ကော်ဖီဆိုင်လေး ဖွင့်ရအောင် (၁)

Sunday, March 14, 2010

 



 


http://mylovecafe.com/


 


 


ကျွန်မတို့ အသုံးပြုပြီး စာတွေရေးနေတဲ့ My Love Cafe မှာ ဘလော့လုပ်နည်းကို  ကော်ဖီဆိုင်လေး ဖွင့်ရအောင် ” ဆိုတဲ့ နံမည်နဲ့ အရင်ကထက် ပြည့်စုံအောင် ကြိုးစားပြီး  အဆင့်လိုက် ပြန်ရေးပါဦးမယ်ရှင်.. ဘာလို့လဲ ဆိုတော့ အရင်က ကျွန်မရေးထားတဲ့ ကိုယ်ပိုင်ဘလောဂ့် ရေးချင်သူများအတွက် ဆိုတာကို ဖတ်ပြီး ဘလောဂ့်တစ်ခု အကြမ်းတော့ ရပါပြီ.. နောက်ထပ်ပြည့်စုံအောင် ဘာတွေ ဆက်လုပ်ရမလဲ.. လင့်တွေ ဘယ်လိုထည့်ရမလဲ.. ဧည့်ကောင်တာတွေ၊ စီဘောက်တွေ ဘယ်မှာ ဖြည့်မလဲ စသဖြင့် ကျွန်မကို ဂျီတော့ ကနေရော၊ အီးမေလ်းကနေပါ မကြာခန မေးလာကြတော့ အားလုံးကို တစ်ပြိုင်တည်း ဖြေပြီးသားလဲ ဖြစ်အောင်၊ နောက်ထပ် ဘလော့လုပ်ချင်သူ၊ စာရေးချင်သူများလဲ အဆင်ပြေသွားအောင်၊ မသိသေးသူများလဲ သိသွားရအောင် ဒီနေရာကနေ  ပိုစ့်အသစ် ထပ်ရေးပါမယ်.. အရင်က ရေးတဲ့ပိုစ့်မှာ ဘလောဂ့် အကြမ်းလေးတစ်ခု ရရုံလောက်သာ ရေးခဲ့တာ ဖြစ်တဲ့အတွက်  မပြည့်မစုံဖြစ်ခဲ့ပါတယ်.. ဒီတစ်ခေါက်တော့ အတတ်နိုင်ဆုံးတော့ အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပြီး ရေးပါမယ်.. ရေးမဲ့အကြောင်းအရာ များတဲ့အတွက် တစ်ခါတည်း ပြီးဖို့ မလွယ်တာကြောင့် ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်နော်...


 


 



 


မြန်မာပြည်မှာ ဖရီးသုံးလို့ ရနေတဲ့ ကျော်ခွစရာမလိုတဲ့ http://mylovecafe.com/ မှာ ဘလော့တစ်ခုကို အလွယ်တကူ ရယူနိုင်ပါတယ်..  Mylovecafe ကို ဘယ်နိုင်ငံမှာ ရောက်နေသူဘဲ ဖြစ်ဖြစ် အလွယ်တကူ သုံးစွဲလို့ရသလို၊ စာရေးချင်သူများ မည်သူမဆို Account တစ်ခု အလွယ်တကူ ယူလို့ရပါတယ်.. အဲဒီ My Love Cafe ကိုရောက်တဲ့ အခါ Sign Up Now ကိုတွေ့အောင်ရှာပါ.. Sign Up Now ကို နှိပ်လိုက်ရင် User Name နဲ့ E mail Address ရိုက်ရမဲ့နေရာကို ရောက်ပါလိမ့်မယ်… User Name မှာ နံမည်တူရှိနေခဲ့ရင် မရပါဘူး.. ကိုယ်အမြဲ Login လုပ်ရမဲ့ နံမည်ဖြစ်တာရယ်.. ဘလောဂ့်ရဲ့ Domain နံမည် ဖြစ်လာမှာရယ်ကြောင့် သေချာ စဉ်းစားရွေးချယ်သင့်ပါတယ်.. User Name ကို မြန်မာလို ရေးလို့ မရပါဘူး.. အင်္ဂလိပ် စာလုံးတွေသာ ဖြစ်ရပါမယ်.. User Name ရေးပြီးသွားရင် အောက်မှာ E-mail address ကိုဖြည့်ပါ. ပြီးသွားရင် အောက်က list မှာ တွေ့ရတဲ့ Gimme a blog! ကို ရွေးပါ. Next ကို သွားပါ။


