ကော်ဖီဆိုင်လေး ဖွင့်ရအောင် (၂)
Thursday, March 18, 2010
ကိုယ်တင်လိုက်တဲ့ပိုစ့်မှာ အမှားပါသွားလို့ ပြင်မယ်.. ဒါမှမဟုတ် စိတ်ကြိုက်မဖြစ်လို့ ပြန်ပြင်မယ် ဆိုရင် တင်လိုက်တဲ့ ပိုစ့်ရဲ့ အောက်ခြေ သို့မဟုတ် အပေါ်မှာ Edit ဆိုတာ ပါပါတယ်.. အဲဒါလေးကို နှိပ်လိုက်ရင် Dashboard ထဲ ပြန်ရောက်ပြီး ပြင်လို့ရပါပြီ.. မဟုတ်လဲ Dashboard ထဲမှာ ကိုယ်ကရောက်နေတယ်ဆိုရင် ဘယ်ဘက်ခြမ်းက တန်းစီနေတဲ့ Dashboard ရဲ့အောက်ကမှ Posts ကိုရွေးပါ.. ပြီးသွားရင် Edit ကို ကလစ်လုပ်ပါ.. ဒါဆိုရင် ကိုယ်တင်ထားတဲ့ပိုစ့်ကို စိတ်ကြိုက်ပြန်ပြင်လို့ရပါပြီ…
ကိုယ့်ရဲ့ ပိုစ့်ကို အမျိုးအစားအလိုက် ခေါင်းစဉ်ခွဲတွေရဲ့အောက်မှာ ထားရပါဦးမယ်.. ဥပမာ ၀တ္ထုဆို ၀တ္ထုအမျိုးအစား၊ ကဗျာ၊ ရသစာစု၊ ဆောင်းပါး စသဖြင့် ကဏ္ဍအလိုက် Categories ခွဲခြားဖို့ဆိုရင် အခု ပိုစ့်ကိုပြင်နေတဲ့ နေရာရဲ့ ညာဘက်နားမှာ Categories ဆိုတာ တွေ့ရပါလိမ့်မယ်.. အခုလက်ရှိတော့ ဘာမှ မခွဲရသေးတဲ့အတွက် Uncategories ဆိုတာကို တွေ့ရပါလိမ့်မယ်.. အဲဒီအောက်နားက အပြာရောင်စာသားနဲ့ + Add New category ကို တွေ့ရင် ကလစ်လုပ်ပါ..
ကလစ်လုပ်လိုက်ရင် သူ့အောက်မှာ လေးထောင့်ကွက်လေးပေါ်လာပါမယ်.. ကိုယ်လိုချင်တဲ့ Category နံမည်ရိုက်ထည့်ပါ.. ဆောင်းပါး၊ ၀တ္ထု စသဖြင့် တစ်ခုခုပေါ့နော်.. ပြီးသွားရင် Add ဆိုတာလေးကို ကလစ်လုပ်လိုက်ရင် ကိုယ်ရေးလိုက်တဲ့ Category လေးက အပေါ်က Categories အောက်ကိုရောက်သွားပါပြီ.. အမှန်ခြစ်လေးကို ကိုယ်လိုချင်တဲ့ Category ကိုဘဲ ပေးလိုက်ပါ..
အားလုံးပြီးသွားတဲ့အခါ Update ဆိုတဲ့ အပြာရောင်ကွက်လေးကို ကလစ်လုပ်ပါ.. ဒါဆိုရင် ပိုစ့်တစ်ခုလုံး ပြင်ပြီးသွားပါပြီ… အမျိုးအစားလဲခွဲပြီးသွားပါပြီ.. ဘလော့စာမျက်နှာပေါ်မှာ သွားကြည့်မယ်ဆိုရင် ခုလို မြင်ရမှာပါ…
ကိုယ်ရွေးခဲ့တဲ့ ဘလော့ရဲ့နံမည်ကို မကြိုက်တော့လို့ဖြစ်စေ.. အဆင်မပြေလို့ဖြစ်စေ ပြန်ပြောင်းချင်တယ် ဆိုရင်( ဥပမာ အစိမ်းရောင်လွင်ပြင် ကို ပြောင်းမယ် ဆိုပါစို့နော်) Dashboard ဘယ်ခြမ်းအောက်ဆုံးနားမှာ Settings ကိုရှာပါ ကလစ်လုပ် General ကိုရွေးပါ.. ပြီးသွားရင် အဲဒီ General Settings ထဲမှာ Blog Title, Tag Line တို့မှာ ၀င်ပြင်ပါ.. အခု ကျွန်မက ဘလော့နံမည်ကို ခရမ်းပြာလွင်ပြင် လို့ပြောင်းလိုက်ပါမယ်.. အောက်က Tag Line ထဲမှာ Just another My Lovecafe weblog စာတွေကို ဖျက်ပြီးတော့ ကိုယ်နှစ်သက်ရာ စာလုံးလေးများ ရေးထည့်လို့ရပါတယ်.. ကျွန်မက “ မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင်.. ” လို့ ပြောင်းလိုက်ပါတယ်… E-mail address ကိုတော့ အရင် ပေးထားတဲ့ လိပ်စာအတိုင်းတွေ့ရပါလိမ့်မယ်.. နောက် တစ်ခု ပြောင်းချင်တယ်ဆိုရင်တော့ တစ်ခြား E-mail address ပြန်ပြောင်းထည့်လို့ရပါတယ်..
