ့ သင့်ချစ်သူသင့်ကို ပိုချစ်လာအောင် စွမ်းဆောင်ပေးမဲ့ အစွမ်းထက် ဆေးတစ်ခွက်လို့ ညွှန်းလိုက်ပါရစေရှင်။
5th Avenue (Elizabeth Arden)
လူတစ်ယောက်ယောက် ကိုယ့် နံဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ ရေမွှေးမသုံးစွဲသူ ဖြစ်ခဲ့ရင် အဲဒီလူ ကိုယ့်ဘေးက ဖြတ်သွားတာ အမှတ်တမဲ့ ဖြစ်နိုင်ပေမဲ့ သိပ်ကို ဆွဲဆောင်မှု ကောင်းလှတဲ့ ရနံ့လေးနဲ့ ရေမွှေးကို ဆွတ်သူ တစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သူဆွတ်ထားတဲ့ ရေမွှေးရဲ့ ဆွဲငင်အားကြောင့် သမင်လည်ပြန် သော်လည်းကောင်း၊ ရေမွှေးနံ့လေးက မွှေးလိုက်တာ ဆိုတဲ့ မှတ်ချက်လေးဖြစ်ဖြစ်တော့ ချမိပြီး မှတ်မှတ်ထင်ထင် သတိထားမိလိုက်ကြမှာပါ.. အမြဲတစေ လူအများကြား လှုပ်ရှား သွားလာရသူများ၊ ပေါင်းသင်း ဆက်ဆံမှု နယ်ပယ်ကြီးသူများ၊ ပွဲလမ်း သဘင် ဆင်ယင်ကြသူများ အားလုံး ရေမွှေးကို သုံးစွဲသင့်ပါတယ်... ဒါမှလဲ လူတွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုမပျက် အနေမခက်ဘဲ နေ့တစ်နေ့ကို ကြည်လင်စွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
Chastity (Rasasi)
မိန်းခလေး အတော်များများမှာ ရေမွှေးမကြိုက်တဲ့သူ အင်မတန် ရှားပါးပါတယ်.. လက်ဆောင်ပေးလို့ အသင့်တော်ဆုံး အရာဟာလည်း ရေမွှေးဘဲ ဖြစ်ပါတယ်... လက်ဆောင်ပေးဖို့ စဉ်းစားရခက်နေရင် သိပ်မစဉ်းစားပါနဲ့.. ရေမွှေးလေးတစ်ပုလင်းသာ ပေးလိုက်ပါ.. သို့သော် အနံ့ပြင်းထန်လွန်းသော ရေမွှေးကိုတော့ ရှောင်သင့်ပါတယ်. ယဉ်ယဉ်လေးနဲ့ ပျံ့ပျံ့သင်းသင်းလေးမွှေးတဲ့ ရနံ့မျိုးကသာ လူတိုင်း နှစ်သက် စွဲမက်တတ်ကြပါတယ်. ခုခေတ်မှာ ရေမွှေးကို အမျိုးသမီးများသာမက အမျိုးသားများပါ သုံးစွဲလာကြပါပြီ ရေမွှေးဈေးကွက်ထဲမှာ For Man ဆိုတဲ့ အမှတ်အသားတွေ များလာတာကို ကြည့်ခြင်းအားဖြင့် ရေမွှေးဟာ အမျိုးသမီး အမျိုးသား လူတိုင်းအတွက် အရေးပါလာတယ် ဆိုတာ ထင်ရှားလာပါပြီ။
Charlie (Revlon)
