ပေါ့ပေါ့ပါးပါး ပြုံးစရာ (၂)
Wednesday, February 10, 2010
ဦးထုပ်ရောင်းသူ
picture from google search
တစ်ခါတုန်းက တစ်မြို့မှတစ်မြို့သို့ ကူးသန်းသွားလာကာ ဦးထုပ်များကို ရောင်းချသူတစ်ဦး ရှိပါတယ်.. တစ်နေ့သောအခါ ဦးထုပ်သည်ကြီးဟာ မြို့တစ်မြို့မှ အခြားမြို့သို့အသွား တောအုပ်ကြီး တစ်ခုကို ဖြတ်သန်းသွားရပါတယ်.. သူဟာ မေပန်း နွမ်းနယ်လွန်းတဲ့အတွက် ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အရိပ်အောက်မှာ ခေတ္တအနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်..သူ့ဦးထုပ်တွေ ထည့်ထားတဲ့ ခြင်းတောင်းကြီးကို ဘေးမှာအသာချပြီး သစ်ပင်ခြေရင်းမှာ မောပန်းစွာ အိပ်ပျော်သွားခဲ့ပါတယ်..
သူပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးထုပ်တွေအားလုံး ပျောက်ဆုံးနေတာကို တွေ့ရပါတယ်... ဦးထုပ်သည်ဟာ အံ့သြလွန်းစွာနဲ့ ပျောက်ဆုံးသွားတဲ့ ဦးထုပ်တွေကို လိုက်ရှာဖို့ ဟိုဟိုဒီဒီ လိုက်ကြည့်တဲ့အချိန်မှာ သစ်ပင်တစ်ပင်လုံးပေါ်မှာ မျောက်အုပ်စုလိုက်ကြီးကို တွေ့လိုက်ရပါတယ်.. မျောက်တိုင်းရဲ့ လက်ထဲမှာလည်း ဦးထုပ်သည်ကြီးရဲ့ ဦးထုပ် တစ်လုံးစီကို ကိုင်ဆောင်ထားကြပါတယ်.. ဦးထုပ်သည်ဟာ သစ်ပင်ခြေရင်းမှာ ထိုင်ချလိုက်ပြီး သူ့ဦးထုပ်တွေပြန်ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားပါတယ်.. စဉ်းစား နေရင်းနဲ့ စိတ်ရှုပ်လာပြီး သူ့ခေါင်းကို ကုတ်လိုက်မိပါတယ်..
အံ့သြစရာ
သစ်ပင်ပေါ်က မျောက်အားလုံးဟာလည်း သူလုပ်တဲ့အတိုင်း ခေါင်းတွေကို ကုတ်နေကြပါတယ်.. နောက် ဦးထုပ်သည်က သူ့ဆောင်းထားတဲ့ ဦးထုပ်ကို ကိုင် လိုက်တဲ့အခါ မျောက်တွေဟာလည်း အဲဒီအတိုင်းဘဲ လုပ်ပြန်ပါတယ်.. ဒါကိုတွေ့လိုက်တဲ့ ဦးထုပ်သည်ဟာ သူ့ဦးထုပ်တွေ ပြန်ရဖို့ နည်းလမ်းကို စဉ်းစားမိပါတော့တယ်.. သူဟာ ဦးထုပ်ကို ခပ်ဝေးဝေး မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်ပါတယ်.. မျောက်အားလုံးဟာလည်း သူလုပ်တဲ့အတိုင်း မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်တဲ့အခါမှာတော့ ဦးထုပ်သည်ဟာ သူ့ဦးထုပ် အားလုံးကို ပြန်ရလိုက်ပါတယ်..
