ပျော်ပျော်ရွှင်ရွှင် လူမှုဝန်းကျင်
Wednesday, March 24, 2010
photo from Here
လောကကြီးမှာ နေထိုင်သွားလာလှုပ်ရှားရင်း လူအများနဲ့ သဟဇာတ ဖြစ်အောင် နေထိုင်ရတာ တကယ်တမ်းတော့ မလွယ်လှပါဘူးနော်.. လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်လဲ ထပ်တူမကျနိုင်၊ အတွေးအခေါ် အမြင်ချင်းလဲ အခြအနေပေါ် မူတည်ပြီး အများကြီးကွဲပြားသွားနိုင်ပါတယ်.. တစ်ယောက်နဲ့ တစ်ယောက်ရေရှည်မှာ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ဖို့ ခက်တော့ ခက်ခဲပါတယ်.. ဒါပေမဲ့ နည်းလမ်းတွေ ရှိမှာပါ.. ကျွန်မ ဖတ်ထားဖူးတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေထိုင်နည်း အချက်အလက် အချို့ကို ဒီစာမျက်နှာပေါ်မှာ ပြန်လည်မျှဝေပေးချင်ပါတယ်.. အချက် အားလုံးကို မလုပ်နိုင်ရင်တောင်မှ တစ်ချို့ဟာလေးတွေကို လိုက်လုပ်နိုင်တယ် ဆိုရင်တောင် အတော်လေးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်.. တစ်ချို့သော အချက်ကလေးတွေဟာ မိမိ ကိုယ်တိုင်အတွက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်…
၁. များများပြုံးပါ.. သင့်အပြုံးဟာ တစ်ဘက်လူကို ရွှင်လန်းစေလောက်တဲ့ အထိနှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်ပါ။ များများ ပြုံးရယ်ခြင်းဟာ မျက်နှာပြင်ပေါ်ရှိ ကြွက်သားများအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုလဲ ဖြစ်ပါတယ်.. ထို့ကြောင့် များများ ပြုံး၊ များများ ရယ်မောကြပါ။
၂. မှန်ကန်တဲ့ စားသောက်မှုကို ရွေးချယ်ပါ။ ပြုပြင်ဖန်တီးထားသော အစားအသောက်များထက် ကျန်းမာရေး အတွက် သင့်တော်မဲ့ သဘာဝ အသီးအနှံများကို များများစားပါ.. အသီးအရွက် များများ စားခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို ကျဆင်းစေပြီး ကျန်းမာရေးကို အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ်။
၃. လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် ပုံမှန် လုပ်နိုင်ရန်ကြိုးစားပါ.. ခန္ဓာကိုယ် အလေးချိန် ကျဆင်းဖို့အတွက်သာ မက သွေးလည်ပတ်မှုကောင်းမွန်၍ ခန္ဓာကိုယ်တွင်း အဆိပ် အတောက်များကို ပြေပျောက်စေနိုင်ပြီး ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတစ်ခုလဲ ဖြစ်ပါတယ်။
၎. ရေများများသောက်ပါ။ အရောင်ပါသော ဖျော်ရည်အမျိုးမျိုးထက် သဘာဝရေကို များများသောက်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်.. ရေမှာ သကြားဓာတ်နဲ့ အခြား ဓာတုပစ္စည်းများ မပါဝင်သဖြင့် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။