ရေမွှေးဟာ လူရဲ့ကိုယ်မှာရှိတဲ့ ဓာတုပစ္စည်းပါဝင်မှုပေါ်လိုက်ပြီး အနံ့ ပြောင်းလဲတတ် ပါတယ်.. အရှင်းဆုံး ဥပမာပြောရရင် ရေမွှေးတစ်မျိုးတည်းကို သူငယ်ချင်း ၂ယောက် အတူတူ ဆွတ်ထားပေမဲ့ လူတွေရဲ့ ကိုယ်ပေါ်မှာရှိတဲ့ ဓာတုပစ္စည်းများ မတူညီမှုကြောင့် သူတို့နှစ်ဦးဆီကရတဲ့ အနံ့ဟာလည်း ရေမွှေး တစ်မျိုးတည်းက ဖြစ်ပေမဲ့ ကွဲပြားတဲ့ ရနံ့တွေကို ဖြစ်ပေါ်စေတတ်တယ်လို့ ရေမွှေးပညာရှင်များက ပြောကြားကြပါတယ်. ဒါကြောင့်ရေမွှေးဝယ်မယ်ဆိုရင် သူတစ်ပါးရဲ့ အကြံပေးချက်၊ တိုက်တွန်းချက်ကြောင့် ရွေးချယ်တာမျိုး၊ မိမိကိုယ်တိုင် စမ်းမကြည့်ဘဲ တစ်ယောက်ယောက်ကို စမ်းသပ်ခိုင်းပြီးမှ ၀ယ်ယူတာမျိုး မပြုလုပ်သင့်ကြောင်းလဲ အကြံပေးကြပါတယ် ရေမွှေးကို ရွေးချယ်တဲ့ အခါမှာလည်း ပုလင်းဝမှ တိုက်ရိုက် ရှူရှိုက်ခြင်းမပြုလုပ်ဘဲ လက်ကောက်ဝတ် နေရာမှာ အနည်းဆုံး ၂စက်၃စက်လောက် ဆွတ်ပါ ၁၀မိနစ်လောက်ထား ပြီးမှရရှိလာတဲ့ အနံ့ကိုသာလျှင် စဉ်းစားဆုံးဖြတ် ရွေးချယ်သင့်ပါတယ်။ အဆီပါဝင်မှုများတဲ့ ရေမွှေးဟာ တာရှည်ခံတဲ့ ရနံ့ကို ပေးနိုင်ပြီး ရေမွှေးအဆီ ပါဝင်မှုနည်းတဲ့ ရေမွှေးများဟာ ခနတာ မွှေးတတ်ပြီး မကြာခင်မှာဘဲ ရနံ့ပျယ်သွားတတ်ပါတယ်.
Red Door ( Elizabeth Arden)
ရေမွှေးကို လူတွေက အရူးအမူး ဖြစ်တတ်ကြတယ် ဆိုတာ သင်ရော ယုံကြည်ပါရဲ့လား.. နံမည်ကြီး အဆိုတော်၊ ရုပ်ရှင်စတားများနဲ့ အောင်မြင် ကျော်ကြားသူများဟာ ရေမွှေးတွေကို မိမိတို့ရဲ့ နံမည်နဲ့ ကိုယ်ပိုင် Brand အဖြစ် ထုတ်လုပ်လာကြတာကို ကြည့်ခြင်းအားဖြင့် ရေမွှေးကို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအဖြစ်ပါ တန်ဖိုးထားလာကြကြောင်း သုံးသပ်လို့ရပါတယ်။ နံမည်ကြီး မင်းသားမင်းသမီး နံမည်များ၊ ကျော်ကြားသူများရဲ့ နံမည်များနဲ့ ထွက်လာတဲ့ ရေမွှေးပေါင်းစုံကို ဈေးကွက်အတွင်းမှာ အများအပြား တွေ့နိုင် ပါတယ်.။ ဒါကြောင့် ရေမွှေးဟာ လူ့အသုံးအဆောင် ပစ္စည်းကဏ္ဍမှာ အရေးပါတဲ့အခန်းက ပါဝင်နေပြီ ဖြစ်ပါတယ်...