နောက် နှစ်ပေါင်း ၅၀ကြာတဲ့အခါမှာ ဦးထုပ်သည်ကြီးရဲ့ မြေးတစ်ယောက်ဟာလည်း ဦးထုပ်ရောင်းချသူ ဖြစ်လာပါတယ်.. သူဟာလည်း တစ်မြို့က တစ်မြို့ ကူးသန်းကာ ဦးထုပ်ရောင်းချရင်း တောအုပ်ကို ဖြတ်သန်းဖို့ ရောက်ရှိလာပါတော့တယ်.. နေပူပြင်းလွန်းတဲ့ အတွက် သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ ခရီးတစ်ထောက်နားဖို့ ဆုံးဖြတ်ပါတယ်.. သစ်ပင်အောက် ရောက်တဲ့အချိန်မှာ ဦးထုပ်တွေကို ဘေးမှာအသာချလို့ အိပ်ပျော် သွားပါတယ်.. သူနိုးလာတော့ ဦးထုပ်တစ်လုံးမှ မရှိတော့တာကို တွေ့လိုက်တဲ့အခါ သူငယ်စဉ်က အဖိုးထံမှ ကြားခဲ့ရဖူးတဲ့ ဇာတ်လမ်းလေးကို ပြန်သတိရသွားပါတယ်.. ဒါနဲ့ သစ်ပင်ပေါ်ကို မော့ကြည့်လိုက်တော့ သူ့အဖိုးတုန်းက လိုဘဲ မျောက်တွေဟာ သူ့ဦးထုပ် အားလုံးကို တစ်ကောင်ကို တစ်လုံးစီ ကိုင်ဆောင်ထားတာ တွေ့လိုက်ပါတယ်...
ဦးထုပ်သည်လေးဟာ သူ့အဖိုးရဲ့ စကားကို ပြန်သတိရပြီး အဖိုးလုပ်ခဲ့သလိုဘဲ.. သူ့ခေါင်းကို ကုတ်လိုက်ပါတယ်.. မျောက်အားလုံးဟာလည်း သူလုပ်သလို လိုက်ကုတ်ကြပါတယ်.. သူဟာ ဦးထုပ်ကို ချွတ်လိုက်ပြီး ယပ်ခတ်သလိုလုပ်တဲ့အခါ မျောက်အားလုံးဟာ သူလုပ်သလို လိုက်လုပ်ပြန်ပါတယ်.. သူ့အဖိုးရဲ့ အကြံပိုင်ပုံကို စဉ်းစားရင်း ဦးထုပ်သည်လေးဟာ သူ့ဦးထုပ်ကို အဝေးက မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်ပါတယ်..
ဒီတစ်ခါတော့ ထူးဆန်းပါတယ်.. မျောက်တွေအားလုံး ဦးထုပ်ကို လွှင့်မပစ်ဘဲ ဆက်ပြီး ကိုင်ထားတာကို တွေ့ရပါတယ်.. ဦးထုပ်သည်လေးဟာ အလွန်ကို အံ့သြနေပါတယ်.. ဒီတစ်ခေါက် မျောက်တွေဟာ ဘာဖြစ်လို့များ သူလုပ်သလို လိုက်မလုပ် ကြတာပါလိမ့်လို့ စဉ်းစား နေမိပါတယ် . ဒီအချိန်မှာ မျောက်တစ်ကောင်ဟာ သစ်ပင်ပေါ်က ဆင်းလာပြီးတော့ သူလွှင့်ပစ်လိုက်တဲ့ ဦးထုပ်ကို အပြေး သွားကောက်ပြီး လက်ခုပ်လက်ဝါး တီးကာ ဦးထုပ်သည်လေးကို စကားတစ်ခွန်းဘဲ လှမ်းပြောလိုက်ပါတယ်.. ဘာပြောလိုက်တယ် ဆိုတာ စာဖတ်သူများ ခန့်မှန်းကြည့်ပါလားရှင်.. ပြောလိုက်တာက တစ်ခွန်းထဲပါနော်..
************* ****
************ *..
***********. .
*********..
********
*****..
****.
***
**.
*
**.
*
..
