ဘ၀ရဲ့ ပဲ့တင်သံ
Monday, January 18, 2010photo from google search
တစ်နေ့ ရွာလေးတစ်ရွာမှာရှိတဲ့ သားအဖ ၂ယောက်ဟာ တောင်တက် တောလမ်းလေးတစ်ခုကို ဖြတ်သန်းလာကြပါတယ်.. ရုတ်တရက် သား ဖြစ်သူက ခြေခေါက်ပြီး လဲကျသွားပါတယ်.. နာကျင် လွန်းတဲ့အတွက် သူ့ပါးစပ်မှာ အား ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်မိပါတယ်.. ချက်ခြင်းဘဲ တောင်တန်း တစ်နေရာမှ သူအော်လိုက်သော အသံအတိုင်း အား လို့ ထပ်ခါထပ်ခါ ထွက်ပေါ်လာသော အသံများကို ကြားလိုက် ရပါတယ်…
သူက ဘယ်သူက အော်လိုက်တာပါလိမ့်လို့သိချင်တဲ့ အတွက် “မင်းဘယ်သူလဲ” လို့ ပြန်အော်ဟစ်ပြီး မေးလိုက်ပါတယ်… တစ်ဖက်ကလဲ “မင်း ဘယ်သူလဲ” လို့ပြန်အော်မေးသံကို သူကြားလိုက်တယ်..
တစ်ခါသူက “မင်းကို ငါ လေးစားပါတယ်.” လို့ ပြန်အော်လိုက်ပြန်တယ်… တစ်ဘက်ကလည်း သူ့အတိုင်းဘဲ “မင်းကို ငါ လေးစား ပါတယ် ” လို့ ပြန်အော် လာတယ်..
နောက်တစ်ခါ သူက “ဟေ့ သတ္တိနည်းတဲ့ကောင်” လို့အော်ပြန်တော့ သူ့အတိုင်းဘဲ “ဟေ့ သတ္တိနည်းတဲ့ ကောင် ” လို့ အော်သံ ထွက်လာ ပါတယ်..
ဒီတော့ ကောင်လေးက သူ့အဖေကို မေးလိုက်တယ်.. “အဖေ သူက ဘယ်လို ဖြစ်တာလဲ ကျွန်တော်အော်တဲ့ အတိုင်းပြန်အော်နေတယ်. ဘယ်သူက အော်နေတာလဲ ” တဲ့ .. သူ့အဖေက ပြုံးလိုက်ပြီး “သား သေချာနားထောင်နော်…” အဲလိုပြောပြီး “ဟေ့ မင်းဟာ လူတော် တစ်ယောက်ဘဲ ” လို့ အော် ဟစ်လိုက်ပါတယ်.. ဒီတော့ သူ့အဖေရဲ့အသံအတိုင်းဘဲ အော်သံပြန်ထွက်လာပါတယ်.. သားဖြစ်သူက အဖေကို အံ့သြတကြီး ကြည့်နေ ပါတယ်.. သူ့အဖေ ဘာလုပ်နေတာလဲဆိုတာ သူ သဘောမပေါက် ပါဘူး…
ဒီနောက် အဖေလုပ်သူက သားကို ရှင်းပြတယ်..
“သား ဒီဟာကို လူတွေက ပဲ့တင်သံလို့ခေါ်ကြတယ်.. အမှန်တော့ အဲဒါဟာ ဘ၀ဘဲ.. သားဘ၀မှာ ဘာဘဲလုပ်လုပ် ၊ ဘာဘဲ ပြောပြော သားပြောတဲ့ လုပ်တဲ့ အတိုင်းဘဲ သားရဲ့ဘ၀မှာ ပြန်ပြီး ထင်ဟပ်လာတယ်.. သားကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ပြန်ခံစားရမယ်.. ဆိုးတာလုပ်ရင် ဆိုးကျိုးကို မလွဲမသွေ ပြန်ခံစားရမှာဘဲ. သားပြုသမျှ အရာရာဟာ ခုနက သား ကြားလိုက် ရတဲ့ ပဲ့တင်သံလိုဘဲ ထပ်တူထပ်မျှ ကိုယ့်ဆီကို ပြန်လာလိမ့်မယ်… ဘ၀မှာ အောင်မြင်မှုဆိုတာ တိုက်ဆိုင်မှုတွေ ကြောင့် ဖြစ်လာတာ မဟုတ်ဘူး.. ကိုယ့်ကြိုစားမှုကြောင့် ပဲ့တင်သံသဖွယ် တုံ့ပြန်ရရှိလာတဲ့ ရောင်ပြန် ဟပ်ခြင်းတွေဘဲ ဖြစ် တယ်... ”
-------------------------------------------------------------------------------------------------------------------------------------
