ပြည့်ဝအိုး
Tuesday, January 26, 2010
photo from http://www.georgewashingtonwired.org/wp-content/uploads/2008/12/washington-on-horse-final.jpeg
တစ်ခါက မြင်းစီးထားတဲ့ လူတစ်ယောက်ဟာ စစ်သားတွေ မနိုင် မနင်းနဲ့ ၀ိုင်းပြီး မနေတဲ့ လေးလံသော ၀န်တင် ပစ္စည်းနားကို ရောက်လာ ပါတယ်.. လူအင်အားနဲ့ ပစ္စည်းရဲ့ အလေးချိန် မမျှတဲ့အတွက် သူတို့ မ နေတဲ့ ပစ္စည်းဟာ နေရာကနေ နည်းနည်းလေးတောင် မရွေ့ပါဘူးတဲ့… အဲဒီနားမှာတော့ တပ်ကြပ်လေး တစ်ယောက်ဟာ ၀ိုင်းဝန်း မတင်နေကြတဲ့ စစ်သားလေးတွေကို မကူညီဘဲ ဘေးကနေသာ ရပ်ကြည့် နေခဲ့ပါတယ်.. ဒါကို သတိထားလိုက်မိတဲ့ မြင်းစီး လူကြီးက တပ်ကြပ်လေးကို မေးလိုက်ပါတယ်..
“ဒီလူတွေ ဒီလောက် မနိုင်မနင်း ဖြစ်နေတာ ဘာကြောင့် ၀ိုင်းပြီး မကူညီတာလဲ ” တဲ့… တပ်ကြပ်လေးက ပြန်ဖြေ ပါတယ်.. “ ကျွန်တော်က တပ်ကြပ်လေ.. ဒီအဖွဲ့မှာ ခေါင်းဆောင်ဗျ.. ကျွန်တော်က သူတို့ကို အမိန့်ပေးရတာ...အမိန့်ပေးတဲ့လူ ဆိုတာ ၀ိုင်းလုပ်ဖို့ မလိုဘူး ” တဲ့.. ဒီတော့ မြင်းစီး တဲ့လူက ဘာမှမပြောတော့ဘဲ မြင်းပေါ်က ဆင်းလိုက် ပါတယ်.. ပြီးတော့ ပစ္စည်းကို ၀ိုင်းပြီး မနေတဲ့ စစ်သားတွေ အနားကို သွားပြီး ၀ိုင်းကူ လိုက်ပါတယ်.. သူရဲ့ ကူညီမှုကြောင့် ပစ္စည်း ဟာ နေရာကနေ ရွေ့သွား ပါတယ်… ဒီနောက် မြင်းသမားက မြင်းပေါ်ကို ပြန်တက်လိုက်ပြီး တပ်ကြပ်လေး ရှိရာဘက်ကို လှည့်လိုက်တယ်... “ နောက်တစ်ခေါက် မင်းရဲ့ လူတွေ အကူအညီ လိုရင် စစ်ဦးစီးချုပ်ကို အခေါ်လွှတ်လိုက်… ” လို့ ပြော ပြီး မြင်းကိုစီးကာ ထွက်ခွာသွားပါတယ်..
သူထွက်သွားပြီးမှ သိလိုက်ရတာက မြင်းစီးထားတဲ့ လူကြီးဟာ စစ်ဦးစီးချုပ် ဂျော့ခ်ျ ၀ါရှင်တန် ဖြစ်တယ် ဆိုတာပါဘဲ…
…………………………………………………………………………………………………………………………..
