ရွေးချယ်စရာ
Monday, March 8, 2010
ကျွန်တော့်အဖေဟာ အရမ်းကို အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ပါ.. သူဟာ ပေါင်မုန့်တွေကို အိမ်တွေမှာ လိုက်ဖြန့်ရတဲ့ အရောင်းကိုယ်စားလှယ် အလုပ်ကိုလုပ်ပြီး အမေနဲ့ ကျွန်တော်တို့မောင်နှမ ၃ယောက်ကို ကျွေးမွေးလာခဲ့တာပါ.. နေ့စဉ် အလုပ်ကနေ ပင်ပင်ပန်းပန်း လုပ်လို့ ပြန်လာပြီးတဲ့ ညနေတိုင်းမှာလဲ ဒီပလိုမာတစ်ခု ရဖို့အတွက် အတန်းတက်ပါတယ်.. အဖေ့ရည်ရွယ်ချက်က အခုထက်ကောင်းတဲ့အလုပ်တစ်ခုခုကို ရပြီး ဒီထက် လစာလဲ ကောင်းကောင်းရဖို့ ဖြစ်ပါတယ်.. တနင်္ဂနွေ တစ်ရက်ကလွဲလို့ ကျွန်တော်တို့မှာ အဖေနဲ့အတူ ထမင်းလက်ဆုံ စားရတယ်ဆိုတာ မရှိသလောက်ပါဘဲ… အဖေ ပင်ပင်ပန်းပန်း အလုပ်ကြိုးစားတာ၊ အပင်ပန်းခံပြီး အတန်း တက်နေတာတွေဟာ ကျွန်တော်တို့ မိသားစုကို အဆင့်မြင့်မြင့် ထားလိုတဲ့ စိတ်ကြောင့် ဖြစ်ပါတယ်..
ကျွန်တော်တို့က အဖေ့ကို မိသားစုအတွက် အချိန်မပေးဘူး၊ အလုပ်ကိုဘဲ ဦးစားပေးလွန်းတယ် လို့ ၀ိုင်းပြောကြရင် အဖေက သူအလုပ်လုပ်နေတာ၊ ပညာ ဆက်သင်နေတာတွေဟာ မိသားစုအတွက်လို့ အဖြေပေးတတ်ပါတယ်.. ဒါပေမဲ့ အဖေ့ရင်ထဲမှာလဲ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း အချိန်လေးပေးပြီး နေချင်တဲ့ဆန္ဒတော့ ရှိနေတာပါဘဲ..
အဖေတက်နေတဲ့ ဒီပလိုမာသင်တန်း ရဲ့အောင်စာရင်းထွက်တဲ့နေ့ ရောက်တဲ့အခါမှာတော့ အဖေ့အတွက် ၀မ်းမြောက်ပျော်ရွှင်စရာပါဘဲ.. ကြိုးစားခဲ့တဲ့ ရလဒ်အတိုင်း အဖေဟာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ပါတယ် အောင်စာရင်းထွက်ပြီး မကြာခင်မှာ အကြီးတန်း ကြီးကြပ်ရေးမှူး ရာထူးနဲ့အတူ ထိုက်သင့် ကောင်းမွန်တဲ့ လစာငွေကို ရရှိလာပါပြီ.. ခုတော့လည်း အဖေရဲ့ စိတ်ကူးအိပ်မက် တစ်ချို့က တကယ်ကို မှန်ကန်လာပါပြီ မိသားစုကို ယခင်ကထက် စာရင် ကောင်းကောင်းမွန်မွန် ကျွေးမွေးထားနိုင်ပါပြီ.. ကျွန်တော်တို့အိမ်မှာ ဇိမ်ခံ အသုံးအဆောင် ပစ္စည်းလေးတွေ၊ အ၀တ်အစား ကောင်းလေးတွေ အစားအသောက် ကောင်းတွေ ၀ယ်ယူ သုံးစွဲလာနိုင်ပါပြီ..
