အကောင်းမြင်တဲ့စိတ်
Tuesday, February 16, 2010picture from google search
တစ်ခါတုန်းကပေါ့... တစ်ခုသော မနက်ခင်းမှာ အသက်၈၀ အဖွားအိုတစ်ဦးဟာ မကြည့်တာ ကြာပြီဖြစ်တဲ့ မှန်ကို ကြည့်နေပါတယ်.. ကြည့်နေရင်းနဲ့ သူမခေါင်းပေါ်မှာ ဆံပင်လေး ၃ပင်သာ ကျန်နေတာကို တွေ့လိုက် ရပါတယ်.. အဲဒီလိုတွေ့လိုက်ချိန်မှာ အရာရာကို အကောင်း မြင်တတ်တဲ့ အဖွားအိုဟာ “ အင်း ငါတော့ ဒီဆံပင် ၃ပင်နဲ့ဆို ဒီနေ့ ဆံကျစ်လေး ကျစ်ထားလိုက်ရင် အတော်ဘဲ လို့” တွေးလိုက်ပြီး ဆံပင်လေး၃ပင်ကို ဆံကျစ်လေးကျစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့ရဲ့ နေ့တွေကို ဖြတ်သန်းလိုက်ပါတယ်....
နောက် ရက်အတန်ကြာလို့ မှန်ကို ကြည့်မိတဲ့အခါ သူမမှာ ဆံပင် ၂ပင်တည်းသာ ကျန်တော့တာကို တွေ့ပြန်ပါတယ်.. ဒီတော့ သူက တွေးမိပြန်တယ်.. “ဟမ်း ငါ့ဆံပင်က ၂ ပင်ထဲကျန်တော့ပါလား.. အတော်ဘဲ ဒီဆံပင်၂ပင်ကို ဟိုဘက်ဒီဘက် တစ်ပင်စီ ချထားလိုက်ရင် ပြီးတာပါဘဲ ” လို့ တွေးလိုက်မိရင်း ဆံပင်လေး ၂ပင်ကို ခေါင်းတစ်ဘက်စီိ ချထားလိုက်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ မှန်ရှေ့ကနေ ထွက်သွားပြန်ပါတယ်..
နောက် တစ်ပတ်လောက်ကြာတဲ့အခါမှာ သူ့ဆံပင်လေးဟာ တစ်ပင်တည်းထီးထီး ကျန်တော့တာကို တွေ့လိုက်ရပါတယ်.. ဒီတစ်ခါ အဖွားအိုက “အိုး ဆံပင်က တစ်ပင်ဘဲ ကျန်တော့ပါလား… ဒီဆံပင်လေးတစ်ပင်ကိုဘဲ (ပိုနီတေလ်း) မြင်းမြီးလေးလို ချထားလိုက်ရင် အကောင်းဆုံးဘဲ ” လို့တွေးလိုက်ပြီး တစ်ပင်တည်းကျန်တဲ့ ဆံပင်လေးကို အသာချလို့ ရွှင်ရွှင်ပြပြလေးနဲ့ မှန်ရှေ့က ထွက်ခွာသွားပြန်ပါတယ်..
နောက်တစ်ရက် မိုးလင်းလို့ မှန်ရှေ့မှာ ကြည့်မိတော့ အဖွားအိုမှာ ဆံပင်လေးတစ်ပင်တောင် မကျန်ရစ် တော့ပါဘူး… ဒီတော့ သူက တွေးမိပြန်ပါတယ်.. “ အင်း.... နောက်ဆုံးတော့ ဂတုံးဖြစ်သွားပြီ. ဘယ်လောက် ကောင်းလိုက်သလဲ.. ငါ့မှာ နောက်ထပ် ဒီဆံပင်အတွက် အချိန်ကုန်စရာ မလိုတော့ဘူး.. ဆံပင်ဖြီးရတဲ့ ဒုက္ခ၊ ခေါင်းလျှော်ရတဲ့ ဒုက္ခ အဲဒါတွေအားလုံး ကင်းဝေးသွားပြီ.. ကောင်းလေစွ ကောင်းလေစွ ” လို့ ပြောပြီးတော့ မှန်အရှေ့ကနေ ကြည်လင် လန်းဆန်းစွာ ထွက်ခွာသွားပါတယ်..