ဒီဇာတ်လမ်းလေးက တိုတိုလေးပါဘဲ.. ဒါပေမဲ့ ဆင်ခြင်တတ်ရင် သင်ခန်းစာ ယူစရာပါ.. တပ်ကြပ်လေးရဲ့ အဖြစ်က ဘာနဲ့တူသလဲဆိုရင် မပြည့်တဲ့အိုးနဲ့ တူပါတယ်.. ကျွန်မတို့ရဲ့ မြန်မာ စကားပုံလေး ရှိပါတယ်.. မပြည့်တဲ့ အိုး ဘောင်ဘင် ခတ်တယ် ဆိုတာပါဘဲ.. အိုးတစ်လုံးမှာ ရေကို ပြည့်အောင် မထည့်ထားတဲ့ အတွက် ရေအိုးကို လှုပ်ခါတိုင်း ရေဟာ ဘောင်ဘင်ခတ်ပြီး အသံပိုကျယ်ပါတယ်.. ဒီလိုလူမျိုးတွေ လောကကြီးမှာ များများစားစား ရှိနေပါတယ်.. ကိုယ့်ကိုယ်ကို ဘ၀င်မြင့် နေတတ်သော၊ ကိုယ်တိုင်လဲ ၀င်မလုပ်၊ သူများ လုပ်တာကို ထိုင်ကြည့်ပြီး အပြစ်ပြောနေတတ်တဲ့ လူတွေဟာ မပြည့်ဝတဲ့အိုးလို လူမျိုးတွေပါ…
ပြည့်ဝတဲ့အိုးများကျတော့ လှုပ်ခတ်မှုလည်း နည်းပြီး အသံကျယ်ကျယ်လဲ မမြည်ပါဘူး… လုပ်စရာ ရှိတာကို စကားများများ မပြောဘဲ တိတ်တိတ် ဆိတ်ဆိတ် ၀င်လုပ်ပြီး စာနာစိတ်၊ ထောက်ထားစိတ် များနဲ့ ကူညီတတ်သူ၊ လက်အောက်ငယ်သားနဲ့ လူအများအပေါ် ကိုယ်ချင်းစာစိတ် ထားတတ်သူ၊ နားလည် ကြင်နာတတ်သူများဟာ ပြည့်ဝအိုးလို လူစားမျိုး ဖြစ်ကြပါတယ်.. ဒီလိုလူစားမျိုးဟာ ဘယ်နေရာ၊ ဘယ်အခြေ အနေဘဲ ရောက်ရောက် ကိုယ့် အောက်က လူတွေနဲ့ သဟဇာတ ဖြစ်တတ်ပြီးတော့ လူချစ်လူခင်များပါတယ်.. လူတွေကလဲ လေးစား ကြည်ညို ကြပါတယ်..
မောက်မာပြီး ဘ၀င်မြင့်တဲ့ လူ၊ လက်အောက် ငယ်သားများကို ကိုယ်ချင်းမစာ တတ်သူများဟာ မပြည့်ဝအိုးနဲ့ သဏ္ဍာန်တူပြီး ရာထူး အရှိန်အ၀ါ ကြောင့်သာ လူတွေက သူ့ကို ကြောက်ရွံ့ နေရသော်လည်း၊ လူတိုင်းကလဲ မကြည်ဖြူ၊ စေတနာမရှိ ဖြစ်တတ် ပါတယ်... ကျွန်မတို့ဟာလည်း ပြည့်ဝအိုးလို လူစားလား.. မပြည့်ဝတဲ့ အိုးလို လူစားလား ဆိုတာ စဉ်းစားကြည့်ပြီး မပြည့်ဝသေးရင် လိုအပ်တာ လေးတွေကို ဖြည့်ဆည်းပြီး လောက ကောင်းကျိုးကို တစ်ထောင့်တစ်နေရာက ကူညီနိုင်ဖို့ ကြိုးစား ကြည့်ကြပါစို့လားရှင်…..
* In The Book of Virtues, edited by William J. Bennett, Simon & Schuster, New York, 1993, p. 204 မှ Practice Humility ကို ဘာသာပြန်ပါသည်..
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- နွေဆူးလင်္ကာ said...
-
ဟုတ်တယ်ဗျနော် လောကမှာ မပြည့်တဲ့ အိုးတွေက လူတွင်ကျယ် ပိုလုပ်ချင်ကြတယ်။ အဲလိုမျိုးတွေ့ရင် ကျနော်ကတော့ ပြုံးမိတတ်တာပါပဲ။
- January 26, 2010 at 11:19 AM
- Kotunygn said...
-
Yeah ....... Most of people r so proud.
By the way, How r u? I know u got fever bec u was very tired with ur computer by writing Very Good short stories. Take Care ur health. Ur health is the most Valuable for ur life. - January 26, 2010 at 11:21 AM
- သဒ္ဓါလှိုင်း said...
-
အဲလို မပြည့်တဲ့အိုးရှိတဲ့ လူမျိုးတွေကိုကြည့်ပြီး သင်ခန်းစာ ယူတတ်ဖို့ လိုမယ်ထင်တယ်နော်....
- January 26, 2010 at 11:58 AM
- ကိုဇော် said...