ဒါပေမဲ့လည်း မိသားစုတွင်းမှာတော့ အဖေနဲ့ အတူတူ နေခွင့်ရချိန်က မရှိသလောက်ကို နည်းပါးလာနေပါပြီ… အဖေဟာ အလုပ်ကို အားသွန်ခွန်စိုက်နဲ့ ယခင်ထက် ကြိုးစားပြီး လုပ်ပါတယ်... ခုအလုပ်မှာ ရာထူးမြန်မြန်တက်ပြီး မန်နေဂျာ တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက် ထားရှိပြန်ပါတယ်.. ဒီရည်ရွယ်ချက်ကြောင့်လဲ အကောင်းဆုံး စံပြ အလုပ်လုပ်သူ ဖြစ်အောင် အဖေက ကြိုးစားနေသလို တစ်ဘက်ကလည်း တက္ကသိုလ် တစ်ခုမှာ ကျောင်းတက်ဖို့လဲ စာရင်း ပေးသွင်းထားပြန်ပါတယ်.. ဒီတစ်ကြိမ်လဲ မိသားစုအတွက်လည်း အချိန်ပေးဖို့ အမေနဲ့ ကျွန်တော်တို့က အဖေ့ကို ၀ိုင်းပြောကြတဲ့အခါ မိသားစုအတွက် အပင်ပန်းခံပြီး အလုပ်လုပ်နေတာ၊ ပညာသင်နေတာလို့ဘဲ ပြန်ပြောပြန်ပါတယ်.. ဘာဘဲပြောပြော ဖေဖေ့ရင်ထဲမှာတော့ မိသားစုနဲ့ အချိန်လေးပေးပြီး နေချင်တဲ့ဆန္ဒကတော့ ရှိနေပါတယ်..
အဖေရည်ရွယ်ထားတဲ့ အတိုင်းပါဘဲ.. များမကြာခင်မှာ မန်နေဂျာအဖြစ် ရာထူးတိုးပြီး လစာငွေလည်း ပိုများလာပါပြီ.. ဖေဖေဟာ မေမေ့အိမ် အလုပ်တွေကို ကူညီဖို့အတွက် ကူဖော်လောင်ဖက် မိန်းခလေး တစ်ယောက် ငှားပေးပါတယ်.. အခုလက်ရှိနေတဲ့ အိပ်ခန်း၃ခန်းပါ တိုက်ခန်းကိုလဲ မိသားစုအတွက် လုံလောက်မှုမရှိဘူးလို့ သူက ထင်လာပါတယ်.. ဒါကြောင့် ကွန်ဒိုတိုက်ခန်းကျယ်ကြီးတစ်ခုကို မိသားစုအတွက် ၀ယ်ယူပေးချင်တဲ့ ဆန္ဒတစ်ခု ပြင်းပြစွာ ဖြစ်ပေါ်နေပါတယ်.. ဒါနဲ့ဘဲ အလုပ်ကို သူများတကာထက် မနားမနေ ကြိုးစား လုပ်ပါတယ်.. တနင်္ဂနွေလို နေ့မျိုးမှာတောင် ဖေဖေက အနားမယူဘဲ အလုပ်လုပ်လေ့ ရှိပါတယ်.. ဒါကြောင့်လဲ ကျွန်တော်တို့မှာ ဖေဖေ့ကို မြင်တွေ့ရချိန် နည်းသထက် နည်းလာပါတယ်… ပင်ပန်းလွန်းတဲ့ အဖေ့ကိုကြည့်ပြီး ကျွန်တော်တို့က အဖေ့ကို နားနားနေနေ အလုပ်လုပ်ဖို့နဲ့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနေဖို့ တောင်းဆိုတိုင်းလည်း မိသားစုရှေ့ရေးအတွက် ကြိုးစားနေတာ ဖြစ်ကြောင်း ပြောပြီး ထုံစံအတိုင်း ဖေဖေက အလုပ်ကိုသာ ဦးစားပေးပါတယ်..
