ကလေးတစ်ယောက်ရဲ့ အတွေး
Thursday, January 14, 2010
photo from google
တစ်နေ့……. ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် ရေခဲမုန့်ရောင်းတဲ့ဆိုင်လေးထဲကို ၀င်လာတယ်.. စားပွဲတစ်လုံးမှာ ၀င်ထိုင်လိုက် ပြီးတော့ စားပွဲထိုး အမျိုးသမီး တစ်ယောက်ကို လှမ်းမေးပါတယ်…
“ ရေခဲမုန့် တစ်ခုကို ဘယ်လောက်ပါလဲ ခင်ဗျာ..”
အမျိုးသမီးက ၇၅ ဆင့်လို့ပြန်ဖြေပါတယ်.. ကောင်လေးက သူ့လက်ထဲမှာ ရှိတဲ့ ပိုက်ဆံလေးတွေကို ရေတွက်လိုက်ပြီးတော့ အသေး ဆိုရင်ရော တစ်ခု ဘယ်လောက် ပါလဲလို့ ထပ်မေးပါတယ်.. ဒီအခါ စားပွဲထိုးအမျိုးသမီးက စိတ်မရှည်စွာနဲ့ ၆၅ဆင့်လို့ ဆောင့်ဆောင့် အောင့်အောင့် ပြန်ဖြေပါတယ်… ကောင်လေးက ဒါဆို ကျွန်တော် ခွက်သေးတစ်ခု ဘဲယူပါမယ် ပြောပြီး ကျသင့်ငွေ ၆၅ ဆင့်ကို ရှင်းပေးလိုက်ပါတယ်.. … ရေခဲမုန့် စားပြီးတဲ့အခါ ကောင်လေးက ပြန်ထွက် သွားပါတယ်.. ခုနက စားပွဲထိုး အမျိုးသမီး ရောက်လာပြီး ကောင်လေး စားသွားတဲ့ ခွက်ကို သိမ်းဖို့ ယူလိုက်တဲ့အချိန်မှာ ၁၀ဆင့် လေးတစ်ဆင့်ကို သူမအတွက် ချန်ထားခဲ့တာ တွေ့လိုက်ရပါတယ်… အမျိုးသမီးရဲ့ ရင်ထဲမှာတော့ သူမရဲ့ စိတ်မရှည် လိုက်မှုအတွက် စိတ်ထိခိုက်ခြင်း၊ အားနာ ရှက်ရွံ့ခြင်း များနဲ့ပါ….
ကောင်လေးက ရေခဲမုန့်မမှာခင်မှာ စားပွဲထိုး အမျိုးသမီးအတွက် အရင် ထည့်စဉ်းစားပါတယ်.. အမှန်တော့ ကောင်လေး လက်ထဲမှာ ရေခဲမုန့်အကြီး တစ်ခုစာ ပိုက်ဆံအပြည့် ပါပါတယ်.. ဒါပေမဲ့ အမျိုးသမီးအတွက် ၁၀ဆင့်ကို ပေးဖို့ချန်ပြီးမှ ကျန်ငွေနဲ့ သူ့အတွက် ရေခဲမုန့်ကို မှာလိုက်တာ ဖြစ်ပါတယ်.. ငယ်ရွယ်သူ ဖြစ်သော်လည်း သူတစ်ပါးအတွက် ထည့်စဉ်းစားတတ်တဲ့ စိတ်ထားလေးက အတုယူစရာ ကောင်းလှ ပါတယ်ရှင်… တစ်ခါတစ်လေမှာ လူကြီးဖြစ်တဲ့ ကျွန်မတို့ တွေဟာ ကလေးတွေဆီက သင်ယူစရာတွေ ရှိနေပါသေးလားလို့ သဘော ပေါက် မိပါတယ်.. ကိုယ့်အတွက်ထက် သူတစ်ပါးအတွက် အရင် စဉ်းစား ပေးတတ်တဲ့ သူ့လို လူမျိုးတွေ ချည်းသာဆိုရင် လောကကြီးက ကိုယ်ချင်း စာစိတ် ၊မေတ္တာစိတ်တွေနဲ့ ခုထက်ပိုပြီး သာယာလှပနေမှာ သေချာပါတယ်နော်…
great motivational blogspot မှ Consideration ကို ပြန်လည်ဝေမျှပါတယ်ရှင်…
အတုယူနိုင်ကြပါစေရှင်……..
ချော (အစိမ်းရောင်လွင်ပြင်)
3 comments:
- နတ်လူမုန်း_Xman said...
-
ဟုတ်ပဗျာ စိတ်ဆိုတာအဲတာဘဲ
လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ်
သူတန်ဖိုး နဲ့ သူတော့ ရှိပါတယ် ဟုတ်ဘူးလား - January 15, 2010 at 1:35 PM
- Kotunygn said...
-
hungry now ......
- January 17, 2010 at 12:14 AM
- အောင်ကျော်ဇေယျာမိုးဟိန်းထွန်း said...
-
အဲဒီစိတ်ဓါတ်လေးထားနိုင်အောင်ကြိုးစားမယ်
- January 17, 2010 at 7:38 AM