စကားပြောတဲ့ ဖားကလေး
Tuesday, February 23, 2010
စကားပြောတဲ့ ဖားကလေး
အသက် ၇၂ နှစ်အရွယ် အဖိုးအို တစ်ဦးဟာ သူရဲ့ လှေပေါ်မှာ ထိုင်ပြီး ငါးမျှားနေပါတယ်.. အဲဒီချိန်လေးမှာ အသံလေးတစ်သံကို သူက ကြားလိုက်ရတယ်.. “ကယ်ပါဦး ကယ်ပါဦး ” ဆိုတဲ့ အသံလေး သေးသေးလေး….
အဖိုးအိုဟာ သူ့ ဘေးပတ်ဝန်းကျင်ကို လိုက်ရှာပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့တော့ အိပ်မက် မက်နေတယ်လို့တောင် သူက ထင်လိုက်ပါတယ်.. ဒါပေမဲ့ “ကယ်ပါဦး ” ဆိုတဲ့ အသံကိုဘဲ သူက ထပ်ထပ် ကြားလိုက်ရပြန်တယ်.. ဒါနဲ့ သေသေချာချာ လိုက်ရှာကြည့်တော့မှ ရေထဲက ကြာရွက် တစ်ရွက်ပေါ်မှာ ဖားကလေးတစ်ကောင်ကို တွေ့လိုက်ပါတယ်…
“မင်းက ငါ့ကို စကားပြောနေတာလား ” လို့ အဖိုးအိုက ဖားကလေးကို မေးလိုက်ပါတယ်..
“ဟုတ်ပါတယ်.. ရှင့်ကိုပြောနေတာပါ.. ကျွန်မကို ကယ်ပါ.. ဒီကြာရွက်ပေါ်ကနေ ဆယ်ယူပြီး ရှင်က ကျွန်မကို အနမ်းလေးတစ်ပွင့် ပေးလိုက်ပါ… ဒါဆိုရင် ကျွန်မဟာ ရှင်မြင်ဖူးသမျှ မိန်းမပျိုတွေထဲမှာမှ အလှဆုံး မိန်းခလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်.. ပြီးရင် ကျွန်မဟာ ရှင့်ရဲ့ သတို့သမီးလေး ဖြစ်လာမှာပါ…. ဒါဆိုရင် ရှင့်သူငယ်ချင်းတွေ မိတ်ဆွေတွေက ရှင့်ကို မနာလိုရလောက်အောင် ဖြစ်ကြပါလိမ့်မယ်..”
အဖိုးအိုဟာ ဖားကလေးရဲ့ စကားကို ကြားတာနဲ့ ချက်ခြင်းဘဲ ဖားကလေးကို ကောက်ပြီး သူရဲ့ အင်္ကျီ အိတ်ထောင်ထဲကို ထည့်လိုက်ပါတော့တယ်…
ဖားကလေးက “ ရှင်ရူးနေသလား.. ကျွန်မပြောတာကို ရှင်မကြားဘူးလား.. ကျွန်မကို နမ်းလိုက်ရင် ရှင့်ရဲ့ အလှပဆုံး သတို့သမီးလေး ဖြစ်လာမှာပါလို့ ပြောနေတယ်လေ……….”
အဖိုးကြီးက အိတ်ထောင်လေးကို အသာဟပြီး ဖားကလေးကို ငုံ့ကြည့်ကာပြောလိုက်ပါတယ်.
“ နေပါစေ… ငါ့အသက်အရွယ်က မိန်းမတစ်ယောက် ရှိတာထက် စကားပြောတတ်တဲ့ ဖားတစ်ကောင် ရှိတာက ပိုပြီးကောင်းလိမ့်မယ်တဲ့…………………” :)
-------------------------------------------------------------------------------------------------------
ဒီရက်ပိုင်း ဘလောဂ့်က ၀င်မရဘဲ ဖြစ်သွားတဲ့အတွက် စိတ်တွေ နည်းနည်း တင်းကြပ် နေပါတယ်.. ဒါကြောင့် ပေါ့ပေါ့ပါးပါး ပြုံးစရာလေး ရှာကြံရေးလိုက်ပါတယ်.. ကျွန်မရဲ့ ခင်မင်လှစွာသော စာရေးဖော် ဘလောဂ်ဂါ ယောက်ျားလေး သူငယ်ချင်းများ.. စာလာဖတ်တဲ့ ယောက်ျားလေးများ အဖိုးအိုနေရာမှာသာ ဆိုခဲ့ရင် ဖားကလေးကို နမ်းမှာလား… သိချင်စမ်းလှပါတယ်.. :) :) :) မိန်းခလေးတွေကတော့ ပွဲကြည့်ပရိသတ် လုပ်ကြစို့ရဲ့... :)
ချော (အစိမ်းရောင်လွင်ပြင်)
source from Funzug.com မှ The Talking Frog ကို ဘာသာပြန်ပါသည်။
13 comments:
- မြစ်ကျိုးအင်း said...
-
ဖြေရကျပ်တာတွေ မေးရဘူးလေ
ကျနော်တို့က ငယ်ငယ်လေးပဲ ရှိသေးတာလေ အမရဲ့
အဖိုးကြီးကတော့ သူ့အကြောင်းသူသိမှာပေါ့း) - February 23, 2010 at 8:51 AM
- မြစ်ကျိုးအင်း said...