ဒီလိုနဲ့ တက္ကသိုလ်ကနေလဲ ဘွဲ့တွေထပ်ရလာတဲ့ ဖေဖေဟာ ရာထူးတွေ အဆင့်ဆင့် တက်လာပြီး လစာတွေလဲ များသထက် များလာပါတယ်.. အဖေဖြစ်စေချင်ခဲ့သလိုဘဲ ကျွန်တော်တို့ တစ်မိသားစုလုံး ကောင်းကောင်း မွန်မွန် ကျယ်ကျယ်ဝန်းဝန်း နေနိုင်မဲ့ လှလှပပ ကွန်ဒိုတိုက်ခန်းလေးတစ်ခုကို ၀ယ်နိုင်ခဲ့ပါပြီ.. တိုက်ခန်းကနေ မြစ်ပြင်ကျယ် ရှုခင်း တစ်ခုလုံးကို ဆီးပြီးမြင်နိုင်သလို ဇိမ်ခံပစ္စည်း အသုံးအဆောင်အားလုံး ပြည့်စုံအောင်လည်း ထည့်သွင်းထားနိုင်ခဲ့ပြီ..
အဲဒီ ကွန်ဒိုတိုက်ခန်းကို ပြောင်းရွေ့ပြီးတဲ့ ပထမဆုံးတနင်္ဂနွေနေ့မှာ အဖေဟာ မိသားစုကို ကြေငြာချက်တစ်ခု ထုတ်ပြန်ပါတယ်.. အဲဒါကတော့ သူဟာခုချိန်ကစပြီး သင်တန်းတစ်ခုခု တက်တာ၊ ဘွဲ့ထပ်ယူတာတွေ မလုပ်တော့မဲ့အကြောင်းနဲ့၊ အလုပ်မှာလဲ ရာထူးတွေ ထပ်တက်ဖို့ မျှော်လင့်တကြီး မထားတော့ဘဲ ကျွန်တော်တို့ အတွက် အချိန်များများပေးပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဖြစ်အောင် ကြိုးစားတော့မယ် ဆိုတဲ့စကား ဖြစ်ပါတယ်.. အဖေရဲ့ စကားကြားတော့ အမေအပါအ၀င် ကျွန်တော်တို့ အားလုံး ၀မ်းပန်းတသာ ဖြစ်ကြရပါတယ်.. အဖေ့စကားနဲ့တင် မိသားစုတစ်ခုလုံး ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရတယ် ဆိုတာ ပြောမပြတတ်အောင်ပါဘဲ..
ဒါပေမဲ့လို့ သိပ်ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့ချစ်တဲ့ အဖေဟာ နောက်တစ်နေ့မနက် မိုးလင်းချိန်မှာတော့ အိပ်ပျော်နေရာကနေ ပြန်လည် နိုးမထခဲ့တော့ပါဘူး… ကျွန်တော်တို့ဘ၀မှာ အဖေနဲ့ ပျော်ပျော် ပါးပါး နေခဲ့ရတဲ့အချိန်တွေဆိုတာ သိပ်နည်းခဲ့သလို နောက်ကိုလည်း ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်တော့ပါ….
----------------------------------------------------------------------------------------------------------------------------
ကျွန်မတို့တွေရဲ့ ဘ၀မှာရော မိသားစုနဲ့ပျော်ပျော်ပါးပါး နေခွင့်ရခဲ့ကြပါရဲ့လား… လောက ဓမ္မတာအရ တစ်ခုလိုချင်ရင် တစ်ခုကို ပေးဆပ်ကြရသလိုပါဘဲ… အလုပ်နဲ့ ငွေကြေးကို ဦးစားပေးကြရင်း မိသားစုမေတ္တာနဲ့ ဝေးကွာခဲ့ ကြသူတွေ အများကြီးပါနော်.. ကျွန်မလဲ ပြန်စဉ်းစားရပါဦးမယ်.. ဘ၀မှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး နွေးနွေးထွေးထွေး နေထိုင်မလား ငွေကြေးအတွက် အလုပ်ကို ဦးစားပေးပြီး မိသားစုမေတ္တာတွေ ခြုံလွှမ်းထားတဲ့ နွေးထွေး လုံခြုံတဲ့အိမ်နဲ့ ဝေးရာမှာ နေမလားဆိုတာကိုပေါ့.. အချိန်ဆိုတာ အစားထိုးလို့ မရသလို နောက်ပြန်ဆွဲလို့လဲ မရပါဘူး... အချိန်မနှောင်းခင်မှာတော့ တစ်ခုခုကို ဆုံးဖြတ်နိုင်အောင် ကြိုးစားရပါဦးမယ်... ခုချိန်မှာတော့ မိသားစုနဲ့ ဝေးတဲ့တစ်နေရာမှာ အလုပ်ကို ဦးစားပေးနေရဆဲပါ..