Secret ( Rasasi)
သင်ရော သင့်ချစ်သူကို ရေမွှေးလက်ဆောင် ပေးဖူးရဲ့လား... မပေးဖူးသေးရင်တော့ ပေးကြည့်ပါလို့ တိုက်တွန်းပါရစေ။ သင့်ချစ်သူ သင့်ကို ပိုချစ်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်ကရော ရေမွှေးသုံးတတ်သူလား သင်ကိုယ်တိုင်လဲ ရေမွှေးကို မသုံးတတ်တဲ့သူ ဆိုရင် သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ရနံ့ သင်းပျံ့ပျံ့လေးက သင့်ရဲ့စိတ်တွေကို မကြုံစဖူး ထူးထူးကဲကဲ လန်းဆန်းနေစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပါလိမ့်မယ်… ကိုယ်နှစ်သက်တဲ့ အနံ့လေးကြောင့် စိတ်ကြည်နူးမှု ရရှိခြင်းဟာ စိတ်ချမ်းသာမှုကို ငွေနဲ့ ၀ယ်ယူခြင်း တစ်မျိုးပါ... စိတ်ချမ်းသာမှုကို ငွေနဲ့ ၀ယ်ယူလို့ ရမယ်ဆိုရင်တော့ ဖြုန်းတီးတာမဟုတ်ဘဲ ငွေကုန်ခံရကျိုးနပ်တယ်လို့ မဆိုနိုင်ပါလားရှင်။
မွှေးပျံ့တဲ့ ရနံ့ကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေရှင်
ချော(အစိမ်းရောင်လွင်ပြင်)
PLANET MYANMAR မှာ တင်ခဲ့ဖူးတဲ့ ဆောင်းပါးလေးတစ်ခုပါ။
21 comments:
- ကေသရီ said...
-
ရေမွှေးဟာထူးခြားတဲ့ စွဲဆောင်နိုင်စွမ်းရှိလို့ လူအတော်များများက နှစ်ခြိုက်ကြပါတယ်။ ရေမွှေးဟာ သုံးစွဲသူကိုရော ပတ်ဝန်းကျင်ကိုပါ ရွှင်လန်းစေပါတယ်။
- March 23, 2010 at 1:51 AM
- ဒဏ္ဍာရီ said...
-
ဟုတ်တယ် ချောရေ....... ရေမွှေးကိုတော့ အရမ်းနှစ်သက်တယ်။ နေ့စဉ် သုံးဖြစ်တယ်လေ စိတ်ထဲမှာ ကြည်လင်ပြီး တနေ့လုံး အလုပ်လုပ်ရတာ ပိုပြီး အေးချမ်းသလိုပဲ ခံစားမိတယ်။
ခင်မင်လေးစားလျှက် - March 23, 2010 at 2:20 AM
- ဇာဏီ said...
-
အဟဲ...အစ်မရေ ကျေးဇူး ကောင်မလေးကို ဆွဲဆောင်လိုက်ဦးမယ် (နောက်၏)
အမှန်တိုင်းပြောရရင် ကျနော်ရေမွှေးမကြိုက်ဘူး ကိုယ်တိုင်မဆွတ်ဘူး
ဒါပေမယ့်ကောင်မလေးတစ်ယောက်က ကျနော်သဘောကျတဲ့ အနံ့မျိုး (ဘယ်လိုအနံ့မှန်းတော့မသိ ရှိုက်မိမှသိ၏) ရေမွှေးဆွက်ပြီး ကျနော့်ဘေးက ဖြတ်တွားရင်တော့လည်ပြန်တောင်ငေးမိသဗျ ဟီး
(နှာဘူးကျတာလေ) အဲဒါကြောင့် ကျနော်က ရေမွှေးနဲ့ကောင်မလေးကို မဆွဲဆောင်တတ်ပေမယ့်
ကျနော်ကို့ကျတော့ရေမွှေးလေးနဲ့ဆွဲဆောင်လို့ ရပါကြောင်း
ဟီးဟီး....... - March 23, 2010 at 2:37 AM
- ကိုကိုမောင် said...
-
မချောရေ...
