ချိုင်းထောက်နဲ့လူ မှသည် ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ်သို့
Thursday, January 14, 2010
photo from /cunningham_glenn.htm
လွန်ခဲ့တဲ့ နှစ်များစွာက အမေရိကား ကင်းဆပ်ပြည်နယ်ရဲ့ အဲလ်(က)ဟာ့တ် မြို့လေးမှာ ညီအစ်ကို ၂ယောက်ရှိပါတယ်.. သူတို့ညီအစ်ကို ၂ယောက်ဟာ မြို့ကလေး က ကျောင်းတစ်ကျောင်းမှာ အလုပ်လုပ်ပါတယ်.. သူတို့၂ယောက်ဟာ နေ့စဉ်နေ့တိုင်း မနက်စောစော ကျောင်းကို သွားပြီးတော့ ကျောင်းခန်းထဲမှာရှိတဲ့ မီးဖိုကြီးထဲကို ကျောင်းသားတွေ မရောက်ခင် မီးမွှေးပေးရပါတယ်.. ချမ်းအေးလွန်းလှတဲ့ မနက်ခင်း တစ်ခုမှာ အစ်ကိုဖြစ်သူက မီးဖိုကို သန့်ရှင်းရေးလုပ်ပါတယ်.. ပြီးတော့ မီးဖိုကြီးထဲကို ထင်းတွေနဲ့ ဖြည့်နေပါတယ်.. ညီဖြစ်သူက ရေနံဆီ ပုလင်းကို ကိုင်လာပါတယ်… ပြီးတော့ မီးဖိုပေါ်က သစ်တုံးတွေပေါ် လောင်းချလိုက်ပြီး မီးမွှေး လိုက်ပါတယ်.. ရုတ်တရက် မထင်မှတ်တဲ့ ပေါက်ကွဲ မှုကြီး ဖြစ်ပွားပြီး မီးဖိုဟောင်းကြီးတစ်ခုလုံး ပြိုကျသွားပါတယ်.. အဲဒီမှာ အစ်ကိုဖြစ်သူက သေဆုံး သွားပြီးတော့ ညီဖြစ်သူရဲ့ ခြေထောက်မှာ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခြင်းကို ခံလိုက်ရပါတယ်.. နောက်ပိုင်းမှ သိရတာက ပုလင်းထဲကို ရေနံဆီအစား ဓာတ်ဆီကို မှားဖြည့်မိတဲ့အတွက် မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီကြောင့် ပေါက်ကွဲမှုကြီး ဖြစ်သွားတယ် ဆိုတာပါဘဲ…………….
ဆရာဝန်က ကောင်လေးရဲ့ ခြေထောက်က ဒဏ်ရာကို ကြည့်ပြီး အခြေအနေဆိုးလွန်းတဲ့ အတွက် ဖြတ်တောက်ပစ်မှ ရမယ်လို့ ပြောပါတယ်… ဆရာဝန်ရဲ့ စကားကို ကြားရတဲ့ မိဘတွေမှာ ၀မ်းနည်းပက်လက် ယူကြုံးမရ ဖြစ်ရပါတယ်.. သူတို့မှာ သားတစ်ယောက်လဲ ဆုံးရှုံးရပြီ.. အခု သားအငယ်ရဲ့ ခြေထောက်ကို လဲ ဆုံးရှုံးရ ပြန်ဦးမယ်ဆိုတော့ ဘယ်မှာလာပြီး စိတ်ကောင်းနိုင်ပါတော့မလဲ.. ဒါပေမဲ့လည်း သူတို့ရဲ့ ယုံကြည် ချက် ကိုတော့ မစွန့်လွှတ်ပါဘူး…. သူတို့သားလေး ခြေထောက် ဖြတ်ဖို့ရက်ကို ရွေ့ဆိုင်းပေးဖို့ ဆရာဝန်ကို တောင်းဆိုပါတယ်… အဲလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဆရာဝန်ကို တောင်းပန်ပြီး ရက်တွေ ရွေ့နေတုန်းမှာဘဲ ကောင်လေးရဲ့ ခြေထောက် ပြန်ကောင်းလာဖို့ နေ့တိုင်း ယုံယုံကြည်ကြည်နဲ့ ဆုတောင်းရင်းနဲ့ စောင့်ကြည့်နေကြပါတယ်… နှစ်လလောက်အကြာမှာ ဆရာဝန်နဲ့ မိဘတွေအကြား အငြင်းပွားစရာ ဖြစ်လာပါတယ်.. ခြေထောက်ကို ဖြတ်တောက် ကုသဖို့ မကုသဖို့ပေါ့… ဆရာဝန်က ကောင်လေးဟာ လမ်းပြန် လျှောက်နိုင်ဖို့တောင် မလွယ် တော့ ဘူးလို့ ပြောပါတယ်…