.
.
.*
*.
* မင်းတစ်ယောက်ဘဲ အဖိုးရှိတယ် ထင်သလားတဲ့*
ဟုတ်တာပေါ့.. မျောက်တွေကလဲ သူတို့အဖိုးဆီကနေ ဦးထုပ်ဇာတ်လမ်းလေးကို ကြားခဲ့ဖူးမှာ ပေါ့နော်... :) :) :)
-----------------------------------------------------------------------------------------------------------------------
အိမ်ထောင်သက် နှစ် ၅၀အကြာ
picture from google search
အိမ်ထောင်သက် ၅၀ရှိပြီ ဖြစ်တဲ့ အဖိုးအဖွား စုံတွဲဟာ အိပ်ရာဝင်ကြရင်း ကုတင်ပေါ်မှာ လှဲလျောင်းနေပါတယ်.. ယောက်ျားဖြစ်တဲ့ အဖိုးကြီးကတော့ မြန်မြန်ဆန်ဆန်ဘဲ အိပ်မောကျသွားပါတယ်.. သို့သော်လည်း အဖွားအိုကတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်စဉ်းစားရင်း အိပ်မပျော်ဘဲ သူ့ယောက်ျားနဲ့ ကြည်ကြည်နူးနူး စကားတွေ ပြောချင်စိတ် ဖြစ်နေပါတယ်..
ဒီတော့ သူ့ယောက်ျားကို
“ ရှင် အရင်တုန်းကဆိုရင် ကျွန်မရဲ့ လက်ကလေးကို အမြဲတမ်း ဆုပ်ကိုင် ထားတတ်တယ်နော်.. ခုဆို အဲလို မကိုင်တာ အတော်တောင် ကြာပြီ.. ” လို့ ပြောလိုက်ပါတယ်.. သူ့ယောက်ျားဖြစ်သူ အဖိုးကလဲ သူ့မိန်းမ စိတ်ကျေနပ်စေဖို့ အိပ်ချင်မူးတူးနဲ့ လက်ကို လှမ်းကိုင်လိုက်ရင်း ပြန်အိပ်ပျော်သွားပါတယ်..
ခနလောက်အကြာမှာ အဖွားကြီးက “ ရှင်က အဲလို လက်ကလေးကို ကိုင်ပြီးရင် ကျွန်မကို အမြဲ နမ်းနေကျနော်.. ” လို့ပြောပြန်ပါတယ်..
အဖိုးကြီးကလဲ နည်းနည်းတော့ ကျွဲမြီးတိုလာပါတယ်.. ဒါပေမဲ့ မျက်စိမဖွင့်ချင် ဖွင့်ချင်နဲ့ သူ့မိန်းမပါးကို နမ်းလိုက်ပြီး ပြန်အိပ်ပျော်သွားပြန်ပါတယ်..
စက္ကန့် ၃၀လောက်အကြာမှာ မိန်းမဖြစ်သူက “ အဲဒီလို နမ်းပြီးတိုင်း ကျွန်မလည်ပင်းကို ရှင့်သွားလေးတွေနဲ့ ဖွဖွလေး ကိုက်နေကျနော် ” တဲ့..
အဖိုးကြီးဟာ ရုတ်တရက်ထပြီး ခြုံထားတဲ့စောင်ကို ဒေါသတကြီး ဆွဲဖယ်လိုက်ပါတယ်.. ပြီးတော့ ကုတင်ပေါ်က ဆင်းလိုက်ပါတယ်..
အဖွားကြီးက လှမ်းမေးလိုက်တယ်.. “ ရှင်ဘယ်သွားမလို့လဲ ”
အဖိုးကြီးက ပြန်ဖြေလိုက်ပါတယ်..
“ အေး မင်းကို ကိုက်ဖို့ ဖြုတ်ထားတဲ့ ငါ့သွားတုတွေ သွားယူမလို့ဟေ့ ” တဲ့
:) :) :)
Funzug.com မှ Hat Seller နှင့် After 50 Years ကို ဘာသာပြန်ပါသည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေရှင်...