ကျနော်က ရေမွှေးသုံးစွဲခဲတယ်။ မသုံးစွဲသလောက်ပါဘဲ။ မသုံးစွဲရုံတင်မကဘူး ခပ်ပေါပေါရေမွှေးသုံးထားတဲ့သူတွေဆီက ရတဲ့အနံ့ကိုလဲ သိပ်မကြိုက်တတ်ဘူး။ ခပ်သင်းသင်းလေး သို့မဟုတ် ချွေးနဲ့ပျောက်ရုံဆိုရင်တော့ ကြိုက်တယ်။ ဒါပေမဲ့ မချောရဲ့ပို့စ်လေးကို ဖတ်ပြီး ရေမွှေးကို စိတ်ဝင်စားသွားပြီ။ စမ်းသုံးကြည့်ဦးမယ်။ နောက်ပြီး လက်ဆောင်ပေးစမ်းကြည့်လိုက်ဦးမယ်။
ပျော်ရွှင်ပါစေ အမ။ - March 23, 2010 at 4:32 AM
- မကေ said...
-
ရေမွေးကို ကြိုက်တယ် အမပြောတဲ့ တံဆိပ်ကို စမ်းသုံးကြည့်လိုက်အုံးမယ်
- March 23, 2010 at 4:58 AM
- မြစ်ကျိုးအင်း said...
-
မယုံဘူး
တစ်ဘူး ဝယ်ပို့လိုက်ပါ :) - March 23, 2010 at 7:00 AM
- မြစ်ကျိုးအင်း said...
-
မွှေးပျံ့တဲ့ရနံ့ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေတယ်ဆိုတာ
မှန်ပါတယ်။ အပြင်သွားတိုင်း မေ့လျော့နေတဲ့ ရေမွှေးလေးကို သုံးဖို့
သတိထားရတော့မယ်။ - March 23, 2010 at 7:05 AM
- အင်ကြင်းသန့် said...
-
ဟုတ်တယ်မမ...ရေမွှေးသုံးတာ လူကိုယုံကြည်မှုပိုရရှိစေတယ်...
ဒါနဲ့ အပေါ်က ဓါတ်ပုံထဲမှာ ညီမလေးရဲ့ ရေမွှေးဗူးပုံပါနေတယ်...ခွင့်မတောင်းပဲနဲ့ ဘာလို့တင်ထားတာလဲ :)
ညီမ မဆိုးတဆိုးလေး - March 23, 2010 at 8:25 AM
- ပေါ့ဆိမ့် said...
-
မာကတ်တင်း သိပ်ကောင်းပါလား မချောရေ...
ဗဟု နဲ့ သုတ ပါခေါ်သွား အဲ ဗဟုသုတ ရလိုက်ပါ၏... - March 23, 2010 at 9:44 AM
- လင်းကြယ်ဖြူ said...
-
အခု ပဲ ရေမွှေး တစ်ပုလင်း..အနံ့သင်းသင်း ကို ပြေးဝယ်လိုက်ပါတော့မယ်....း )
ပျော်ပါစေ ခင်ဗျာ
*.*.* - March 23, 2010 at 2:35 PM
- ဘကျောက် said...
-
အမြဲသုံးတာတော့ရှိတယ်..ဒါပေမဲ့တခါတလေ..တခြား brand တွေ ညှပ်သုံးတတ်တယ်..အပြောင်းအလဲလေးပေါ့..
- March 23, 2010 at 6:36 PM
- မြသွေးနီ said...
-
ရေမွှေးကို အရူးအမူးတော့မဖြစ်ဘူး။ သုံးတော့သုံးတယ်။ ရနံ့ကိုတော့ သေခြာရွေးချယ်တယ်။ စူးရှလွန်းတဲ့ရနံ့တွေထက် သဘာဝကျတဲ့ သစ်သီးရနံ့လိုမျိုး ဖျော့ဖျော့လေးတွေကို ကြိုက်တယ်။ ကိုယ်တိုင်ဝယ်တာထက် လက်ဆောင်ရတာများတယ်။ ဒါနဲ့ အခု china ကထွက်တဲ့ ရေမွှေးလေးတွေကောင်းတယ်ဆိုဘဲ။ :)
- March 23, 2010 at 9:03 PM
- ချော said...
-
ကောင်းဘူး ကောင်းဘူး တရုတ်ဖြစ်ဆို ဘာမှကို မကောင်းတာ.. ဟီးဟီး
လက်တွေ့..