-
နမ်းရင်လည်း ဖားတောင်မရှောင်ဘူး ဖြစ်အုံးမယ်။
မနမ်းရင်လည်း အဖိုးကြီးလို့ထင်အုံးမယ်။
မထူးပါဘူးလေ
အိပ်ခါနီးမှပဲ နမ်းလိုက်တော့မယ်
တလွဲမတွေးပါနဲ့ သူလည်း အိပ်ယာလေးနဲ့ အိပ်ချင်ရှာမှာပေါ့ ဟဲဟဲ - February 23, 2010 at 8:57 AM
- ကိုဖြိုး said...
-
အခုနေများ လာမေးလို့ ကတော့.. ဟွန်း.. ဘာပြောကောင်းမလဲ..နမ်းတာပေါ့... နော့...။ ရွံတတ်သော်လည်း အောင့်ကာနမ်း ပေါ့ :P အသက် ၇၀ ကျော် အဖိုးကြီးဖြစ်သွားရင်တော့...
အင်းလေ.. အသက်ကြီးလာတော့လဲ စကားပြောဖော်လေးရတော့ အဆင်ပြေတာပေါ့။
ကျန်တာ ဘာမှမှ မလိုတာ။ :P ဒိထက် အသက်ကြီးလာရင်တော့... အဟဲ.. ပြန်နမ်းရတော့မယ်။
တမျိုးမတွေးနဲ့ ဦး... အသက်ကြီးလာတော့ ဆေးပေးမီးယူ.. လိုလာတယ်လေ။
အာဘွား.. :P - February 23, 2010 at 9:09 AM
- kokomaung said...
-
“ နေပါစေ… မိန်းမတစ်ယောက် ရှိတာထက် စကားပြောတတ်တဲ့ ဖားတစ်ကောင် ရှိတာက ပိုပြီးကောင်းလိမ့်မယ်တဲ့…………………” :)
ကျနော့်အထင်ကတော့ ဒီအဘိုးကြီး မိန်းမတွေအကြောင်း တော်တော်သိထားလို့နဲ့ တူတယ်နော် အမ။းဝ(
(လိုသလို ဖြတ်ပြီး တွေးသွားသည်)။ - February 23, 2010 at 10:30 AM
- ကိုဇော် said...
-
လိုရင် နမ်းမယ်နော်...လို့ ပြောလို့ရမလား..ဟီး။
မလိုတော့ရင် စကားပြောဖော် ဖား လေးပဲ ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ. . .
ဒါကိုလည်း ပြောခဲ့ဦးလေဗျာ...
( ထမင်း ၊ ဟင်း ချက် ၊ အဝတ်လျှော်ပြီးရင် ပြောပါတယ်....ဟီး။ )
ကျန်တာကတော့ ကျနော် နက်ထဲဝင်နေလို့ သူက ဘေးကနေ နားပူနေမှာ စိုးလို့ :P - February 23, 2010 at 12:44 PM
- လင်းကြယ်ဖြူ said...
-
အင်း..နယ်တစ်ခုမှာ ..ပြောနေကြတာကြားဖူးတယ်...
ဖားကလေးတွေကို ငရုတ်သီး နဲ့ ကြွပ်နေအောင်ကြော် စားရင် သိပ်ကောင်းဆိုပဲ...း )
ပျော်ပါစေခင်ဗျာ - February 23, 2010 at 5:02 PM
- ssy said...
-
if i were that old man, i will if my son refuse to kiss, and i know exactly what my idiot son likes. after all, he will understand i kissed the frog and he kisses the bride and live happily ever after.
- February 25, 2010 at 10:44 PM
- အင်ကြင်းသန့် said...
-
အွန့်....ရွံဆြာဂျီး....(တော်ပါသေးရဲ့ မိန်းခလေးဖြစ်နေလို့)
:D - February 27, 2010 at 12:42 AM
- ကျော်သီဟ said...
-
အဖြေက ပုံပြင်ထဲမှာပါပြီးသားလေ... အသက်အရွယ်ပေါ်မူတည်ပါ၏... သတို့သမီးရှာတဲ့ အရွယ်ဆိုရင်တော့
နမ်းမိမှာပေါ့ :) ... - February 27, 2010 at 12:42 AM
- စာဖတ်သူ said...
-
ကျနော်ကတော့နမ်းဖူးဗျ။လှပတဲ့မိန်းကလေးကရှာလို့ရတယ်။
စကားပြောတဲ့ဖားလေးကရှာတွေဖို့မလွယ်ဘူးလေ။မွေးထားမှာလေ။
အဲဒီလိုထူးဆန်းတာလေးတွေရတာဘယ်လောက်ပျော်ဖို့ကောင်းလဲ။ - February 27, 2010 at 6:05 AM
- Kotunygn said...
-
Believe it or Not ?
- February 27, 2010 at 6:09 AM
- ပြည့်စုံ said...
-
ဟုတ်တယ်ဗျို့..စကားပြောတတ်သော ဖားမလေး ဆိုပြီးရုံသွင်းပြရင်တော်တော်ချမ်းသာသွားလောက်တယ်..ဟီးဟီး:)
- February 27, 2010 at 10:17 PM
- မြသွေးနီ said...
-
နမ်းပြီး တကယ့် မိန်းကလေး မဖြစ်လာရင်ဘယ်လိုလုပ်မလည်း...?
အဘိုးကြီးက သိနေတယ်နော်..မဖြစ်နိုင်တာကို။ ဒါကြောင့် ဥပါယ်တမျှင်နဲ့ ပြောလိုက်တာ..။
မဟုတ်လို့ကတော့... ယောကျာင်္းတွေပဲ..သိတယ်ဟုတ် !
ဟိ..:) - March 1, 2010 at 1:28 AM