၅. တစ်ခုခုကို လေ့လာသင်ယူပါ.. စာများများဖတ်ပါ.. မိမိ၏ အချိန်နှင့် ငွေကြေးကို အကျိုးရှိစွာ အသုံးချခြင်းသည် မိမိဘ၀အတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှု တစ်ခုလည်း ဖြစ်ပါသည်။
၆. သူတစ်ပါးကို ချစ်ခင်ကြင်နာပါ..ဂရုစိုက်အလေးထားပါ.. ထိုအရာများသည် ဘ၀အတွက် စိတ် အာဟာရလေးများ ဖြစ်လာနိုင်ပါတယ်။
၇. မိမိယုံကြည်ရာ ဘာသာတရား၏ အဆုံးအမကို ခံယူပါ။ ဘာသာတရားသည် မိမိစိတ်ကို ကြည်လင်စေသည်.. မိမိ ယုံကြည်ချက်ကို မြှင့်တင်ပေးနိုင်စွမ်းပါတယ်။
၈. မိမိချစ်ခင်သူများကို ချစ်ခင်မြတ်နိုးကြောင်းကို ပါးစပ်မှ မကြာခန ဖွင့်ပြောပါ.. ချစ်ခင်ကြောင်းကို အမူအရာများ ပြသပါ.. မေးမှ ပြောချင်းထက် မိမိချစ်ခင်သူတို့သည် သင့်ထံမှ ဂရုစိုက်မှု အလေးထားမှုတို့ကို မကြာခနကြားချင်သူ မြင်ချင်သူများဖြစ်ကြောင်း သတိရပါ။
၉. ထိုသူတို့နှင့် မကြာခန စကားလက်ဆုံပြောနိုင်အောင် ကြိုးစားပါ.. တစ်ယောက်အကြိုက် တစ်ယောက် ပိုမိုသိလာနိုင်သလို သံယောဇဉ် ပိုမို ခိုင်မာစေသော အကြောင်းတရားတစ်ခုလဲ ဖြစ်ပါတယ်။
၁၀. အချိန်ရတိုင်း အားခြားသူများနှင့် နွေးထွေးစွာ စကားပြောဆိုပါ။ အတွေ့အကြုံ ရင့်ကျက်သူများ ထံမှ အတွေ့အကြုံများ၊ ဗဟုသုတများ ဖလှယ်ရယူခြင်းဖြင့် သင့်အတွက် အကျိုးရှိစေနိုင်ပါတယ်။
၁၁. မိတ်ဆွေ သူငယ်ချင်းအိမ် လည်ပတ်သွားလာပါ.. အဝေးရောက်နေသူများထံ အမှတ်တရ၊ သတိတရ ကဒ်ကလေးများပို့ခြင်း၊ စာရေးဆက်သွယ် မကြာခနလုပ်ပါ။ ဖုန်း မကြာခန ဆက်ပါ။ မိမိက သတိတရ ရှိကြောင်း၊ အမှတ်ရကြောင်းကို ထိုသူများ သိပါစေ။
၁၂. မိမိနှင့် သိသူဖြစ်စေ မသိကျွမ်း မရင်းနှီးသူများဖြစ်စေ အတတ်နိုင်ဆုံး အပြုံးလေးကို လက်ဆောင်ပေး နိုင်အောင် ကြိုးစားပါ။ ပွင့်လင်းဖော်ရွေသော ချိုသာ ကြည်လင်သော အပြုံးတစ်ချက်သည် သင့်အား အများနှင့်မတူ တစ်မူခွဲထွက်စေသော အားသာချက်တစ်ရပ် ဖြစ်စေနိုင်ပါသည်။
၁၃. အိမ်သူအိမ်သားများကို ကူညီပါ.. မိမိအိမ်တွင် ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ အိမ်သူအိမ်သားများ မအားသောအချိန်များတွင် သူတို့မတတ်နိုင်သည်များကို ကူညီ လုပ်ကိုင်ပေးခြင်းတို့ကို ဆောင်ရွက်ပါ။
၁၄. ပျော်ပျော်ရွှင် နေထိုင်ကျင့်ကို ကြိုးစားလေ့ကျင့်ပါ။ အရာရာကို အကောင်းမြင်စိတ်ဖြင့် ကြည့်နိုင်လျှင် သင်ကိုယ်တိုင်လည်း စိတ်ချမ်းသာမည်.. သူတစ်ပါးအတွက်လဲ အဆင်ပြေမည် ဖြစ်ပါတယ်။