--------------------------------------------------------------------------------------------------------------
ကျွန်မတို့ဟာ အဖွားအိုလို အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်မျိုး ထားနိုင်ပါ့မလား? ကိုယ့်ကိုယ်ကိုလဲ မေးမိပါတယ်.. မလွယ်ပါဘူး… တကယ်ကို မလွယ်ပါဘူးနော်… ကိုယ့်ပိုင်ဆိုင်မှု လျှော့သွားတဲ့ အခါဘဲ ဖြစ်ဖြစ်၊ ခနတာ အခက်အခဲနဲ့ ကြုံရတဲ့ အခါဘဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ စိတ်ဆင်းရဲတတ်ကြတယ်.. ကံကို အပြစ်တင် တတ်ကြတယ်.. စိတ်ပူပန်ဆင်းရဲကြတယ်.. ကိုယ့်စိတ်ကို သက်သာရာရအောင် ဖြေတွေးဖို့ ၊ အကောင်းဘက်ကနေ ကြည့်ဖို့ မစဉ်းစားမိကြဘူး.. တကယ်တမ်းတော့ ဖြစ်ပြီးသွားတဲ့ ကိစ္စရပ်တွေဟာ ကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်တဲ့ အကြောင်းတရား တွေပါနော်.. ပူပန်စိတ်ဆင်းရဲနေတော့ရော အရာရာ အသစ်ပြန်ဖြစ်မလာနိုင်တော့ပါဘူး.. ကိုယ့်ရဲ့ စိတ်ဆင်းရဲပူပန်မှုလေးတွေကို လျှော့ချပြီး ဖြစ်လာတဲ့ အခြေအနေကို အကောင်းဘက်ကနေ မြင်တတ်၊ ကြည့်တတ်ဖို့ အဖွားအိုရဲ့ စိတ်ထားလေးလိုမျိုး ထားနိုင်ဖို့ တတ်နိုင်သလောက်တော့ ကြိုးစားကြည့် ကြရအောင်လားရှင်.. ကျွန်မကိုယ်တိုင်လဲ ကြိုးစားရပါဦးမယ်..
The Very Old Lady ( Unknown Author) ကို ဘာသာပြန်ပါသည်....
ချော (အစိမ်းရောင်လွင်ပြင်)
21 comments:
- မြသွေးနီ said...
-
ဒီပို့စ်လေးလည်း ဖတ်ပြီးရော ကိုယ်ခေါင်းက ဆံပင်စမ်းတောင်စမ်းမိတယ်။
စိုးရိမ်ပူပန်တတ်သူ မဖြစ်ဖို့ ကြိုးစားနေတာပဲ။
အထိုက်အလျှောက်ပဲ အောင်မြင်ပါသေးတယ်။
လိုသေးတယ်..။ အများကြီး ကြိုးစားရဦးမယ်။ - February 16, 2010 at 9:37 PM
- ကိုဖြိုး said...
-
အကောင်းမြင်တတ်တဲ့ စိတ်ဟာ အေးချမ်းပါတယ်။
အစိမ်းရောင်လွင်ပြင်လေး ထဲမှာ နေရတာလည်း အေးချမ်းပါတယ်။
အမ ချော လည်းစိတ်ရောကိုယ်ပါ အေးချမ်းပါစေ။ (ရော့.. ရေခဲရေသောက်) :P
ကျေးဇူးတင်ပါတယ် - February 16, 2010 at 10:11 PM
- december said...
-
ဒီပိုစ့်လေးကို သဘောကျတယ်
အကောင်းမြင်စိတ်ဟာ လူတိုင်းမှာရှိဖို့မလွယ်ပေမဲ့ လူတိုင်းတော့ ထားနိုင်အောင်ကြိုးစားသင့်တယ်
ကျေးဇူးပါ.. ညွှန်ပြပေးတဲ့အတွက် - February 16, 2010 at 10:56 PM
- maylay said...
-
ဖတ်ရင် မမမြသွေးနီပြောသလိုပဲ။ ခေါင်းကို ပြန်စမ်းကြည့်မိတယ်။ စိတ်ဖိစီးမှုကြောင့် ဆံပင်တွေ ကျွတ်ကျွတ်လာလိုက်တာ။ အကောင်းမြင်တတ်အောင် ကြိုးစားနေရင်းနဲ့ ဖြစ်နေတာလေ။ နောက်ထပ် အများကြီးး ကြိုးစားရဦးမယ်။ ကျေးဇူးပါ သယ်ရင်းရေ
- February 16, 2010 at 10:59 PM
- မင်းမဟော် said...