ပြီးသွားရင် အောက်ဆုံးမှာ အပြာရောင် လေးထောင့်ကွက်နဲ့ Save Changes ကို တွေ့ပါမယ် .. ကလစ်လုပ်ပါ.. setting saved ဖြစ်ပြီးသွားရင် ကိုယ့်ဘလော့လေး ပြောင်းသွားပါပြီ.. အပေါ်မှာလဲ ခရမ်းပြာလွင်ပြင်လို့ မြန်မာလိုတွေ့နေရပါပြီ.. အဲဒီခရမ်းပြာလွင်ပြင်လေးကို ကလစ်လုပ်ပြီး ဘလော့စာမျက်နှာပေါ် မြင်ရမဲ့ ကိုယ့်ဘလော့ကို ပြန်ကြည့်ရအောင်.. အပေါ်မှာ ၀ိုင်းပြထားသလိုပါဘဲ ခရမ်းပြာလွင်ပြင်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ရှင်လို့ ပြောင်းသွားပါပြီ. Theme ကိုတော့ ကိုယ်ရွေးချယ်တဲ့ ဘလော့နံမည်နဲ့ လိုက်ဖက်တဲ့ Theme ကို စိတ်ကြိုက် ရွေးချယ်ပါ...
ဘလော့ရဲ့ Password က E-mail ကနေ ပို့ထားတဲ့ အတိုင်းဖြစ်နေတယ်.. မှတ်ရခက်နေတယ်.. ကိုယ့်စိတ်ကြိုက် Password ပြောင်းကြရအောင်.. ထုံးစံအတိုင်း ဘယ်ဘက်ခြမ်းမှာ Appearance, Plugins တို့အောက်မှာ Users ဆိုတာ တွေ့ရင် ကလစ်လုပ်ပါမယ်.. ကျလာတဲ့ထဲက Your Proflie ကိုရွေးပါ..
Profile ထဲမှာ ပြင်လို့ရပါပြီ.. user name နေရာမှာ ကိုယ်ပေးခဲ့တဲ့ login ၀င်တဲ့နံမည် တစ်ခုခုကိုတွေ့ပါလိမ့်မယ်.. ဒါကိုတော့ ပြောင်းလို့ မရတော့ပါဘူး.. ဒါပေမဲ့ ပိုစ့်တစ်ပုဒ်တင်တိုင်း တင်တဲ့သူဖြစ်တဲ့ ကိုယ့်နံမည်လေးကို မြန်မာလိုပေါ်ချင်တယ်ဆိုရင် Nickname (required) မှာ ကိုယ်ပေါ်စေလိုတဲ့ မြန်မာ နံမည်လေး ရိုက်ထည့်ပါ.. ကျွန်မက ချော လို့ ပြင်လိုက်ပါတယ်.. ပြီးတော့ သူ့အောက်က Display name publicly as မှာ အပေါ်က ရေးခဲ့တဲ့ ချောဆိုတဲ့ မြန်မာလိုစာလုံးကို ရွေးလိုက်ပါတယ်.. Contact Information တို့ About Yourself တို့မှာ ကိုယ့်အကြောင်းကို ကြိုက်နှစ်သက်သလို ဖြည့်လို့ ရပါတယ်.. အောက်ဆုံးနားမှာတော့ new password ဆိုတာ ရှိပါမယ်.. အဲဒီမှာ ကိုယ့် Password အသစ်ကို ဖြညိ့ပါ..၂ခုလုံးမှာ ဖြည့်ပြီးသွားရင်တော့ Update Profile ကို နှိပ်လိုက်ရုံပါဘဲ.. ဒါဆိုရင် ကိုယ့်ရဲ့ profile လေးက ပြည့်စုံသွားပါပြီ.. password လဲ စိတ်ကြိုက်ပြောင်းပြီးသွားပါပြီ..
