မိမိဦးနှောက် ဘယ်လောက်တောင် ထိန်းချုပ်နိုင်စွမ်း ရှိသလဲ?
Sunday, February 14, 2010
ကိုယ့်ရဲ့ ဦးနှောက်ဟာ ဘယ်လောက်တောင် ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာ ကိုယ်ကိုယ်တိုင် စမ်းသပ်ကြည့်လို့ရပါတယ်.. ပညာရှင်တွေကတော့ ပြောကြတယ်.. ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အချို့နေရာတွေကို မထိန်းချုပ်နိုင်ဘူးတဲ့… စာဖတ်သူ ယုံရဲ့လားမသိဘူး..? မယုံဘူးလား. ဒါဆိုရင် ကိုယ်တိုင်လက်တွေ့ စမ်းကြည့်လေ.. အချိန်ခနလေးပေးပြီး ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့် ပေါ့နော်.. မယုံလို့ လုပ်ကြည့်လေ.. သေချာအောင် ထပ်လုပ်ကြည့်မိလေ.. ဒီလိုနဲ့ ခနခန လုပ်ကြည့်မိ လိမ့်မယ်.. ဦးနှောက်စားသွားပြီလား.. ကဲ …… ဒီလိုဆိုရင် သေချာသွားအောင် စမ်းလုပ်ကြည့်ရအောင်နော်.. စမ်းရမဲ့ နည်းလမ်းလေး ပြောပြမယ်.. လိုက်လုပ်ကြည့်နော်…
၁. အခု ကွန်ပျူတာရှေ့မှာ ထိုင်နေပြီး ဒီစာကို ဖတ်နေတယ် မဟုတ်လား.. ညာဘက်ခြေထောက်လေးကို ကြမ်းပြင်ပေါ်ကနေ နည်းနည်းလေး ကြွလိုက်နော်.. ပြီးရင် ခြေထောက်ကို နာရီလက်တံလှည့်တဲ့အတိုင်း ဖြေးဖြေးချင်း လှည့်ကြည့်ကြည့်ပါလား.. မမှားစေနဲ့နော် နာရီလက်တံ ဘယ်ကိုလည်နေတယ် သိတယ်ဟုတ်? အဲဒီလို နည်းနဲ့ ဖြေးဖြေးချင်း ညာခြေထောက်လေးကို စက်ဝိုင်းပုံ လှည့်နေနော်
၂. ခြေထောက်က ဒီလို လှည့်နေရင်းနဲ့ ညာဘက်လက်ကို လေထဲမှာ ထားပြီး အင်္ဂလိပ် ဧက္ခရာ 6 ပုံကို ဆွဲချကြည့်ပါလား… 6 ဆိုတာ အပေါ်ကနေ စပြီး အောက်ကို ဆွဲချတဲ့ ရေးနည်းအတိုင်း လက်ကို လေထဲမှာ ထားပြီး ရေးရမှာနော်… ခြေထောက်ကို လှည့်နေရင်း လက်ကိုလည်း 6 ပုံ ဖြစ်အောင် ရေးနေရင်းနဲ့ သတိထားလိုက်မိရဲ့လား ခြေထောက်ဟာ လက်ရဲ့ လှုပ်ရှားမှုအတိုင်း နာရီလက်တံ ပြောင်းပြန် ပြန်လည်မိနေပြီ.. မသေချာဘူးလား နောက်တစ်ခေါက်ပြန်လုပ်ကြည့်လေ..
ပြောသားပဲလေ.. ခနခန လုပ်ကြည့်မိလိမ့်မယ်လို့.. ရုံးသမားတွေ ရုံးမှာ ခြေထောက်ကြီး မြောက်ပြီး လက်ကို လေထဲမှာ ရေးနေမိရင် ကျန်တဲ့ သူတွေက ၀ိုင်းကြည့်ပြီး ဂေါက်သွားပြီလားလို့ အမေးခံရမှာ သေချာတယ်နော်…. စာဆက်ရေးလိုက်ဦးမယ်.. ဒါလေးကို အပျင်းပြေ စမ်းသပ်ကြည့်နေလိုက်ပေါ့. စမ်းကြည့်လို့ အဖြေထွက်လာရင် အောက်မှာ မှတ်ချက်လေးတွေ ရေးသွားကြပေါ့နော်.. :) :)
Source : Funzug.com
ပျော်ရွှင်ကြပါစေ
ချော (အစိမ်းရောင်လွင်ပြင်)
19 comments:
- Kotunygn said...
