ကိုယ်ချင်းစာစိတ်နှင့် စဉ်းစား ကြည့်ကြပါစို့..
Sunday, January 24, 2010photo from google search
တစ်ခါတုန်းက ကိုယ့်ကိုယ်ကို မုန်းတီး စိတ်ပျက်အားငယ်နေတဲ့ မျက်စိမမြင်ရှာသူ မိန်းခလေးတစ်ယောက်ရှိပါတယ်…. သူမဟာ မမြင်နိုင်တဲ့ လောကကြီး အတွက် အရာရာ အားလုံးကို မုန်းတီးရင်း အလိုမကျ စိတ်တွေနဲ့ အမြဲတမ်း ပူလောင်နေတတ်ပါတယ်.. ကောင်မလေးရဲ့ ချစ်သူ ကောင်လေးကတော့ ကောင်မလေးဘေးမှာ လိုအပ်တာ လုပ်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေတတ်ပါတယ်.. ချစ်သူ ကောင်လေးကိုတော့ မိန်းခလေးက အားလဲကိုး ချစ်ခင်မြတ်နိုးစိတ်လဲ ရှိပါတယ်.. သူမ မမုန်းတဲ့ အရာဆိုလို့ လောကကြီးမှာ သူ့ချစ်သူ ကောင်လေး တစ်ယောက်သာ ရှိပါတယ်.. ကောင်မလေးက ကောင်လေးကို ပြောနေကျ စကားတစ်ခွန်းက ငါသာ လောကကြီးကို မြင်ရပြီဆိုတဲ့ တစ်နေ့ မင်းကို ငါလက်ထပ်မယ် ဆိုတာဘဲ ဖြစ်ပါတယ်..
တစ်နေ့မှာတော့ ကောင်မလေးအတွက် မျက်စိတစ်စုံလုံး လှူမဲ့ အလှူရှင် ပေါ်ပေါက်လာပါတယ်… အဲဒီအလှူရှင်ရဲ့ မျက်လုံးကို ကောင်မလေး မျက်အိမ်ထဲ ခွဲစိတ်ကုသမှုနဲ့ ထည့်သွင်းပြီးနောက် ပတ်တီးဖြေလိုက်တဲ့ အခါမှာတော့ သူမ အရာရာ အားလုံးကို မြင်တွေ့နိုင်ပါပြီ.. သူမရဲ့ ချစ်သူ ကောင်လေးကိုပါ ဘေးမှာ တွေ့မြင်နေရပါတယ်.. သို့သော်လည်း ကောင်လေးဟာ မျက်စိမမြင် တဲ့သူ ဖြစ်နေတာကို တွေ့လိုက် ရပါတယ်.... သူချစ်တဲ့ကောင်လေးဟာ မျက်စိမမြင်တဲ့သူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ သူမ လုံးဝကို မထင်မှတ်ခဲ့ပါဘူး.. ကောင်လေးက ကောင်မလေးကို "နင်အခု မျက်စိမြင်ပြီ ဖြစ်လို့ ငါ့ကို လက် ထပ်နိုင်ပြီလား " လို့ မေးတဲ့အခါ ကောင်မလေးက "မျက်စိမမြင်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ် တစ်သက်လုံး အတွက် အားကိုးဖို့ ဖြစ်နိုင်မလဲ လက်မထပ်နိုင်ပါဘူး" လို့ ပြန်ပြောလိုက်ပါတော့တယ်..
ကောင်လေးက မျက်ရည်စတွေနဲ့ ကောင်မလေးအပါးက ထွက်ခွာသွားပါတယ်.. ကောင်မလေးအတွက် ချန်ရစ်ခဲ့တဲ့ စာထဲမှာတော့
အချစ်ရေ…..မင်းရဲ့မျက်လုံးတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်လိုက်ပါကွယ်.. အဲဒီမျက်လုံးတွေဟာ တစ်ချိန်က ငါ့ရဲ့ မျက်လုံးတွေပါ.. ခုတော့ မင်းနဲ့အတူထားရစ်ခဲ့ပါပြီ..