 



 


ဘလောဂ့်ဒိုမိန်းကို ခုနက ရေးလိုက်တဲ့ User Name နဲ့တွေ့ရပါလိမ့်မယ်.. ဥပမာ User Nmae က  Green ဖြစ်ခဲ့မယ်ဆိုရင် ဘလော့ဒိုမိန်းက  green.mylovecafe.com ဖြစ်နေပါလိမ့်မယ်.. အောက်က အကွက်လေးမှာတော့ နှစ်သက်ရာ ဘလောဂ့်နံမည်ကို မြန်မာလိုသော်လည်းကောင်း အင်္ဂလိပ်လို သော်လည်ကောင်း ရေးလို့ရပါပြီ.. ကျွန်မကတော့ အစိမ်းရောင်လွင်ပြင်လို့ ရွေးပါတယ်..


 



 


ပြီးရင် အောက်မှာ ကိုယ့်ဘလော့ကို search engine တွေမှာ လူတိုင်းရှာနိုင်အောင် Yes ကို ရွေးပါ.. နောက် Sign Up ကို ဆက်သွားပါ. Sign Up လုပ်တာ အောင်မြင်သွားပြီဆိုရင်တော့ Congratulations! Your new blog, ------------------  is almost ready. ဆိုပြီး တွေ့ရပါလိမ့်မယ်… ပြီးရင် ကိုယ့်ဂျီမေလ်းထဲမှာ ရောက်လာမဲ့ Activation Link ပါတဲ့မေလ်းကို စောင့်ပါ..


 


MyLove café က လာမဲ့ မေလ်းသည် Inbox ထဲမှာ မ၀င်ဘဲ Spam ထဲကို ရောက်မှာဖြစ်လို့ သေသေချာချာ ကြည့်ဖို့တော့လိုပါမယ်. Spam Mail ထဲမှာ တွေ့ပြီဆိုရင် To activate your blog, please click the following link: ဆိုတဲ့ စာတန်းအောက်က လင်ခ့်ကလေးကို ကလစ်လုပ်လိုက်ပါ.. ဒါဆိုရင် Activation လုပ်ပြီး ဖြစ်သွားပါပြီ..  ဒီနောက်မှာတော့ Spam  ထဲကို နောက်ထပ် မေလ်းတစ်စောင် ထပ်ရောက်လာမှာပါ.. အဲဒီမေလ်းထဲမှာ login ၀င်ဖို့ လင့်ခ်တစ်ခုရယ် user name နဲ့ password ရယ် ပါပါလိမ့်မယ်… လင်ခ့်ကိုကလစ်လုပ်လိုက်တဲ့အခါ ဒီပုံလေးနဲ့ ဘလောဂ့်ထဲကို ၀င်ဖို့ User Name နဲ့ Password တောင်းတဲ့နေရာရောက်ပါပြီ.


 



 


အီးမေလ်းထဲမှာ ပါတဲ့ User Name နဲ့ Password ကို သုံးပြီး ၀င်လိုက်တာနဲ့ ကိုယ့် blog ရဲ့  Dashboard ထဲကို ရောက်သွားပါမယ်..  ဒီလိုပုံလေးနဲ့ပါ.. ပိုစ့်တွေ စာတွေကို ဒီ Dashboard ထဲမှာ ရေးရမှာ ဖြစ်ပါတယ်..


 



 


 စာမရေးသေးခင် ကိုယ့်ဘလော့အကြမ်းထည်လေးကိုမြင်ချင်ရင် အပေါ်နားလေးမှာ မြန်မာလိုဖြစ်ဖြစ် ပေါ်နေတဲ့ ကိုယ့်ဘလော့နံမည်လေးကို (အစိမ်းရောင်လွင်ပြင်)  နှိပ်ကြည့်လိုက်ပါ.. ဒါဆိုရင် ဘလော့အကြမ်းထည်လေးကို ခုလို မြင်ရပါလိမ့်မယ်..