ပျော်ရွှင်သာယာ ချမ်းမြေ့သော မိသားစုဘ၀များကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေရှင်....
The academictips.org မှ Live and Work ကို ဘာသာပြန်ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
17 comments:
- ဒဏ္ဍာရီ said...
-
ဒီပိုစ့်လေး ဖတ်ရင်းနဲ့ သားကို သတိရသွားတယ်။ မိသားစုနဲ့ နေရတဲ့ အချိန်သိပ်နည်းလွန်းလို့ အမေကို စာရေးပြီး ပြောရှာတယ်။ ကြိုးစားလိုက်အုံးမယ် ညီမရယ်။ အတွေးလေးတွေနဲ့ စဉ်းစားမိသွားတယ်။ ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက် - March 8, 2010 at 7:55 PM
- သက်တန့်ချို said...
-
အင်း တွေးစရာလေးတွေရသွားပါတယ်သူငယ်ချင်း ။ အမှန်တော့ မိဘတိုင်းလိုလို မိသားစုအတွက် သီးသန့်အချိန်လေး ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲလေ.. သားသမီးဖက်ကလည်း ဒီတိုင်းပါပဲ မိဘကို ပြုစုလုပ်ကျွေးဖို့ အချိန်လေးရှိတုန်း ပြင်ဆင်သင့်ပါတယ် ။
- March 8, 2010 at 9:25 PM
- ဘကျောက် said...
-
အဖေကလဲ သေခါနီးမှပြောရသလား.
- March 8, 2010 at 9:40 PM
- ဇော်သိင်္ခ said...
-
သားသမီးတွေအတွက် ဖခင်တစ်ယောက် ရဲ့ မေတ္တာနဲ့ ဥစ္စာတွေ ပြီးပြည့်စုံတဲ့ ဘ၀မှာ အတူတကွ ပျော်ရွင် စွာ နေရမဲ့အချိန်မှာ နေခွင့် ရမသွားတဲ့ အတွက် တကယ်စိတ်မကောင်းစရာ ဖြစ်မိပါတယ်. ... မုကာခင်ကမှ စွန့်ခွာ သွားတဲ့ ကျနော်တို့ ရဲ့  အဖေ ကို ပိုပြီး သတိရစေတဲ့ ပို့ လေး ဖြစ်သွား စေပါတယ်...
- March 8, 2010 at 10:26 PM
- ညရဲ့ကောင်းကင် said...
-
တခုလိုချင်ရင် တခုတော့ ပေးဆပ်ရမယ်တဲ့ ...
အမှန်ပဲ အစ်မရေ..အမှန်ပါပဲ... - March 9, 2010 at 12:50 AM
- မြသွေးနီ said...
-
ပြည့်စုံချမ်းသာမှုဆိုတာက ကြိုးစားဖန်တီးလို့ရနိုင်ပါတယ်။
ပျော်ရွှင်ဘွယ် မိသားစုဘ၀ဆိုတာကတော့ ပြန်လည်ဖန်တီးရယူလို့မရဘူးဆိုတာ ဒီပို့စ်လေးကပြောနေသလိုပါပဲချောရေ..။ ဆင်ခြင်စရာပါနော်။ - March 9, 2010 at 12:54 AM
- သဒ္ဓါလှိုင်း said...