-------------------------------------------------------------------------------------------------------
Story လေးထဲမှ သင်ခန်းစာသည် လူတွေ၏ စိတ်အနေအထားသည် ဘ၀အခြေနေ အနိမ့်အမြင့်ပေါ်တွင် မူတည်၍ ပြောင်းလဲ တတ်ကြ သည်ကို ဖော်ပြထားခြင်း ဖြစ်သည်။ အချို့သော သူများသည် ဘ၀အခြေအနေ နိမ့်ပါးနေချိန်တွင် ကိုယ်ချင်းစာ ကူညီတတ်သူများ ဖြစ်ကြ သော်လည်း မြင့်မားလာသော ဘ၀အနေအထားတွင် ကိုယ်ချင်းစာ နားလည်စိတ်များ လျှော့ပါး သွားတတ်ကြသည်။ မည်သည့် အခြေအနေတွင် မဆို တူညီသောစိတ်ထားမျိုး ထားနိုင်သူ နည်းပါးလှပါသည်။ မိမိ ဘ၀ တိုးတက် မြင့်မားလာချိန်တွင် မိမိထက် နိမ့်ပါးသူများကို ပိုမို ညှာတာ ကိုယ်ချင်းစာသင့်လှပါသည်။ ဘယ်အခြေအနေမျိုးမဆို ရောက်ရှိနေစေကာမူ ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်သူများသည် လောကဓံကို ကြံ့ကြံ့ ခံနိုင်သူများလည်း ဖြစ်ကြလေသည်။ ဘ၀ဆိုသည်မှာ အမြဲတမ်း တသမတ်တည်း ရှိနေတတ်သော အရာမဟုတ်ပါ. နိမ့်မြှင့်တက်ကျ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ မိမိဘ၀ထက် နိမ့်ပါးသော သူများ လောကကြီးတွင် အများအပြားရှိနေသည်ကို မမေ့လျှော့သင့်ပါ..
သင့်ပါးစပ်မှ ဒေါသစိတ်ကြောင့် ကြမ်းတမ်း ခက်ထန်သော စကားများ မထွက်မှီ သတိရသင့်သည်မှာ သင်ကဲ့သို့ စကားပင်ပြောနိုင်စွမ်း မရှိသော သူများ ရှိနေပါသေးသည်။
သင်စားနေသော အစားအသောက်သည် အလွန်အမင်းညံ့ဖျင်းလွန်းသည်ဟု ထင်နေချိန်တွင် ကမ္ဘာကြီးတစ်နေရာတွင် စားစရာမရှိ၊ သောက်စရာမဲ့ ငတ်ပြတ် ဆင်းရဲခြင်းကို ခံနေရသောသူများကို သတိရသင့်ပါသည်။
သင်၏ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချစ်သူရည်းစား၊ အပေါင်းအသင်းတို့အား အပြစ် မြင်နေချိန်တွင် ပေါင်းသင်းစရာ၊ မှီခိုအားထားရာ ကင်းမဲ့စွာ လမ်းပေါ်တွင် တောင်းရမ်းနေရသော လူများ ရှိနေသေးသည်ကို သတိရသင့်ပါသည်။
မိမိသည် ကိုယ်ပိုင်ကား မောင်းရင်း မီးပွိုင့်မိနေချိန်တွင် သော်လည်းကောင်း၊ ဓာတ်ဆီဆိုင်တွင် တန်းစီရ၍ စိတ်မရှည်နိုင် ဖြစ်နေချိန်တွင်များတွင် ကိုယ်ပိုင်ကားပင်မရှိ၊ ကားငှားစီးဖို့ပင် မတတ်နိုင်ဘဲ ဘတ်စ်ကား စီးနေရသူများ၊ လမ်းလျှောက်နေရသူများ ရှိနေသေးသည်ကို သတိရသင့် ပါသည်။
မိမိ၏ အလုပ်တွင် အဆင်မပြေမှုများ၊ စိတ်ညစ်စရာများ တွေ့ကြုံ၍ အလုပ်ထွက်လိုသည့် ဆန္ဒ ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာပေါ်တွင် အလုပ်မရှိ၍ ဒုက္ခရောက်နေသောလူ များစွာ ရှိနေပါသေးသည်။
သင့်ဘ၀ကို ဆိုးဝါးလွန်းပါသည်ဟု စိတ်ပျက်နေချိန်တွင် လူ့လောကကြီးမှ စောစီးစွာ ထွက်ခွာ သွားရသူများ ရှိနေသည်ကို သတိရသင့်သည်။
ထို့ကြောင့် မျက်နှာပေါ်တွင် အပြုံးလေးတစ်ချက်ကို ဆင်မြန်းလိုက်ပြီး ယခုအချိန်ထိ အသက်ရှင်လျှက် ရှိနေသေးသော ကျွန်မတို့ဘ၀ကြီးရဲ့ ကံကောင်းမှု အကြောင်းကို ၀မ်းမြောက်စွာ စဉ်းစားလိုက် ကြပါစို့လားရှင်……….
http://www.funzug.com/ မှ A Blind Girl ကို ဘာသာပြန်ပါသည်..
