လျှို့ဝှက် တပ်ဆင်ထားသော ဗီဒီယိုကင်မရာများ
Thursday, January 14, 2010နည်းပညာ ထွန်းကားလှတဲ့ ဒီခေတ်ကြီးမှာ သတိထားနိုင်မှ တော်ကာကျပါလိမ့်မယ်ရှင်… ဘာလို့ ဒီလို ပြောရတာလဲ ဆိုရင်ဖြင့် အောက်မှာ ဖော်ပြထားတဲ့ ပုံလေး တွေကို ကြည့်ပါ.. ဘယ်လိုမှ ထင်မှတ်မထားတဲ့ လျှို့ဝှက် ဗီဒီယို ကင်မရာလေးတွေပါ.. ကိုယ့်ရဲ့လွတ်လပ်မှု၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကို လျှို့ဝှက်စွာ ယူငင်သွားမဲ့ ကြောက်စရာ သိပ္ပံမျက်လုံးများ ဖြစ်ပါတယ်.. အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ မြန်မာ အမျိုးသမီး လေးများ၊ နိုင်ငံတွင်းရှိ အမျိုးသမီးလေးများ ပိုပြီး သတိပြု နိုင်စေရန်အတွက် အသိပေး ဖော်ပြ လိုက်ပါတယ်…
ရုတ်တရက်ကြည့်ရင် သာမာန် ခါးပတ်ခေါင်းလေး တစ်ခုပါ….သေချာ ကြည့်ရင် ခါးပတ်ခေါင်းမှာ အပေါက်လေးကို တွေ့ရပါလိမ့်မယ်………
အဲဒီ အပေါက်လေးဟာ ကင်မရာတစ်ခုရဲ့ မှန်ဘီလူးလေးပါ.. ဘေးမှာတော့ ကင်မရာ တစ်လုံးရဲ့ ခလုပ်များအပြည့်အစုံပါရှိပါတယ်..
ဂက်စ်မီးခြစ်တစ်လုံးကဲ့သို့ အယောင် ဖျောက်ထားတဲ့ ကင်မရာပါ.. ဆေးလိပ်လဲမပါဘဲ မီးခြစ်လေးတစ်ကိုင်ကိုင် ကိုယ့်ရှေ့လာလုပ်နေရင် သတိထားနော်…
ဒါလေးကလဲ ဂဏန်းတွက်စက်နဲ့ချွတ်စွပ်တူတဲ့ ကင်မရာပါ.. ခလုပ်တွေထားတဲ့ နေရာနဲ့ မှန်ဘီလူးရှိတဲ့ နေရာကို ရှင်းပြထားပါတယ်..
ဒါလေးကလဲ iPod သဏ္ဍာန် ကင်မရာလေးပါဘဲ.. ဘောင်းဘီအိတ်တို့ အင်္ကျီအိတ်တို့မှာ ခုလို ချိတ်လိုက်တော့ မှန်ဘီလူးက ရှေ့မြင်ကွင်းကို ချိန်ပြီးသားပေါ့..
ဒီပုံကတော့ ချိတ်စရာမပါတဲ့ ရိုးရိုး iPod သဏ္ဍာန် ကင်မရာလေးပါ.
ဒီလို ဒီလို ချွင်းဂမ်း(ပီကေ) အိတ်လေးနဲ့ဆို အမှတ်တမဲ့ကြည့်ရင် ကင်မရာလို့ ဘယ်သူက သိမှာလဲနော်.
ကား သော့ control နဲ့ တူတဲ့ ကင်မရာပါ.. function လေးတွေ ရှင်းပြထားပါတယ်..
ကဲ……….ဒီလို အချိုရည်ဗူးတွေမှာ ကင်မရာ တပ်ဆင်ထားပါတယ်ပြောရင် ဘယ်သူယုံနိုင်မလဲနော်..
အဲဒီအချိုရည်ဘူး တွေရဲ့ လျှို့ဝှက်ချက်တွေပါ
ဒါလေးကလဲ မီးခြစ်ပုံစံ ဗီဒီယို ကင်မရာလေးပါဘဲ
ဒါကတော့ မီးပလပ်ပုံစံ ကင်မရာပါ… ဟော်တယ်တို့ ရုံးခန်းတို့လိုနေရာမျိုးမှာ လျှို့ဝှက် တပ်ဆင်လို့ အကောင်းဆုံးပုံစံပါ.. (သတိပြုကြပါရန်)
မျက်မှန်မှာ တပ်ဆင်တဲ့လျှို့ဝှက်ကင်မရာလေးပါ.. နားကြပ်လေးတောင် ပါသေးတယ်နော်…
နာရီမှာ တပ်ဆင်ထားတဲ့ လျှို့ဝှက်ကင်မရာလေးတွေပါ
ဘောပင်လေးတစ်ချောင်း ချိတ်ထားပြီး လာစကားပြောနေရင်လဲ သတိထားနော်…မဟုတ်တာတွေ လျှောက်မပြောမိစေနဲ့……..
ဦးထုပ်ဆောင်းထားရင်လဲ သတိထားတဲ့… ဦးထုပ်မှာလဲ ကင်မရာ တပ်လို့ရတယ်နော်
ကဲ.. နောက်ဆုံးတော့ လည်စည်း စည်းထားတဲ့သူတောင် သတိထားရမလို ဖြစ်နေပြီ..
————————————————————————————————————-
အားလုံးဘဲ ဗဟုသုတအတွက်ရော.. သတိပြုကြဖို့အတွက်ပါ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်.. Original from FunShip Group
သတိပြုနိုင်ကြပါစေရှင်…..
ချော (အစိမ်းရောင်လွင်ပြင်)
2 comments:
- ဇီဝက (ဆေး-၂) said...
-
မြန်မာပြည်မှာ ၀ယ်လို့ရရင်ကောင်းမယ် :-P
- January 16, 2010 at 12:52 PM
- ironcracker said...
-
မိုက်တယ်ဟေ့။ အဲလိုမျိုးပစ္စည်းတွေ တစ်ခါမှမမြင်ဘူးဘူး။ ဘောပင်ကလွဲလို့ပေါ့။ ကောင်းတယ်လို့ပြောရမလား မကောင်းဘူးလို့မပြောရမလားတော့မသိဘူး။
- January 19, 2010 at 12:02 PM