 



 


Hello World ဆိုတဲ့ ပိုစ့်လေးတစ်ခုပါ ပါနေတဲ့ အကြမ်းထည်လေးတစ်ခုပါ..  Hello World ဆိုတဲ့ ပိုစ့်က Auto ထည့်ထားပေးတဲ့ နမူနာပိုစ့်လေးပါ..  အောက်မှာ Comment တစ်ခုပါ နမူနာ ပါပါသေးတယ်.. ဒီပိုစ့်ကိုတော့မလိုအပ်တဲ့အတွက် ဖြုတ်ပစ်လိုက်လို့ ရပါတယ်.. ပြီးတော့ ဒီ ဘက်ဂရောင်း Theme လေးက မလှဘူးနော်.. ရိုးလွန်းနေတယ်.. ဒီတော့ သူများတွေလို Theme လှလှလေး လိုချင်သလား.. ရပါတယ်.. လုပ်ကြည့်တာ ပေါ့နော်… ခုနက စ၀င်ဝင်ချင်း ရောက်ခဲ့တဲ့ Dashboard ကို ပြန်သွားကြစို့လား.. ဘယ်လိုသွားမလဲ Post မှာပါတဲ့ Edit ကို နှိပ်ချင်နှိပ်၊ မဟုတ်ရင် window ဘယ်ဘက် အပေါ်ဆုံးထောင့်က Back  ကို ပြန်နှိပ်ချင်နှိပ်ပါ.. ဒါဆိုရင် ဒီလိုပုံလေးထဲကို ရောက်သွားပါမယ်..


 



 


ခုနက ပိုစ့်လေးကို မလိုချင်တော့တဲ့အတွက် အနီရောင်လေးနဲ့ ရေးထားတဲ့ Move to Trash ထဲကို နှိပ်လိုက်ပါ. ဒါဆိုရင် ပိုစ့်ကလေးဟာ Trash ထဲရောက်သွားပြီး ဘလောဂ့်စာမျက်နှာပေါ်မှာ ရှိတော့မှာ မဟုတ်ပါဘူး..


 



 


နှစ်သက်ရာ Themes ကိုရွေးချယ်ဖို့အတွက်တော့ Dashboard ရဲ့ အောက်တည့်တည့် ဘယ်ဘက် အခြမ်းမှာ ထက်အောက် တန်းစီနေတဲ့ Post , Media, Link, Page, Comment စတာတွေကို တွေ့ရမှာပါ.. အဲဒီထဲမှာမှ Appearance ကို ကလစ်လုပ်တာနဲ့ Manage Themes ဆိုတဲ့ နေရာလေးမှာ Themes ရောင်စုံလေးတွေ အများကြီးတွေ့မှာဖြစ်ပါတယ်.. အားလုံး ၁၂မျက်နှာလောက် ပါတဲ့အတွက် အကြိုက်မတွေ့မချင်း ရွေးလို့ ရပါတယ်.. ပထမ စာမျက်နှာက Themes မကြိုက်ရင် နောက်ထပ် စာမျက်နှာ၂  ၃ စသဖြင့် အဲဒီမှာတွေ ရှာလို့ရပါတယ်.. ကြိုက်တဲ့ Themes ကိုတွေ့ပြီဆိုရင်တော့  Themes တစ်ခုချင်းစီရဲ့ အောက်နားလေးမှာ Activate နဲ့ Preview ဆိုတာ ရှိပါတယ်… Preview  ကို ကလစ်လုပ်ရင် မပြောင်းခင် ကြိုပြီး ကြည့်လို့ ရပါတယ်.. Activate  ကတော့ တကယ် ပြောင်းမယ်ဆိုရင် နှိပ်ရမှာ ဖြစ်ပါတယ်.. စိတ်ကြိုက်တွေ့လို့ Activate လုပ်လိုက်ပြီးတဲ့အခါ ကိုယ်ရွေးတဲ့ Theme က အပေါ်ဆုံးကို ရောက်သွားပါပြီ…  ဘလောဂ့် မျက်နှာပေါ်မှာ ကြည့်ချင်တယ်ဆိုရင် ကိုယ့်ဘလော့ရဲ့ နံမည်( အစိမ်းရောင်လွင်ပြင်) ကို ပြန်နှိပ်ကြည့်ပါ.. ဒီပုံစံလေး ဖြစ်နေတာကို တွေ့ရမှာပါနော်…


 



 