သို့သော်လည်း နောက်ဆုံးတော့ သူ့မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ခြေထောက်ကို မဖြတ်တောက် ဖြစ်လိုက်ကြပါဘူး… စီးထားတဲ့ ပတ်တီးတွေ ကို ဖြေလိုက်တဲ့ အခါမှာတော့ ခြေထောက် မီးလောင်ဒဏ်ရာက ကောင်းမွန်လု နီးပါး ဖြစ်နေပါပြီ.. ဒါပေမဲ့လည်း ကောင်လေးရဲ့ ညာဘက် ခြေထောက်က ဘယ်ဘက် ခြေထောက်ထက် ၃လက်မတိတိ တိုနေခဲ့ပြီ… ခြေချောင်းလေးတွေ အားလုံးနီးပါးလည်း မီလောင်ကျွမ်းကုန်ပြီ… သူ့လို ငယ်ရွယ်သေးတဲ့ ကောင်လေး တစ်ယောက် အတွက်တော့ ဒီအဖြစ်က ရက်စက်လွန်းပါတယ်.. လမ်းလျှောက် ရင်တောင် ချိုင်းထောက် လေးနဲ့ လျှောက်နေရတဲ့ သူ့အဖြစ်က အနာဂတ်ဆိုတာ မှုန်ဝါးဝါး ဖြစ်လို့နေပါပြီ….. ဒါပေမဲ့ ကောင်လေးက တော်တော်လေးကို စိတ်ဓာတ် ကြံ့ခိုင်ပါတယ်.. လုံးဝကို စိတ်ဓာတ်မကျပါဘူး…သူက သူ့ခြေထောက်တွေ နာကျင်နေတုန်းဘဲ ရှိပေမဲ့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းကို ကြိုးစားပြီး လုပ်ပါတယ်..သူ့ကိုယ်သူလဲ အားပေးတယ်.. ငါ လမ်းလျှောက်ကို လျှောက်နိုင်ရမယ်တဲ့.. ဒီလိုနဲ့ တစ်ဖြေးဖြေး သူ့ခြေထောက် အနာလဲ သက်သာလာတယ်.. နောက်တော့ ချိုင်းထောက်ကို လွှင့်ပစ်လိုက်ပြီး ပုံမှန် လူကောင်း တစ်ယောက်လို လမ်းလျှောက်လာနိုင်တယ်…. မကြာခင်မှာ စပြီး အပြေးလေ့ကျင့် ပါတော့တယ်… နေ့စဉ်နေ့တိုင်း ပြေးတယ်.. မပျက်မကွက် ပြေးပါတယ်..
နောက်ဆုံးမှာတော့ စိတ်ဓာတ် ကြံ့ခိုင်သူတွေရဲ့ ရလာဒ်အတိုင်း အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိလို့သွားပါပြီ.. ခြေထောက်တွေ ဖြတ်ပစ်လုခံရဆဲ အခြေအနေမှ ကမ္ဘာ့စံချိန်တင် အပြေးသမား တစ်ယောက်အဖြစ်ကို တက်လှမ်းနိုင်ခဲ့ပါပြီ…ဘယ်သူယုံနိုင်မလဲ…. ချိုင်းထောက်နဲ့ သွားနေရတဲ့ လူတစ်ယောက်က ကမ္ဘာကျော် အပြေးသမားတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့….. ဒီကောင်လေးနံမည်က တစ်ခြားသူမဟုတ်ပါဘူး ကမ္ဘာ့အမြန်ဆုံး လူသားရယ်လို့ ခေါ်တွင်ရတဲ့ ဂလဲန် ကန်နင်ဟမ် ဖြစ်ပါတယ်.. သူဟာ ပြည်တွင်း ထိပ်သီး မိုးလုံလေလုံကွင်း အတွင်း ကျင်းပသော ပြေး-ခုန်-ပြစ် ပြိုင်ပွဲကြီး ခြောက်ခုတွင် ဗိုလ်စွဲခဲ့ရုံမက ၁၉၃၆ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့ပြန်ပါတယ်..၁၉၃၈ ခုနှစ် အရောက်မှာ သူဟာ ဒါးမောက် တက္ကသိုလ်မှာ ကမ္ဘာ့စံချိန် အသစ်ကို တင်နိုင်ခဲ့ ပါတယ်.. အဲဒီနှစ်မှာဘဲ နယူးယောခ့် တက္ကသိုလ်က ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ကိုလဲ လက်ခံ ရရှိခဲ့ပါတယ်..