-
Very Good.
Thanks so much for it. Take Care ur Health ..... - February 14, 2010 at 8:00 PM
- ကိုဖြိုး said...
-
လွယ်ဘူး အမရ။ လုပ်နေရင်းနဲ့  ခြောထောက်က ရပ်ရပ်သွားတယ်။ ခြေထောက်ကို သတိထားပြီး လက်ကို ကြည့်ပြီး လှည့်ရင် နဲနဲတော့ ရတယ်။ ကားယားကြီး ဟီးဟီး
- February 14, 2010 at 8:37 PM
- သဒ္ဓါလှိုင်း said...
-
စာဖတ်ရင်းနဲ့လုပ်ကြည့်လိုက်တာသတိရလို့ဘေးနားကိုကြည့်လိုက်ရတယ်.တော်ကြာ သဒ္ဓါတယောက်စိတ်ဖေါက်သွားတာလားလို့ထင်မှာစိုးလို့လေ..။
ခင်တဲ့
သဒ္ဓါ - February 14, 2010 at 8:59 PM
- မြသွေးနီ said...
-
ချောရေ...
ကို့ရိုးကားယားတွေ ဖြစ်ကုန်ပြီနော်။
အရူးလို့ထင်တော့မှာဘဲ။
တော်တော်နောက်။ - February 14, 2010 at 11:09 PM
- နေလင်း said...
-
ဟဟ.. လူကို အရူးလို့ ထင်အောင်လုပ်နေတာလားဗျ..
ကိုယ့်ကိုယ်ကို သဘောကျပြီး ရယ်မိတယ်ဗျာ..
လူတွေက ၀ိုင်းပြီးကြည့်လို့... ဟားဟား - February 14, 2010 at 11:26 PM
- ကိုဖြိုး said...
-
ဟိဟိ.. ဘယ်ဖက် လက်ကို ဘယ်ကနေညာဖက်ရမ်း. (မော်တော်ပီကယ် လက်ပြသလိုမျိုး)
ပြီးရင်.. ညာဖက် လက်ကို အပေါ်ကနေအောက်ကိုလွဲ
ပြီးတော့.. ခေါင်းညိတ့် လိုက် ပြန်မော့လိုက်လုပ်ကြည့်...
အားလုံး direction မလွဲအောင် လုပ်နိုင်ရင် မုန့် ဝယ်ကျွေးမယ်။ :P - February 15, 2010 at 1:36 AM
- မကေ said...
-
ဟဟဟ မလုပ်ကြည့်ပါဘူး ဖတ်ကြည့်လိုက်တာနဲ့ သိတယ် ကိုယ့်ဦးနှောက်က အဲဒီလို အများကြီးကို အလုပ်မလုပ်ဘူး
- February 15, 2010 at 1:37 AM
- ဖိုးထိန် said...
-
ဟီဟီ စမ်းမယ်ဆိုပြီး ခြေထောက်ကြွတာ ကြွမရဘူး အထိုင်ကြာလို့ကျဉ်နေတာ ဟီဟီ
- February 15, 2010 at 2:28 AM
- maylay said...
-
ဟဟားးး ချောရေ ဟုတ်တယ် လက်ချောင်းလေးတွေလည်း အဲလိုပဲ လက်နှစ်ဖက်က လက်ချောင်းအချင်းချင်းဆိုင်ထောက်ပြီး တစုံစုံ (ဥပမာ-လက်ခလယ်ချင်း၊ )ခြားပြီး ကွေးလိုက်ကြည့်ရင် ဘေးသက်ဆိုင်ရာလက်ချောင်းစုံပါ လိုက်လုပ်တယ် ဟဟားး ကိုယ်ခဏခဏလုပ်ကြည့်ဖူးတယ်။ ခု နည်းကိုလည်း လုပ်တယ်။ တော်သေးတယ် ကိုယ့်ဘေးနားလူမရှိလို့
- February 15, 2010 at 6:36 AM
- စံလင်းထွန်း said...