တရုတ်ရေမွှေး ညီမတောင်မသုံးဘူး..
အပေါ်က ရေမွှေးအားလုံးက ညီမသုံးတဲ့ဟာတွေချည်းဘဲ..
ဟုတ်တယ် ရေမွှေးဆို အသီးနံ့နဲ့ ပန်းနံ့ကို အကြိုက်ဆုံးဘဲ..
ပြင်သစ်ရောက်မှ အစ်မအတွက် ရေမွှေးရှယ်ဝယ်လာမယ်နော်
မရောက်ခင်တော့ သီးခံ..း)း) - March 23, 2010 at 9:08 PM
- သဒ္ဓါလှိုင်း said...
-
မချောရေ.. ပြင်သစ်ကိုမြန်မြန်ရောက်ပါစေလို့ သဒ္ဓါကဆုတောင်းနေမယ်သိလား...။ သဒ္ဓါ့ကိုလည်း
မမေ့နဲ့အုံးနော်။ ရေမွှေးကြိုက်တဲ့သူဆိုတော့...
ဘာပဲဖြစ်ဖြစ်အခုတော့အပေါ်ကရေမွှေးတပုလင်းပဲယူသွားတော့မယ် ဒါတော့ခွင့်ပြု..
ဟိဟိ....။
ခင်တဲ့
သဒ္ဓါ - March 23, 2010 at 9:16 PM
- မောင်ဘကြိုင် said...
-
တားအတွက်လည်း ရေမွေးတပုလင်းလောက်နော်း)
- March 23, 2010 at 9:34 PM
- shwezinu said...
-
ညီမ ချော ရေ
ရေမွှေး ပုလင်းလေးတွေလာငေးသွားပါတယ်..
သင်္ကြန်ရောက်ရင် မန္တလေး လာဖြစ်မှာလား လာရင် ဖုန်းဆက်နော် ..
သင်္ကြန်တွင်း ဆိုင်ပိတ်တယ် ..
အပြင်ရောက်နေမှာဆိုးလို့...
လာရင်လည်း မမေ့နဲ့အုန်း.. ဟိုဟာလေ..ဟိုဟာ
ရွှေစင်ဦး - March 24, 2010 at 1:35 AM
- shwezinu said...
-
လိပ်စာက advertisement ထဲမှာ ပါတယ်နော်
- March 24, 2010 at 1:41 AM
- ဏီလင်းညို said...
-
ချောရေ........
ကိုဏီတို့ကတော့ သရဲထက် ဆိုးတဲ့ ရုပ်မို့ ရေမွှေးလည်း မကယ်နိုင်ဘောင်ဂျာ.......း((
(မကြီးရွှေဇင်နဲ့ ဘာတွေဒုန်း......၊ ကစ်ဖို့ မဟုတ်လား.......သိနေဒယ်နော်......ဟင်း.......ဟင်း........း))
ခင်မင်တဲ့
ဏီလင်းညို - March 24, 2010 at 2:25 PM
- TYZ said...
-
ရေမွှေးပုလင်းလေးတွေငေးသွားကြောင်းပါ။ ၀ယ်နိုင်ဖို့ ပိုက်ပိုက် စုရပါဦးမည်။
- March 24, 2010 at 3:38 PM
- ကိုဇော် said...
-
Secret ကတော့ တကယ်ကို အသဲစွဲ နှစ်သက်ခဲ့ဖူးပေမဲ့...
ကိုယ်ကလည်း ကြိုက်ရော...ဟော ..အခု ဝယ်မရတော့ဘူး...ဂျာ...
ဒါကြောင့် အထုတော့ ပေါင်ဒါပဲ လူးတော့တယ်...
ချေးကလည်း များဆိုတော့ တော်တော်နဲ့ အနံ့ကို မကြိုက်...မကြိုက်..။ - March 24, 2010 at 3:47 PM
- Kotunygn said...
-
I also like it.
- March 26, 2010 at 12:37 AM