-
ပျော်ရွှင်စရာချမ်းမြေ့ဖွယ်မိသားစုဘ၀ဆိုတာအဖိုးမဖြတ်နိုင်ပါဘူး..။ ဝေးကွာသွားတဲ့အချိန်မှာပိုလို့လွမ်းဆွတ်ရတယ်။အရေးကြီးတာကတော့
ဝေးကွာတဲ့အချိန်မှာလည်းသတိတရနဲ့မေတ္တာထားတတ်ဖို့လိုမယ်နော်..။
ခင်တဲ့
သဒ္ဓါ - March 9, 2010 at 1:04 AM
- Saung Yune La said...
-
Very good. This is a great heart touching short noble.
Thank you my sister. - March 9, 2010 at 5:40 AM
- မြစ်ကျိုးအင်း said...
-
အချိန်နဲ့ မိသားစု ရဲ့ ပြဿနာက အခုခေတ်မှာ ပိုများများလာတယ်။
မိဘဘက်ကကြည့်လည်း မှန်နေတာပဲ ၊ သားသမီးဘက်ကလည်း လိုချင်ရှာမှာပဲ။
အဖြေထုတ်မရတဲ့ ပြဿနာတွေက များများလာတယ်နော် - March 9, 2010 at 10:10 AM
- ကိုဇော် said...
-
လက်ရှိ အချိန်က အကောင်းဆုံးပါပဲ..။
- March 9, 2010 at 10:10 AM
- လသာည said...
-
ဖေ့ဖေ့ကို သတိရသွားတယ်...
မိသားစုဘ၀ကို မြင့်တင်ဖို့ ကြိုးစားရင်း မိသားစုနဲ့ ကင်းကွာလာရတာ ဖတ်ရတိုင်း ရင်နာမိတယ်..။
ပိုစ်လေးက ဖတ်လို့ကောင်းတယ်။ ချောက စာရေးလည်းကောင်းတယ်နော်။ ပထမဆုံးရောက်ဖူးပေမယ့် တကယ် သဘောကျသွားတယ်။ နောက်လည်း ဒါမျိုးများများရေးပါဦး.. - March 9, 2010 at 5:01 PM
- mg han said...
-
ကျွန်တော်ဆိုရင်လဲသူ.လိုသေချင်ပါတယ်။ဒါအဖေတွေရဲ.အိပ်မက်ပါပဲ။
- March 10, 2010 at 9:19 PM
- ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား said...
-
တာဝန်ကျေအောင် သူ့အမြင်နဲ့သူ ကြိုးစားထမ်းဆောင်သွားတဲ့ ဖခင်တစ်ယောက်အတွက် အပ်နှင်းလိုက်တဲ့ ဆုက သေခြင်းတရားတဲ့လားဗျာ..........
- March 11, 2010 at 5:53 AM
- အင်ကြင်းသန့် said...
-
မမရေ...ဘယ်သူမဆို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတာချည်းပါပဲ...ဒါပေမယ့်လည်းပေါ့လေ... :(
- March 12, 2010 at 8:05 AM
- ကိုကိုမောင် said...
-
မိသားစုနှင့်အတူတူနေချင်ပေမဲ့ မိဘနှစ်ပါးလုံး မရှိကြလေတော့ မိဘရှိတဲ့သူတွေကိုဘဲ အားကျနေမိပါတော့တယ်။ မိသားစုအသိုက်အ၀န်းရှိကြသူတိုင်း အလုပ်တွေနဲ့ဘဲ နပန်းလုံးမနေဘဲ အနည်းဆုံးတစ်လတစ်ခါလောက်တော့ မိသားစု ပျော်ပွဲစားလေး အတူတူထွက်သင့်တယ်လို့ ထင်မိပါတယ်။
ပြီးတော့ မိသားစုအားလုံး အခွင့်ရှိတုန်းမှာ အတူတူနွေးနွေးထွေးထွေးနေဖို့လဲ အလွန်လိုအပ်ပါတယ်။ - March 12, 2010 at 10:37 AM
- Kotunygn said...
-
Ur post gave me different kind of feeling.
- March 13, 2010 at 2:39 AM
- Twinkle said...
-
Life is too short, we can't know what happen after ....
so everyone should live peace and happy life...
and as possible as we should help other... - March 29, 2010 at 4:19 AM