-
ကျနော်တို့လို အိုးဗလာတွေကတော့ ဘာမှကို လှုပ်စရာ မရှိဘူးဗျာ။
ဘာသံမှလည်း မထွက်ရဲပါဘူး။
ကျေးဇူး။။။။။။။။ - January 26, 2010 at 12:19 PM
- မကေ said...
-
ကိုဇော်ပြောသလိုပဲ အိုးက ဗလာဖြစ်နေလို့ အခုမှ ဖြည့်မလို့ ကြိုးစားတုန်း တခါတည်း အသံပါ မထွက်အောင် ကျင့်ထားလိုက်ပါမယ်နော်
- January 26, 2010 at 12:47 PM
- မေခင်မွန်း said...
-
အိုး ... သိပ်ကောင်းတာပဲရှင်။
- January 26, 2010 at 1:09 PM
- မြသွေးနီ said...
-
ချောရေ..
နေ့တဓူဝ ဖြည့်နေရတုန်းပါဘဲ။
ပြည့်ဝတဲ့အိုးလေးဖြစ်ချင်ပါတယ်။
ကျေးဇူး။
မြသွေးနီ - January 26, 2010 at 2:27 PM
- phyo said...
-
I think i need to keep silent next time ... coz till now i'm not the full jar.
- January 26, 2010 at 2:41 PM
- Blackroze said...
-
ချောရေ...post ကောင်းလေးတစ်ပုဒ်ပါဘဲ..
- January 26, 2010 at 3:27 PM
- gamani said...
-
ပမာ ဆို မပြည့်အိုး ပြည့်လိမ့်နိုးနဲ့ ဖြည့်ဖြည့်မဲ့သူ မျှော်ဆဲ,နှလုံးသား မှာ စွဲထင်ကျန်မဲ့ စကားလုံး တွေ ဖန်တည်း နိုင်ဖို့ အိပ်မက် လှလှ မက်ပါစေ
- January 26, 2010 at 3:56 PM
- ဏီလင်းညို said...
-
ချောရေ....
အဲ့ဒီလိုလူမျိုးတွေကို ကျွန်တော်အပြင်မှာတစ်ကယ်တွေ့ခဲ့ဖူးတယ်....။ ကျွန်တော့်ဌာနက လူကြီးတစ်ယောက်ပါသူကလေ...။ စူပရီတန်းဒန့်စ်ရာထူးပါ....။ သူလေ... လူမရှိရင် ကျွန်တော်တို့ဌာနထဲမှာ ကြမ်းတိုက်တဲ့ တုတ်တံကိုရေဆွတ်ပြီး...ကြမ်းပြင်ကို လိုက်တိုက်နေတော့တာပဲဗျာ....။ ကျွန်တော်က အလုပ်တစ်ဖက်နဲ့သူ့ကို ဘော့စ်ရယ်..ထားလိုက်ပါ...ပြီးသွားရင် ငါ...အော်ပရေတာတွေကိုခိုင်းပေးပါ့မယ်လို့ ပြောတာတောင်မှ သူက ငါအားနေလို့လုပ်တာ ကိစ္စမရှိပါဘူးတဲ့လေ..ဗျာ...။ ပြုံးပြီးတော့ကိုပြောတာလေ...။ ရှင်းရော....။ ကျွန်တော်လုပ်ရတဲ့ အလုပ်တွေကိုလည်း..၀င်ဝင်ပြီးတော့ကူတတ်တသေးတာ...။
ဒါပေမယ့် ဌာနက တစ်ချို့အော်ပရေတာလေးတွေကျတော့လည်း... အားရင် အဲ့သလိုကြမ်းတိုက်ဖို့နေနေသာသာ ဖုန်းအမ်ပီသရီးလေးတွေကို နားကျပ်နဲ့ နားမှာတပ်ထားပြီး...ဒူးကလေးတွေတစ်နန့်နန့်နဲ့ဗျိုး............ကိုယ်တွေ့ပါဗျား....
(ကော်မန့်ကလည်း အရှည်ကြီးပဲနော်....း))
ခင်မင်တတ်တဲ့
ဏီလင်းညို - January 27, 2010 at 9:10 PM
- အင်းတော်ရှမ်း said...
-
ပြည့်ဝအိုလိုလူမျိုးတွေများစွာရှိရင်သိပ်ကောင်းမှာဘဲနော်
- January 28, 2010 at 2:28 PM
- ညီညီထွန်း said...
-
အ၇မ်းကောင်းပါတယ် ဗျာ
- February 2, 2010 at 6:39 PM