-
ကျနော် လဲ အဲ့လိုဘဲ သိလား
ဘာလို့လဲတော့ မသိပူး
အရင်ကထက်စာရင် နဖူး ပိုပြောင်လာတယ်
မမပြောသလို ဆိုရင်တော့ ကောင်းပါတယ်လေ
နဲနဲ ခက်တာက ဆီလိမ်းရ သက်သာသွားပေမဲ့
မျက်နှာ သစ်ရတာ ပိုကြာလာသလိုဘဲ
ဟိဟိ - February 17, 2010 at 1:53 AM
- ♪♪soelay♪♪ said...
-
ကောင်းပါတယ်...
ပုံပြင်လေးကိုဖက်ပြီ... အဓိကသိရတာက ..
`လောကမှာနေတက်ရင်ကျေနပ်စရာ´ တွေကြီးပါပဲဆိုတာပါပဲ....
ဖက်ခွင့်ရတဲ့အတွက်...ရေးသားသူကိုကျေးဇူးတင်ပါတယ်....
♪♪soelay♪♪ - February 17, 2010 at 2:09 AM
- နွေဆူးလင်္ကာ said...
-
အရာရာကို အကောင်းမြင်တတ်ဖို့တော့ အတော်လေး ကြိုးစားမှ ရလိမ့်မယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့စကားဟာ အလကား ပေါ်လာတာတော့ မဟုတ်ဘူးဗျ။
- February 17, 2010 at 3:58 AM
- အင်ကြင်းသန့် said...
-
မမ...ညီမလေးကရော??? ညီမလေးက ဆံပင်ပျော့ပျော့ပါးပါးလေးတွေကို အားကျတာလေ...အခု ညီမလေးဆံပင်တွေက ထူပိန်းပြီး အများကြီးဖြစ်နေတာကို စိတ်ညစ်နေတာ...အကောင်းဘက်က ဘယ်လိုတွေးရမလဲ အကြံပေးဦး :)))
ညီမဆိုးဆိုးလေး - February 17, 2010 at 5:11 AM
- kokomaung said...
-
အကောင်းမြင်တတ်တော့ ကောင်းတာပေါ့ အမ။ စိတ်ချမ်းသာတယ်လေ။
ဒါမှလဲ လောကကြီးက သာယာလှပလာမှာ မဟုတ်လား။ - February 17, 2010 at 5:58 AM
- kokomaung said...
-
အမ..
ကွန်မင့်ပေးလိုက်တာ မရောက်ဖူးလားမသိဘူး။ ဒါကြောင့် ထပ်ရေးလိုက်တာ။
အကောင်းမြင်ဝါဒရှိထားရင် မြင်သမျှအားလုံး သာယာလှပနေပါလိမ့်မယ်။ အရမ်းအကောင်းမြင်တတ်တာဟာ မကောင်းပေမဲ့ အကောင်းမြင်ဝါဒဟာ မကောင်းမြင်ဝါဒထက် ပိုသာပါတယ်။
ကျနော်ကတော့ ဘာဝါဒကို လက်ကိုင်ထားမှန်း ကိုယ့်ကိုကိုယ်တောင် သတိမထားမိဘူး။းဝ - February 17, 2010 at 6:07 AM
- ခေါ်န် said...
-
အမ
ဒီပိုစ်လေး လဲတော်တော် ကောင်းတယ် ။။
လောကကြီးမှာ နေတတ်သူတွေ အတွက်တော့ပျော်စရာကြီးပဲ အမ ..
ညီမလေး အဲဒီလိုပဲဖြစ်ချင်တယ် ..ဒါပေမဲ့  လူတွေ ရဲ့  လိုအင်ဆန်ဒ ကအတော့်မတတ်နိုင်ဘူးလေအမ ..အခုတောင် ညီမလေး လေ ၀ လို့ စိတ်ညစ်နေရတယ်...
ကျေူးဇူးပဲအမ .. - February 17, 2010 at 6:40 AM
- ဇာဏီ said...
-
ကျွန်တော်ကတော့ ကြိုးစားနေပါတယ်
ဘယ်လိုပြောရမလဲ တစ်ခါတစ်လေဆိုရင်တော့ အကောင်းမြင်စိတ်လေးမွေးလိုက်ပါကွာ ဆိုပြီး
ကိုယ့်ကိုကိုယ်...ပြန်ပြန်သတိပေးမိတယ်..