-
စာဖတ်ရင်းတောင် စမ်းကြည့်မိတယ်ခင်ဗျ။ :D
ဒီနည်းတော့မသိဘူး။
ကျွန်တော်တို့တော့ တစ်ခါတစ်လေ ဂစ်တာတီးရင်း သီချင်ဆို၊ ခြေထောက်က စည်းချက်လိုက်လုပ်ရင်း ကျန်လက်နှစ်ဖက်ကလည်း လုံးဝမနားရ၊ ပါးစပ်ကလည်း သီးချင်းဆိုရနဲ့ အလုပ်တွေကို ရှုပ်နေတာပဲ။
ဂစ်တာသင်စတုန်းကတော့ တော်တော်ရခက်တယ်ဗျ။
ဘယ်လက်တစ်ဖက်က ကော့ဒ်ကိုင် ညာလက်တစ်ဖက်က ရက်(စ်)သန်တီးခတ်ရတာမျိုး တိုင်ဆိုင်လို့ အမှတ်ရမိတာပြောတာပါ။ - February 15, 2010 at 6:50 AM
- ကိုဇော် said...
-
ရပါတယ်..ဟိဟိ..။
ကျနော်က စိတ်ဖြန့်ဝေ တွက်ချက်နည်း နဲ့ လုပ်တယ်လေ။
အလေ့အကျင့်တော့ နည်းနည်းလိုတာပေါ့။ - February 15, 2010 at 6:50 AM
- ခေါ်န် said...
-
အမ ..
ညီမလေး လုပ်ကြည့်တယ် ပိုပြီးတောင်ချာချာလည်လည်နေတယ် 6 ပြီးအောင်မရေးနိုင်ပါဘူး...
ကျေးဇူးပဲအမ..ဒီထက်ရေးနိုင်ပါစေနော်.. - February 15, 2010 at 7:49 AM
- panpan said...
-
အမ
စာဖတ်နေရင်းလုပ်ကြည့်တာ ဘေးကလူတွေကြည့်နေတယ် ဂေါက်တယ်လို့ထင်သွားပီးလားမသိလာဘူး ဟိဟိ လုပ်လို့ရပါတယ်.. - February 16, 2010 at 12:50 AM
- Mary Kie KIe said...
-
Ha Ha i like this !!!
- February 16, 2010 at 11:24 PM
- အင်ကြင်းသန့် said...
-
ဟဲဟဲ...ဘယ်ရမလိမ့်မလဲ...ကိုယ့်အစ်မလောက်မှ မလည်ရင် ညီမတော်မနေတော့ဘူး...လူတွေကို အရူးလို့ အထင်ခံရအောင် ဟွန်းဟွန်းးးးးးးးးးးးး (တကယ်တော့ ရူးပြီးသား ဟီးးးးးးးးးးးးးးး)
- February 17, 2010 at 4:58 AM
- လေတံခွန် said...
-
အရမ်းသတိထားပြီးလုပ်မယ်ဆိုရင်တော့ရတယ်ဗျ............ ဟီးဟီး........ ဒါပေမယ့်မရဘူး.......... ကျွန်တော်ကတော့
- February 22, 2010 at 12:51 AM
- ခွန်မြလှိုင် said...
-
၂ဖက်လုံး စမ်းကြည့်မိတယ် .. ရတယ်ရှင့် ဘယ်ရောညာရော... ဆန်းဆန်းပြားပြားလေးတွေ ရိုးလျက်နဲ့ဆန်းတဲ့ စာလေးတွေ ဖတ်ရတာ လန်းသွားတယ် ကျေးဇူး
- February 22, 2010 at 3:20 AM
- missyoya said...
-
ရဘူးတော့..တကယ်မထိန်းချုပ်နိုင်ဘူး..
- February 27, 2010 at 8:30 AM
- လင်းကြယ်ဖြူ said...
-
ဟုတ်တယ်ဗျိုး.....
ဖြေးဖြေးလုပ်ရင်တော့ ရတယ်..
အမြန်ဆိုရတော့ဘူး....း )
ပျော်ပါစေ
*.*.* - February 27, 2010 at 9:22 AM