၁၅. ရိုးရိုးရှင်းရှင်းနှင့် မှန်ကန်သော စကားကိုသာ ပြောပါ။ စကားများများပြောပြီး လိမ်ညာ စကားလုံး သုံးတတ်သူများကို မည်သူကမှ လေးစားလိုစိတ်ရှိမည်မဟုတ်ပါ။ ထိုသူများအား လူမှုအသိုင်းအ၀ိုင်းမှ အလိုလို ဘေးဖယ်ခံရတတ်ပါတယ်။
၁၆. အချိန်ရလျှင် အဖွဲ့အစည်း လှုပ်ရှားမှုများ၊ ပရဟိတ လုပ်ငန်းများတွင်ပါဝင်လှုပ်ရှားပါ။ အကူအညီအမှန်တကယ် လိုအပ်နေသူများကို ကိုယ်ရောစိတ်ပါ ကူညီပါ။ အားပေးနှစ်သိမ့်ပါ။
၁၇. မိမိ ပါတ်ဝန်းကျင်အား တတ်နိုင်သလောက် အကျိုးပြုနိုင်ရန်ကြိုးစားပါ .. ဥပမာ သစ်ပင်စိုက်ခြင်း၊ ပန်းအလှပင်စိုက်ခြင်း၊ မိမိတစ်ပိုင်တစ်နိုင် သန့်ရှင်းရေးပြုလုပ်ခြင်း။
၁၈. ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများကို အကျိုးရှိစွာ အသုံးချပါ.. ပလပ်စတစ်၊ စက္ကူ အစရှိသည် တို့သာမက မိမိ အတွက် မလိုအပ်သော အ၀တ်အစား အသုံအဆောင်များကို အခြား လိုအပ်သူများ၊ ဆင်းရဲနွမ်းပါးသူများအား ပြန်လည်မျှဝေ လှူဒါန်းပေးပါ။
၁၉. ကမ္ဘာကြီး ပိုမို ပူနွေးလာသော အကြောင်းအချက်များကို ဖော်ထုတ်ရှာဖွေခြင်း၊ ကာကွယ်ဖြေရှင်းခြင်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပါ။
၂၀. အရာရာကို သတိနှင့်လုပ်ဆောင်ပါ.. ဖြစ်တတ်သော အရေးပေါ်အခြေအနေများအတွက် ကြိုတင် ပြင်ဆင် တတ်သည့် အလေ့အကျင့်ကို မွေးမြူပါ။
၂၁. ကောင်းမွန်သာယာသော လုပ်ငန်းခွင်၊ ပတ်ဝန်းကျင် ဖြစ်တည်လာရန်အတွက် မိမိဆက်စပ် ပါတ်သက်ရာ အဖွဲ့အစည်း အသိုင်းအ၀ိုင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါ။
၂၂. လွယ်လွယ်နှင့် ခွင့်လွှတ်တတ်သူ၊ နားလည်စာနာစိတ်ထားတတ်သူ တစ်ယောက် ဖြစ်လာအောင် ကြိုးစားပါ.. သူတစ်ပါးကို နားလည်ခွင့်လွှတ်တတ်သူသည် ကိုယ်တိုင်လည်း စိတ်၏ ချမ်းမြေ့ခြင်းကို ရရှိနိုင်ပါတယ်။
၂၃. မိမိ၏ ၀င်ငွေ ထွက်ငွေကို စနစ်တကျ စီမံ ခန့်ခွဲတတ်သူဖြစ်ပါစေ.. အမှန်တကယ် လိုအပ်သော ကိစ္စမျိုးတွင်သာ ငွေကို သုံးစွဲတတ်အောင် စနစ်ကျသူ ဖြစ်ပါစေ။
Anolia Orfrecio Facun ရဲ့ The Ways to Make a Difference to Yourself and Others ကို ဘာသာပြန်ပါသည်။
အားလုံးဘဲ မိမိလက်ရှိ လူမှု ပါတ်ဝန်းကျင်၊ လုပ်ငန်းခွင်များနှင့် အဆင်ပြေပြီး ပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်။
ချော(အစိမ်းရောင်လွင်ပြင်)
18 comments:
- သိင်္ဂါကျော် said...