တစ်ခါတစ်လေ..အဲဒါကတော့ အတိုင်းတာ တစ်ခုကိုကျော်သွားတာမျိုး..ဆိုရင်တော့
အကောင်းမြင်လိုက်ပါကွာဆိုတဲ့ထဲကကို... မထိန်းနိင်ဘူးဖြစ်သွားတတ်တယ်
အသက်ရွှယ် ရင့်ကျက်မှူနဲ့လည်း ဆိုင်လိမ့်မယ်လို့ တွေးမိပါတယ်ဗျာ။ - February 17, 2010 at 7:14 AM
- ညီညီထွန်း said...
-
အစ်မ ပိုစ့်လေးထဲက အဘွားအိုလို လူမျိုးကလည်း တော်တော်ရှားတယ်---
လောဘသားတွေကများတော့
ဒီထဲကအဘွားကြီးလိုမျိုးအ၇မ်း၇ှားနေပါပြီ
ကျွန်တော်လည်း အဲလိုဖြစ်အောင်ကြိုးစားပါ့မယ်--
လွယ်တော့လွယ်ဘူးထင်တယ်----- - February 17, 2010 at 7:35 AM
- Blackroze said...
-
ချောရေ....အကောင်းမြင်တတ်တဲ့သူဖြစ်အောင်...ကြိုးစားနေဆဲပါကွယ်..
- February 17, 2010 at 10:51 AM
- ကိုဇော် said...
-
တကယ်ကို ထင်သာမြင်သောစေတဲ့ ဥပမာလေးပါပဲဗျာ.။
အခုလို ကိုယ့်ဖြစ်ရပ်လေးကို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။ - February 17, 2010 at 2:30 PM
- ဒဏ္ဍာရီ said...
-
အရာရာကို အကောင်းမြင်ဝါဒနဲ့ ကြည့်ပြီး တွေးနိုင်တဲ့ အပြင် ရောင့်ရဲ တင်းတိမ်မှုရှိတဲ့ အဖွားအိုကို အားကျမိတယ်။ အဲဒီလို အတွေးတွေနဲ့သာ နေထိုင်သွားရင် အဖွားလိုပဲ အသက် ၈၀ ကျော်တဲ့အထိ စိတ်လက်အေးချမ်းစွာ နေနိုင်မယ် ထင်တယ်နော်။ အမတို့တွေလည်း အဖွားလောက် မတင်းတိမ်နိုင်ရင်တောင် အတ္တတွေကို လျှော့နိုင်သမျှ လျှော့မှ အေးချမ်းမှာလေ... ကြိုးစားကြည့်တာပေါ့။
ဒီပိုစ့်လေးနဲ့ အတွေးလေးကို မျှဝေပေးလို့ ချောကို ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက် - February 17, 2010 at 6:29 PM
- မြစ်ကျိုးအင်း said...
-
မြန်မာပြည်ရဲ့ ဆရာတော်ကြီးတပါးကလည်း အဲဒီလို အကောင်းမြင်စိတ် ထားတာ အံ့မခန်း ဆိုတာ ဖတ်ခဲ့ဖူးတယ်။ မှတ်ဥာဏ်အားနည်းလို့ ဆရာတော်ကြီး ဘွဲ အမည်ကို ပြန်မရေးပြနိင်တာပါ။
အကောင်းမြင်စိတ် ထားရှိတာဟာ တခြားသူတွေအတွက် မကြည့်ရင်တောင် မိမိကိုယ်ကို
သက်သောင့်သက်သာ ရှိစေပါတယ်။ - February 18, 2010 at 1:36 AM
- Kotunygn said...
-
Right ....... Ma Ma
- February 18, 2010 at 3:09 AM
- ဏီလင်းညို said...
-
ချောရေ...
ပိုကောင်းတာက ဆံပင်မရှိတော့ ဗြူတီ ဆလွန်းတွေဘာတွေ မသွားရတော့ဘူး...၊ ပိုက်ပိုက်မကုန်တော့ဘူးပေါ့ဗျာနော့...ဟိဟိ...း)
(နောက်တာနော်...ဒီပို့စ်လေးတစ်ကယ်ကောင်းတယ်...၊ ကြိုးစားရဦးမယ်..အများကြီး....း))
ခင်မင်တဲ့
ဏီလင်းညို - February 18, 2010 at 3:24 PM
- acube said...
-
နှစ်သက်စွာ ဖတ်ရှု မှတ်သားသွားပါသည်။ ကြိုးစား၍ လိုက်နာပါမည်။
- February 18, 2010 at 11:16 PM
- အဖြူရောင်နတ်သမီး said...
-
အဲဒီလို စိတ်လေး ထားနိုင်အောင် များစွာကြိုးစားရပါအုံးမယ်..မချောရေ....
- February 25, 2010 at 10:50 PM