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- မြသွေးနီ said...
-
ချောရေ...
တကယ်ကို ရယ်မိပါတယ်..
:) - February 11, 2010 at 1:27 AM
- ခေါ်န် said...
-
ပင်ပန်းနေတဲ့ အချိန်မျိုးမှာ ဒီစာကိုဖတ်မိရင် အမောပြေသွားနိုင်တယ်..ဟားဟ
- February 11, 2010 at 1:42 AM
- ညီညီထွန်း said...
-
အမ၇ယ် ရယ်ရပါတယ် ----------
အင် လောကမှ ဘယ်အရာမှ တ၇ားသေမှတ်လို့မ၇ပါလားနော်----------
စာအုပ်ကြီးအတိုင်းလုပ်ရင်တော့ မွဲသွားမှာပေါ့---------- - February 11, 2010 at 3:02 AM
- kokomaung said...
-
ရယ်လဲ ရယ်ရတယ်။ အသိလဲ တိုးစေပါတယ်။ အမရဲ့  ပို့စ်တိုင်း ဖတ်လို့ကောင်းတယ်။ ဗဟုသုတအများကြီးရပါတယ်။
- February 11, 2010 at 3:03 AM
- ဇာဏီ said...
-
အမ်..
ကျနော်က အဖိုးပုံပြင်ပဲ သိထားတာ..
မြေးပုံပြင်ကို အခုမှ သိရတော့တယ်..
အဟိ..
မင်းတစ်ယောက်ပဲ အဖိုးရှိတယ်ထင်သလားတဲ့ မှတ်ကရော ဟယ်.. - February 11, 2010 at 4:31 AM
- မျှော်လင့်သူ said...
-
အားပါး...
ဦးထုပ်ရောင်းသူက အရမ်းရယ်ရတာပဲ အစ်မရေ.. - February 11, 2010 at 4:45 AM
- မြစ်ကျိုးအင်း said...
-
ဒုတိယမြောက် ဇာတ်လမ်းက အခုမှ ဖတ်ဖူးတာ
အသက်ကြီးလာတော့ ရိုမန်မတစ် နိင်တော့ဘူးထင်ပါရဲ့ :) - February 11, 2010 at 6:38 AM
- ချစ်ကြည်အေး said...
-
အမ ကြားဖူးတဲ့ ဘာဂါ ပုံပြင်လေးလိုပဲ...ချစ်စရာ....:))
- February 11, 2010 at 7:07 AM
- ကိုဇော် said...
-
သွားတုတွေ ကြိုလုပ်ထားမှ ထင်တယ်။
အဟီး........လို့လည်း ရယ်ပြနိုင်တာပေါ့လေ.။ - February 11, 2010 at 7:53 AM
- ANNE said...
-
ahahaha!!!
damn funny^^
nice !!!
smile 4 our life!!!
c'mon!
Anne♣♣♣ - February 11, 2010 at 10:01 PM
- အင်ကြင်းသန့် said...
-
အယ်...ဒါဆိုရင်တော့ သွားတုလုပ်ပေးတဲ့သူကို ကြိုမှာထားမှပဲ သွားတွေကို တုံးတုံးလေးလုပ်ပေးပါလို့....ခွိ :)))
- February 17, 2010 at 4:36 AM
- kokomaung said...
-
ဒီလိုဘဲ ကိုက်တတ်ကြသလားမသိဘူးးဝ(
- February 17, 2010 at 4:33 PM
- နိုင်လွမ်းအောင် said...
-
ဟာသမြောက်တဲ့အပြင် သင်ခန်းစာတစ်ခုလည်းဖြစ်တယ်( ဦးထုတ်သည်ပုံပြင်က)
- February 22, 2010 at 3:57 AM