စာတစ်ပုဒ်လောက် တင်ကြည့်ကြရအောင်လား.. ဘယ်လိုတင်ကြမလဲ.. Dashboard ကိုဘဲ ပြန်သွားပါမယ်.. window အပေါ်ဆုံးက ဘယ်ဘက်ထောင့်က  Back ဆိုတဲ့ မြှားလေးကိုဘဲ ပြန်သွားမယ်နော်. Dashboard ထဲပြန်ရောက်ပါပြီ.. ဒီတော့မှ Dashboard ဘယ်ဘက်အခြမ်းတွေအောက်မှာ Posts ကိုရှာပါ Posts ကို နှိပ်လိုက်ရင် အောက်မှာ ထပ်ကျလာမဲ့ထဲက Lists တွေ ရဲ့အောက်မှာမှ Add New  ကိုရှာပြီး ကလစ်လုပ်ပါ.. ပြီးသွားရင်တော့ ပိုစ့်အသစ်ရေးလို့ ရမဲ့ ဒီလိုနေရာလေးကို တွေ့မှာပါ…


 



 


 


Add New Post အောက်တည့်တည့်က အကွက်လေးထဲမှာ ပိုစ့်ရဲ့ ခေါင်းစဉ်လေးကို ဖြည့်ပါ.. ပြီးတော့ သူရဲ့အောက်မှာ  Add media, သူရဲ့အောက်မှာမှ B, I ဘားတန်းလေး ရှိပါတယ်… သူ့အောက်က ကွပ်လပ်အကျယ်ကြီးထဲမှာတော့ ကိုယ်ရေးလိုတဲ့ စာတွေကို ကူးထည့်ပါ.. မဟုတ်လဲ ရိုက်ထည့်ပါ…


 



 


စာရေးလို့ ပြီးသွားရင် B, I ဘားတန်းလေးရဲ့ အဆုံးနား ညာဘက်မှာ ရောင်စုံ အစက်လေးတွေနဲ့ လေးထောင့်ကွက် ရှိပါတယ်.. Visual ရဲ့ အောက်တည့်တည့်မှာပါ.. မတွေ့ရင် ဖြေးဖြေးရှာပါ.. မျက်စိရှင်ရှင်နဲ့ စေ့စေ့စပ်စပ်တော့ ကြည့်ဖို့လိုပါမယ်.. အဲဒီလေးထောင့်ကွက် ရောင်စုံလေးပေါ် ကာဆာတင်လိုက်ရင်  Show/Hide Kitchen Sink ( Alt+ Shift+Z) ဆိုတဲ့ စာလေးပေါ်နေပါတယ်.. အဲဒါလေးကို ဖိပြီး ကလစ်လုပ်ပါ.. ဒါဆိုရင် အောက်မှာ Paragraph  ဆိုတဲ့ စာသားနဲ့ စတဲ့ ဘားတန်းလေးတစ်ခု ထပ်ပေါ်လာပါတယ်…


 


 



 


အဲဒါတွေ အသုံးပြုပုံကတော့ Microsoft Word တို့ အသုံးပြုသလိုပါဘဲ…. စာလုံးလေးတွေကို အရောင်လေးတွေ ထည့်ချင်ရင် ထည့်မဲ့နေရာကို select မှတ်ပြီး A ကို နှိပ်ကာ ကြိုက်တဲ့အရောင်ကို ရွေးလိုက်ရင် စာလုံးလေးတွေ အရောင်လေးတွေနဲ့ တွေ့ရမှာပါ…


 


 



 


စာတွေကို အညီညှိချင်ရင် အတွင်းက စာကို Select လုပ်ပြီး U နဲ့ A ကြားက မျဉ်းပြတ်ကြောင်းလေးတွေပါတဲ့ လေးထောင့်ကွက်ကို ကလစ်လုပ်ရင် စာတွေ အညီ စီပြီးသွားပါပြီ.. အဲလို ညှိမထားရင် ပိုစ့်တင်တဲ့အခါ စာမျက်နှာပေါ်မှာ စာကြောင်းတွေ အတိုအရှည်မညီဘဲ ဖြစ်တတ်ပါတယ်.. ကြည့်လို့လဲ မလှပါဘူး.. ဒါကညှိပြီးတဲ့ပုံပါ..


 


 



 


 


ပိုစ့်ထဲမှာ ပုံလေးတစ်ပုံလောက် ထည့်ချင်တယ်ဆိုရင် ပုံထည့်ချင်တဲ့နေရာမှာ ကာဆာလေးကို ချပါ.. ပြီးရင် B I ဘားတန်းအပေါ်က Add Media ဘေးက လေးထောင့်ကွက်မဲ  Add an Image ကို နှိပ်လိုက်ပါက ဒီလိုလေးဖြစ်သွားပါမယ်..