ကိုယ့်ဘလော့ကို တစ်မျက်နှာမှာ ၁၀ပုဒ်ပေါ်အောင်ထားမလား၊ ၅ပုဒ်ဘဲထားမလားဆိုတာ ရှိပါတယ်.. ၁၀ပုဒ်ထားရင်တော့ စာမျက်နှာလဲရှည်တယ်.. တစ်မျက်နှာ အပြည့် မြင်ရဖို့အတွက် အချိန်လဲကြာပါတယ်.. ဒီတော့ တစ်မျက်နှာကို ၅ပုဒ်လောက် ထားတာက အကောင်းဆုံးပါ.. အဲဒါကိုတော့ Setting ရဲ့ အောက်က Reading မှာ ၀င်ပြင်ပါမယ်.. blog pages show at most မှာ ၁၀ ဖြစ်နေတာကို ၅ လို့ရွေးလိုက်ပါ.. ပြီးရင်တော့ Save Changes ကို နှိပ်ပါ.. ဒါဆိုရင် ကိုယ်ရေးထားသမျှပို့စ်တွေဟာ တစ်မျက်နှာကို ၅ပုဒ်နှုန်းနဲ့ ဖတ်လို့ရအောင် လုပ်ပြီးသွားပါပြီ..
ကိုယ့်ရဲ့ပိုစ့်တွေကို လာဖတ်သူများ Comment ပေးနိုင်အောင် စီစဉ်ပေးရပါဦးမယ်.. ဒါကိုတော့ Settings အောက်ကဘဲ Discussion မှာ ၀င်ပြင်ပါမယ်..
comment တွေကို သင်ကိုယ်တိုင် စစ်ဆေးကြည့်ရှုပြီးလို့ သဘောတူပြီဆိုမှ Approve လုပ်ပြီး ပေါ်စေချင်သလား.. ဒါမှမဟုတ် ရေးပြီးတာနဲ့ သူ့အလိုလို ပေါ်အောင် လုပ်ထားမလား.. ဘယ်လိုဘဲဖြစ်ဖြစ်ရပါတယ်.. Discussion Setting အောက်မှာ ရောက်ပြီဆိုရင် တွေ့ပါလိမ့်မယ် comment ရေးသူတွေကို နံမည်နဲ့ အီးမေလ်းလိပ်စာဖြည့်ခိုင်းမလား ဒီထဲမှာ စာတွေဖတ်ပြီး ကိုယ့်စိတ်ကြိုက်ပြင်ပါ.. Comment ကို အလိုလိုပေါ်လာစေချင်ရင်တော့ A comment is held for moderation က မှန်ခြစ်လေးကို ဖြုတ်လိုက်ပါ.. Anyone posts a comment ကိုတော့ ထားထားရပါမယ် ဒါမှ လူတိုင်း comment ပေးလို့ရမှာပါ.. Before a comment appears မှာ ကိုယ်က သဘောတူမှ comment ပေါ်ချင်တယ်ဆိုရင် ပထမ An administrator must always approve the comment ကို ရွေးထားရပါမယ် အောက်တစ်ခုကတော့ ပထမဆုံး comment တွေကို Blog ပိုင်ရင်က Approve လုပ်ပေးမှ နောက် comment တွေ လုပ်စရာမလိုတော့ပါဘူး.. သူကတော့ comment ပေးတဲ့သူ အသစ်မှန်သမျှ ပိုင်ရှင်က Approve လုပ်ပေးမှ ပေါ်ပါလိမ့်မယ်.. ကျွန်မတို့ကတော့ ၂ခုလုံးကို ဖြုတ်ထားပါတယ်.. လူတိုင်းကို လွတ်လပ်စွာ comment ပေးခွင့်ပြုထားပါတယ်.. အောက်ဆုံးမှာတော့ Comment လာပေးသူတွေရဲ့ နံမည်ဘေးမှာ ဘယ်လို အရုပ်ပုံလေးတွေနဲ့ ပေါ်စေချင်သလဲဆိုတာလေးပါ.. နှစ်သက်ရာကို ရွေးချယ်လိုက်ပါ.. အားလုံးပြီးသွားရင် Save Changes ပေါ့နော်..