ချော (အစိမ်းရောင်လွင်ပြင်)
13 comments:
- ကိုဇော် said...
-
ဒိလိုပါပဲလေ.။
ဒါတွေကိုလည်း စိတ်နာတာ....။ - January 24, 2010 at 11:17 AM
- ဇီဝက (ဆေး-၂) said...
-
နှေးကွေးလှသော connection speed ကို ကြိမ်ဆဲနေရင်း internet တောင်မသုံးဘူးသူတွေ လောကကြီးမှာ ရှိသေးတယ်ဆိုတာ သတိထားမိတယ်။ :-)
- January 24, 2010 at 1:13 PM
- Kotunygn said...
-
I hate like that girls.
- January 24, 2010 at 1:49 PM
- phyo said...
-
I believe it, coz it has happened quite similar event btw us.One of the boy is sacrificing a lot but she just take advantage and neglect him.....
- January 24, 2010 at 1:50 PM
- မကေ said...
-
အင်း တစ်ခုခုဆို စိတ်တိုင်းမကျတာတွေ များနေတာ ချောရဲ့ ပို့စ်လေးကို ဖတ်ပြီး ဆင်ခြင် လိုက်အုံးမယ် ကျေးဇူး
- January 25, 2010 at 2:05 AM
- မြသွေးနီ said...
-
အမြှီးအမောက်မတည့်တဲ့ လောကကြီးထဲမှာ
ပေါ်လီယာနာလို စိတ်မျိုးထားနိုင်တဲ့သူ ဖြစ်ချင်မိတယ်။
ကျေးဇူးပါ ချော။
မြသွေးနီ - January 25, 2010 at 3:27 AM
- အင်ကြင်းသန့် said...
-
အင်းးးး ဖတ်ပြီးတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး
ဘာဖြစ်လို့လဲဆိုတော့ ဘ၀အခြေအနေ အနိမ့်အမြင့်ပေါ်မူတည်ပြီးပြောင်းလဲသွားတတ်တဲ့လူတွေ အများကြီးတွေ့ခဲ့ဖူးလို့ပဲ
ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ဖို့ အသိတရားလေးရစေလို့ ကျေးဇူး ချစ်မကြီး
ချစ်စရာညီမလေး ဟီးဟီးးးးးးးးးးးးး - January 25, 2010 at 11:52 AM
- nla said...
-
the story doesn't make sense :P
- January 26, 2010 at 2:25 AM
- yu wa said...
-
ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ဖို့ အသိတရားလေးရစေလို့ ကျေးဇူးပါဗျာ
- January 26, 2010 at 4:17 PM
- hnin mar said...
-
အရမ်းကိုကောင်းပါတယ်။ဟုတ်တယ်။လူတိုင်းလူတိုင်းဟာကိုယ်ချင်းစာစိတ်လေးကိုသာထားမယ်ဆိုရင်
အဆင်မပြေမှုတွေ အလိုမကျမှုတွေကဖြစ်နိုင်ချေတွေနည်းလာနိုင်ပါတယ်။ - January 30, 2010 at 3:22 AM
- peace.lover said...
-
good
- January 30, 2010 at 4:12 AM
- ညီညီထွန်း said...
-
မမပြောသလိုတာ လူတိုင်း အဲလိုစဉ်းစားကြမယ်ဆို၇င်
စိတ်ဆင်း၇ဲဖြစ်မှု၊ စိတ်မချမ်းမသာဖြစ်မှုတွေဟာ
ဒီကမ္ဘာကြီးက တကယ်ဘဲ ပျောက်သွားလောက်တယ်နော်အမ--- - February 3, 2010 at 6:32 AM
- nwetharkie said...
-
အဲလိုအချစ်မျိုးရချင်တယ်တစ်ခါလောက်တော.
- February 6, 2010 at 12:12 PM