 



 


အဲဒီကမှာ Select Files ကို နှိပ်လိုက်ရင် ကိုယ့်ကွန်ပျူတာထဲမှာ ရှိနေမဲ့ပုံထဲက တစ်ပုံပုံကို ရွေးချယ်လို့ရပါပြီ.. ရွေးပြီးလို့ Open လုပ်လိုက်ပြီးရင် ပုံက ရောက်သွားပါပြီ..


 



 


ရောက်သွားတဲ့ပုံလေးကို Post ပေါ်တင်ဖို့ အောက်နားမှာရှိတဲ့ Insert into Post ကို ရွေးလိုက်ပါ.. ပုံကလေးက ပိုစ့်ထဲ ခုလိုရောက်သွားရင် ညာဘက်အလယ်နားလေးမှာ Publish ဆိုတဲ့ အပြာရောင် လေးထောင့်ကွက် လေးကို ကလစ်လုပ်လို့ရပါပြီ…


 



 



 



 


ကလစ်လုပ်ပြီးသွားခဲ့ရင် ပိုစ့်ခေါင်းစဉ် ကော်ဖီဆိုင်လေးဖွင့်ရအောင် ရဲ့ အပေါ်နားမှာ  Post published. View Post ဆိုတာကို တွေ့ရမှာပါ.. အဲဒီက View Post ကို နှိပ်ကြည့်လိုက်ရင် ဒီလိုပုံစံလေးတွေနဲ့ ဘလောဂ့်ပေါ်မှာ ပုံလေးတွေနဲ့ တွေ့နိုင်ပါပြီ..


 



 


 


ခုတော့ ပိုစ့်ကို ဒီလောက်နဲ့ ရပ်ပါဦးမယ်… အရမ်းရှည်သွားခဲ့ရင် လိုက်လုပ်ရတာများပြီး မှတ်ရတာလဲ ခက်နေမယ်၊ ပိုစ့်ကလဲ အရှည်ကြီးဖြစ်နေမယ် စိုးတာကြောင့်ပါ.. နောက်ထပ် တစ်ဆင့်ချင်းစီ ထပ်ရေးပါဦးမယ်နော်.. အခုရေးထားသလောက်ကို လုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင် အီးမေလ်းနဲ့ မေးထားလို့ရပါတယ်.. ဂျီတော့မှာတော့ ရှိမှာမဟုတ်တဲ့ အတွက် မေလ်းနဲ့သာ မေးပေးဖို့ ပန်ကြားပါတယ်နော်..  ပြန်စာနောက်ကျရင်ရယ်၊ နောက်ထပ်ပိုစ့်တွေရယ်ကို  စိတ်ရှည်ရှည်နဲ့တော့ စောင့်ပေးကြဖို့ တောင်းပန်ချင်ပါတယ်...


 


စာရေးချင်သူများ၊ ဘလော့လုပ်ချင်သူများ အားလုံးဘဲ အဆင်ပြေချောမွေ့ကြပါစေရှင်...


 


ချော(အစိမ်းရောင်လွင်ပြင်)

18 comments:

ဒဏ္ဍာရီ said...

မြန်မာပြည်က သူငယ်ချင်းတွေအတွက် ဒီလို ဘလော့လေးက သိပ်ကို အသုံးဝင်ပြီး အဆင်ပြေတယ်နော်။ အခုလို ပင်ပန်းခံပြီး ပုံလေးတွေနဲ့ သေချာလေး ရှင်းပြသွားတာ ကျေးဇူးပဲ ချောရေ..။ တဆင့်ချင်းစီ ရှင်းပြထားတော့ လိုက်လုပ်ရတာ လွယ်သွားတယ်။

ခင်မင်လေးစားလျှက်

ဏီလင်းညို said...

ချောရေ.......
သူပဲ ဟိုတစ်လောက ကော်ဖီဆိုင်က ဖွင့်ရက်မမှန်လို့ .......ဆို.....း))
(လိုအပ်နေတဲ့သူတွေအတွက် တစ်ကယ်အကျိုးရှိမှာ သေချာ၏......)
ခင်မင်တဲ့
ဏီလင်းညို

shwezinu said...

ညီမရေ

အမလည်း ကော်ဖီဆိုင် တဆိုင် ဖွင့်ထားလိုက်အုန်းမယ်နော် ကျေးဇူး

ခင်တဲ့
မရွှေစင်

ကေသရီ said...