-
အချက်တွေ အားလုံးနီးပါးကို သဘောကျတယ်...
- March 24, 2010 at 1:08 PM
- မြစ်ကျိုးအင်း said...
-
အချက်တွေ အားလုံးရဲ့ ထက်ချိုးလောက် လုပ်နိင်ရင်တောင် တက်ကြွ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာနိင်တယ်။
ဒီပို့စ်လေး သဘောကျတယ် - March 24, 2010 at 2:08 PM
- ဏီလင်းညို said...
-
ချောရေ.....
နံပါတ် ၆ ကတော့ ကိုဏီ့အတွက် လက်တွေ့ပဲဗျာ.......း))
(ရေပဲကြိုက်တယ်.....။ ကိုကာ ကိုလာတို့..၊စပရိုက်တို့ဆို ဒီမှာပေါပေမယ့် မသောက်ဘူး........၊ မကြိုက်လို့...။
ကြိုက်တာတော့ သောက်တယ်သိလား.......။ ဘာလဲဆိုဒါ ပြောပြဘူး........၊ သတ်ချင် သတ်ပလိုက်.....ဟိ....း))
ခင်မင်တဲ့
ဏီလင်းညို - March 24, 2010 at 2:17 PM
- ကိုဇော် said...
-
တော်တော်များများကို သိပေမဲ့....
တော်တော်များများကို မလုပ်ဖြစ်ဘူး...
ဒါကလည်း လူတိုင်းရဲ့ ထုံးစံပါပဲလေ...
မသိတာထက် စာရင် သိထားတော့ ကောင်းပါသေးတယ်။
ဆင်ခြင် မိတာပေါ့..။ - March 24, 2010 at 3:38 PM
- ဒဏ္ဍာရီ said...
-
ဘာသာပြန်ထားတဲ့ ဒီပိုစ့်လေးက အရမ်းကို ကောင်းတာပဲ ချောရေ.. စာဖတ်သူတွေအတွက် တကယ်လက်တွေ့သာ လိုက်လုပ်နိုင်မယ် ဆိုရင် အကျိုးရှိမှာ သေချာပဲ။ ကိုယ်တိုင်လည်း လုပ်နိုင်အောင် ကြိုးစားကြည့်အုံးမယ်နော်။
ခင်မင်လေးစားလျှက် - March 25, 2010 at 2:38 AM
- သဒ္ဓါလှိုင်း said...
-
လူမှုဝန်းကျင်မှာအဖိုးတန်မဲ့အချက်တွေပါပဲ..။အချက်အားလုံးကိုလိုက်နာနိုင်ရင်အရမ်းကောင်းမှာပဲလို့..။ နံပါတ်၂၂အချက်အတိုင်းသူတပါးကိုနားလည်ခွင့်လွှတ်နိုင်ပြီးစာနာနိုင်ဖို့ကြိုးစားရမယ်။
အချက်အားလုံးကိုလည်းလိုက်နာနိုင်အောင်ကြိုးစားမယ်နော်..။ ကျေးဇူးမချော...။
ခင်တဲ့
သဒ္ဓါ - March 25, 2010 at 3:44 AM
- seesein said...
-
အသိထက် အကျင့်ခက်
ကျင့်နိုင်ဖို့ကြိုးစားနေဆဲပါ ဒေါ်ချောချောရေ
စာကောင်းလေးတွေအတွက် ကျေးဇူးပါ
ခင်တဲ့
seesein - March 25, 2010 at 8:25 AM
- ကေသရီ said...