နောက်ထပ်သိချင်တာများရှိခဲ့ရင် Mylovecafe ရဲ့ Help and Support (ဒီနေရာလေး) မှာ အသေးစိတ်ဖော်ပြထားတာမို့ သွားဖတ်လို့ရသလို မေးချင်တာများကိုလဲ မေးခဲ့နိုင်ပါတယ်.. Cafe ရဲ့ Admin က ပြန်လည် ဖြေကြားပေးပါလိမ့်မယ်ရှင်.. ဒီရက်ပိုင်း အလုပ်အနည်းငယ်များတဲ့အတွက် ပိုစ့်တင်တာ ကြာသွားပါတယ်.. ခွင့်လွှတ်ကြပါနော်.. နောက်ရက်တွေမှာ လိုအပ်တာလေးတွေ ထပ်ဖြည့်ပြီး ပြည့်စုံအောင် ဆက်ရေးသွားပါမယ်.. ပုံတွေကို ကြည့်ရတာ သဲသဲကွဲကွဲ မမြင်ရဘူးဆိုရင် တစ်ပုံချင်းစီကို ကလစ်လုပ်ပြီး အကြီးချဲ့ကြည့်လို့ ရပါတယ်..
အားလုံးဘဲ အဆင်ပြေပျော်ရွှင်ကြပါစေရှင်.......
ချော(အစိမ်းရောင်လွင်ပြင်)
9 comments:
- မောင်ဘကြိုင် said...
-
ကဖေးဆိုင်လေးသာထောင်ထားတယ် မလုပ်တတ်ဖူးလေ အခုတော့သိပြီဗျ
ကျေးဇူးပါး) - March 18, 2010 at 8:07 PM
- sosegado said...
-
mylovecafe and blogspot which one is better?
I have to learn a lot more. - March 18, 2010 at 9:36 PM
- amt said...
-
Excellent!!!
@sosegado
Blogspot is better but it's banned in Myanmar.. - March 18, 2010 at 10:19 PM
- AMyo said...
-
Thanks a lot friend,
To get a boyfriend quickly.
AMyo - March 18, 2010 at 11:21 PM
- acube said...
-
ကော်ဖီဆိုင် အဆက်လေးကို လာဖတ်သွားပါတယ် ပြည့်ပြည့်စုံစုံ ရေးပေးတာ ကျေးဇူးတင်ပါတယ်။ တစ်ခါတည်း လိုက် မလုပ်ဖြစ်တော့ နောင် အဆင်ပြေတဲ့အခါ ကော်ဖီဆိုင် ဖွင့်နိုင်အောင် ကူးထားလိုက်တယ်။
ပျော်ရွှင်ပါစေ --- - March 19, 2010 at 1:30 AM
- ကိုဇော် said...
-
အဟီး...
သားလည်း ဘာမှ မသိတော့...အမ ပေးတဲ့ အတိုင်းပဲ လိုက်လုပ်ရမှာပေါ့နော်။
ကျေးဇူး.. - March 19, 2010 at 4:32 AM
- ကိုကိုမောင် said...
-
မချောရေ..
အခုလို ဘလော့ဂ်ဖန်တီးနီးကို ပုံတွေနှင့်အတူ စိတ်ရှည်လက်ရှည်တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ မြန်မာပြန်ရောက်ရင်တော့ ဒီကော်ဖီဆိုင်လေးကိုဘဲ အားကိုးရတော့မယ်ထင်တယ်။
ပျော်ရွှင်ကြည်နူးနိုင်ပါစေ။ - March 19, 2010 at 5:56 AM
- ကေသရီ said...
-
ချောရေ
ပြည့်ပြည့်စုံစုံအသေးစိတ်ရေးပြသွားတဲ့အတွက် ကျေးဇူးပါနော်။ - March 19, 2010 at 8:35 AM
- ဘကျောက် said...
-
ကာဖီရေတွေကြိုလို့...ပါလား
- March 19, 2010 at 8:00 PM