အခုလို အသေးစိတ်သေသေချာချာရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ချောရေ။ ကော်ဖီဆိုင်ဖွင့်ချင်တဲ့သူ အားလုံးအတွက် သိပ်ကိုအဆင်ပြေသွားလို့ပါ။ ချောတင်ထားတဲ့ post လေးတွေကို စောင့်ဖတ်ပြီး ဆိုင်လေးကို ပြင်ဆင်လိုက်ဦးမယ်။

aung said...

blog တော့ေ၇းချင်တယ်.....အတွေးလဲ၇ှိပါတယ်........
butေ၇း၇မှာ ပျင်းလို့....သူတို့ေ၇းတာဘဲဖတ်တော့မယ်....

လင်းကြယ်ဖြူ said...

Blog ရေးချင်သူတွေ အတွက် ဆိုလို့ ..ကျွန်တော်လည်း ရေးချင်လို့...
နည်းလမ်းကောင်းလေး လာယူသွားပါတယ်......း)
အပိတ်မခံ ရဘူးဆိုရင်တော့ အတော်သဘောကျတယ်ဗျိုး......
ပျော်ပါစေခင်ဗျာ
*.*.*

ကိုကိုမောင် said...

အမရေ..
အခုမှ ကွန်မင့်ပေးလို့ ရသွားတယ်။ နည်းပညာလေးတွေပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။
ကော်ဖီဆိုင်လေး ဖွင့်ကြည့်ဦးမယ်။ မြန်မာပြန်ရောက်ရင် အသုံးချရအောင်လို့။

အဆင်ပြေပါစေ။

စိတ်ကူးသစ် said...

ကျေးဇူးပါရှင်။

မောင်ဘကြိုင် said...

ကျွန်တော်လည်းကော်ဖီဆိုင်ဖွင့်ထားတယ်း)

HNIN THIRI said...

Thank u so much naw

acube said...

ကောင်းလိုက်တာ --- တို့လည်း ကော်ဖီဆိုင်လေး လာဖွင့်ဦးမှပါပဲ ---

ပျော်ရွှင်ပါစေ --

ကိုဇော် said...

မချောက ကော်ဖီဆိုင် ရောင်းကောင်းအောင် ကြော်ငြာလိုက်မှ ဖွင့်ချင်လိုက်ကြတာတွေ....
အများကြီးပါလား........( မျိုးကြီးလေသံဖြင့် )
အနော်တို့က ကြာပေါ့ ဖွင့်ထားတာ....
အခုလို စိတ်ရှည်ရှည် ပုံလေးတွေနဲ့ ရှင်းပြထားတော့ ကျေးဇူး အမရေ. . .။

ညရဲ့ကောင်းကင် said...

တကယ့်လိုအပ်နေတဲ့သူတွေ အတွက် အကျိုးရှိစေမှာပါ ...

amt said...

good တယ်ဗျာ။ :-)

ဂျေဂျူဝိုင် said...

အခုလို စိတ်ရှည်လက်ရှည် ရှင်းပြတာ တော်တော် ကောင်းပါတယ်။ ဓာတ်ပုံရိုက်ပြီးတော့ကို တင်တာ။ တော်တယ်ဗျာ။

နေမင်း said...

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
ကျွန်တော်ကသူငယ်ချင်းတွေစုပြီးကိုယ်ပတ်ဝန်းကျင်
ကလူတွေကိုတတ်နိုင်တဲ့အင်အားနဲ့ကူညီဖို့စိတ်တူကိုယ်တူသူငယ်
ချင်းတွေစုမလို့ပါအခုလိုဆိုက်တစ်ခုရတဲ့အတွက်အရမ်း
ပျော်ရွှင်မိပါတယ်ကျွန်တော်အကောင့်ကmoemin21@gmail.com
ပါသူငယ်ချင်းအားရင်လာခဲ့ပါအုံး

ပြည့်စုံ said...

ဖွင့်တော့ဖွင့်ချင်တယ်..ရေးရမှာလဲပျင်းတယ် အမရ....သူများတွေရေးတာပဲဖတ်တော့မယ်..ဟီးဟီးးး

အိုဘားမား said...

ဟူး..............မောလိုက်တာ ဆရာမရယ်..ကျေးဇူးလည်းတင်တယ်နော်..