-
တစ်ချက်ချင်းကို လိုက်နာမယ်ဆိုရင် တစ်မျိုးခြင်းအကျိုးရှိမယ့် အရာလေးတွေပါ။ အားလုံးကို လိုက်နာနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့နော်။
- March 25, 2010 at 8:46 AM
- shwezinu said...
-
ညီမရေ
စာလာဖတ်သွားတယ်နော်
ခင်တဲ့
ရွှေစင်ဦး - March 25, 2010 at 8:50 AM
- မြသွေးနီ said...
-
လုပ်ဆောင်နိုင်တဲ့အချက်များ -၁၊၂၊၄၊၅၊၆၊၇၊၈၊၁၂၊၁၃၊၁၄၊၁၅၊၂၂
လုပ်ဆောင်နေသော်လည်းပိုမိုအားစိုက်ရမည့်အချက်များ - ၉၊၁၀၊၁၁၊၁၆၊၁၇၊၁၈၊၁၉၊၂၀၊၂၁၊၂၃
လုံးဝမှ မလုပ်ဆောင်နိုင်သေးသည့်အချက်များ - ၃ - March 25, 2010 at 10:47 AM
- ခေါ်န် said...
-
အမ
ညီမလေး ၂၃ အပိုဒ်ကို ပိုဂရုစိုက်ရမယ်ထင်တယ် ဟီး
လက်အရမ်းဖွါလို့ လေ ..................
ကျေးဇူးပဲနော် အမ သင်ခန်းစာလဲရသလို
သတိပေးသလို လဲ ဖြစ်သွားတယ် ..ကျေးဇူးပဲနော်.............
အမြဲအားပေးနေမယ်နော် .......ခေါ်န်............... - March 25, 2010 at 12:29 PM
- ပေါ့ဆိမ့် said...
-
နံပါတ်-၇ အပါအဝင် ကျန်တာတွေ လည်း သဘောကျသှ်....။
- March 25, 2010 at 4:37 PM
- Kotunygn said...
-
Right ...... Have a Nice Day !
Take Care ! - March 26, 2010 at 12:35 AM
- ကိုကိုမောင် said...
-
အားလုံးမဟုတ်ရင်တောင် တစ်ချို့ကို လိုက်နာကြည့်ဦးမယ်။ အကျိုးရှိမှာ သေချာတယ်။
- March 26, 2010 at 10:57 AM
- မကေ said...
-
မချောရေ ဖတ်တော့ဖတ်သွားတယ်။ ကျင့်တော့မကျင့်နိုင်သေးဘူး ကြိုးစားလိုက်အုံးမယ် အမရယ်
- March 26, 2010 at 11:26 AM
- ညီညီထွန်း said...
-
အမ အ၇မ်းဖတ်လို့ကောင်းပါတယ် --အ၇မ်းလည်းပညာ၇တယ်--
အဲလိုနေနိုင်ဖို့ကတော့မလွယ်ဘူးဗျာ-လွယ်လွယ်နဲ့တော မခွင့်လွှတ်နိုင်တတ်ဘူးဗျာ
အဲဒါတော့ကျွန်ဆိုးတယ်ဗျ--ကြိုးစားကြည့်တာပေါ့ဗျာ - March 27, 2010 at 6:13 AM
- ညရဲ့ကောင်းကင် said...
-
တကယ့်ကို နေထိုင်ဆောင်ရွက်ဖို့ကောင်းတဲ့ အချက်တွေပါပဲ ...
မှတ်သားသွားပါတယ် အစ်မ - March 28, 2010 at 4:42 AM
- အင်ကြင်းသန့် said...
-
အမလေးလေး...များထှာ... :))
အင်း...လိုက်နာနိုင်ဖို့ကြိုးစားကြည့်လိုက်ဦးမယ်...အခုလို မျှဝေပေးတာ ကျေးကျေးစ်
မမရဲ့ညီမလေး - March 28, 2010 at 9:47 AM