------------------------------------------------------------------------------------------------------------------------------------------------
သူလိုလူတစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်းထန်မှုကလဲ အားကျ ချီးကျူးစရာ၊ အတုယူစရာနော်..လူတစ်ယောက်ရဲ့ဘ၀မှာ စိတ်ဓာတ်က အရေးအကြီးဆုံးပါ.. စိတ်ဓာတ် ပြင်းထန်ရင် ဘာကို မဆို အောင်မြင်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါဘဲ… ကျွန်မရဲ့ ဘ၀မှာလည်း ဖြစ်နိုင်မယ်မထင်ခဲ့တဲ့ အရာတွေဟာ စိတ်ဓာတ် ပြင်းပြင်းပြပြနဲ့ လုပ်ခဲ့တဲ့အတွက်ကြောင့် အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်.. အလုပ်တစ်ခုကို မလုပ်ခင်မှာ မဖြစ်နိုင်ပါဘူးကွာ မလုပ်တော့ပါဘူးလို့ နေမဲ့အစား ငါဖြစ်ကို ဖြစ်ရမယ်၊ အောင်မြင်အောင် လုပ်ကိုလုပ်မယ်ဆိုတဲ့ စိတ်ကို မွေးမြူပြီး လုပ်သင့်ပါတယ်.. မဖြစ်နိုင်ဘူးထင်ပြီး မလုပ်ဘဲနေခဲ့ရင် ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်သလို ဘာအကျိုးကိုမှ ခံစားရမှာ မဟုတ်ပါဘူး…. အကယ်၍ လုပ်လိုက်လို့ အရှုံးနဲ့ တွေ့ခဲ့ရင်တောင် အဲဒီအရှုံးကနေ သင်ခန်းစာယူလို့ ရပါ သေးတယ်နော်.. ကျွန်မအနေနဲ့တော့ စာဖတ်သူများကို အကြံပေးချင်တာက တစ်ခုခုကို လုပ်မယ်ဆိုရင် ယုံကြည်ချက် ပြင်းပြစွာနဲ့ ဖြစ်ရမယ် ဖြစ်အောင်ကို လုပ်မယ်ဆိုတဲ့ စိတ်ကလေးကို အရင်ဆုံး မိမိရဲ့ ရင်ထဲမှာ မွေးမြူပါ..မိမိရဲ့ယုံကြည်မှုကို ဘယ်သူကမှ လာတည်ဆောက် ပေးလို့မရပါဘူး… မိမိဖာသာ တည်ဆောက် ရမှာပါ… ဒီစာလေးတွေဖတ်ပြီး စာဖတ်သူတွေရဲ့ ရင်ထဲမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကလေး မွေးဖွားလာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်…..
“Chicken Soup For the Teenage Soul” မှ From Crutches to World-Class Runner ကို ဘာသာပြန်ဝေငှပါတယ်… ဒီဇာတ်လမ်းလေးကို ဘာသာပြန်ဖို့ အချက်အလက် ကူညီရှာဖွေ ပေးခဲ့သော သူငယ်ချင်းများကို ကျေးဇူးအထူး တင်ပါတယ်ရှင်…
Ref: Kansas Historical Society about /cunningham_glenn.htm
ချော (အစိမ်းရောင်လွင်ပြင်)
4 comments:
- လင်းကြယ်ဖြူ said...
-
တကယ်ကို စိတ်အာဖြည့် ပေးတဲ့ စာမူကောင်းတစ်ခုပါပဲ..
စိတ်ဓါတ်တစ်ခုရဲ့ မဟာအင်အား ကို ခံစားလာမိပါတယ်...
ပျော်ပါစေ
*.*.* - January 14, 2010 at 1:08 PM
- ကိုဇော် said...
-
ကျနော်လည်း လုပ်ခဲ့ဖူးပါတယ်။
တကယ်လည်း ဖြစ်ခဲ့တာပါပဲ။ - January 14, 2010 at 6:58 PM
- thiha said...
-
I have never red it before.
thanks
good post - January 14, 2010 at 11:23 PM
- Kotunygn said...
-
Yeah ...... That was one of the Great human .....
- January 17, 2010 at 12:12 AM