ဒီဇာတ်လမ်းလေးထဲက အဖေဖြစ်သူပြောတဲ့ စကားလေးလိုပါဘဲ.. ကျွန်မတို့တွေဟာ ဘ၀မှာ အောင်မြင်ချင်တယ် ဆိုရင် ကြိုးစားကြဖို့ လိုပါ တယ်.. မကြိုးစားဘဲနဲ့ တိုက်ဆိုင်မှုကြောင့် ဆိုပြီး ရလာဒ်ကောင်းတွေကို ရရှိလာမှာ မဟုတ်ပါဘူး... အချို့သောသူတွေက စိတ်ပျက် ညီးတွား တတ်ကြတယ်.. ငါတို့မှာ နောက်ခံ အင်အား မကောင်းပါဘူး... မိတ်ကောင်းဆွေကောင်း မရှိပါဘူးဆိုပြီး ကြိုးစားဖို့ စိတ်ကူးမရှိတော့ဘဲ စိတ်ပျက် လက်ပျက် မှိုင်တွေနေတတ်ကြတယ်.. အခွင့်အလမ်းကောင်းဆိုသည်မှာ ကိုယ့်ဆီကို အလိုလို ရောက်လာ တတ်တဲ့ အရာမျိုး မဟုတ် ပါဘူး.. မိမိကသာ လိုက်လံရှာဖွေရမဲ့ အရာဖြစ်ပါတယ်.. အခွင့်ကောင်း မတွေ့သေးတဲ့အချိန်မှာ မိမိလုပ်နေရမဲ့ အရာသည် လိုအပ်သော အရည် အချင်း များကို ဖြည့်ဆည်းထားဖို့ အရေးကြီးပါတယ်.. ကြိုးစားသူများအတွက် အောင်မြင်မှု ပန်းတိုင်ဆိုတာ လက်တစ်ကမ်း အကွာမှာ ရှိနေ တတ်ပါ တယ်.. မကြိုးစားဘဲ ထိုင်နေလျှင်တော့ အောင်မြင်မှု ပန်းတိုင်နဲ့ တစ်ဖြေးဖြေး ဝေးကွာသွားမှာ သေချာ သလောက်ပါ. လေ့လာ သင်ယူ စရာ များပြားလှသော ယခုခေတ်တွင် လူငယ်များ အချိန်ဖြုန်းမနေသင့်ဘဲ ဘ၀အတွက် အသုံးကျမည် အကျိုးရှိမည် ဟု ထင်ရသော ပညာများကို လေ့လာ ၊သင်ယူထားသင့်ပါတယ်.. . တစ်ချိန်ချိန် အခွင့်အလမ်းနှင့် ကြုံတွေသည့်အခါ မိမိတွင် လိုအပ်သော အရည်အချင်းများ ပြည့်စုံစွာ ဖြည့်ဆည်းထားပြီး ဖြစ်သောကြောင့် ၄င်းအခွင့်အလမ်းနှင့် လွှဲချော်သွားစရာ အကြောင်းမရှိတော့ပါ... ထိုအချိန်တွင်မှ မိမိတွင် မဖြည့်ဆည်း ခဲ့ရသော အရာများအတွက် နောင်တရနေမည် ဆိုလျှင်တော့ နောက်ကျသွား ပါပြီ.. ဘ၀ဆိုသည်မှာ ကြိုးစား နေသူများ အတွက်တော့ နေရာ တစ်နေရာ အမြဲတမ်း ရှိနေတတ်ပါတယ်ရှင်........
Unknown Author ရဲ့ Echo ကို ဘာသာပြန်ထားပါသည်..
အင်အားရှိကြပါစေရှင်.............
ချော(အစိမ်းရောင်လွင်ပြင်)
9 comments:
- phyo said...
-
good conclusion.... rather that the translation........
can highlight the vital point.......
i like it xo xo much.... - January 18, 2010 at 9:52 AM
- ကိုဇော် said...
-
ဟုတ်တယ် အရမ်းကိုမှန်တယ်..။
လောကဟာ ဘာမှ ပြင်ဆင်မထားသူကို မျက်နှာသာ ပေးရိုးထုံးစံ မရှိဘူး.။
ကျနော့်ဘဝမှာလည်း ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရလို့
ရေစုန်မျှောပြီး ဘဝဖုန်တတ်နေတာ ကြာပြီဗျ..။
အခုမှ ပြန်ပြီး ဖုန်ခါနေတုန်း..။
ကျေးဇူး..
ပျော်ရွှင်ပါစေ.၊ - January 18, 2010 at 5:40 PM
- Thurani said...
-
အရမ်းကောင်းတယ်ဗျာ.. ဖတ်လိုက်ရတာ အသိတရားတစ်ခုတိုးသွားတဲ့အတွက်ကျေးဇူးပါ..
- January 19, 2010 at 9:07 AM
- အောင်ကျော်ဇေယျာမိုးဟိန်းထွန်း said...
-
ဗဟုသုတတွေအများကြီးရလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်အမရေ။
အောင်မြင်ပျော်ရွှင်ပါစေခင်ဗျာ။ - January 19, 2010 at 9:45 AM
- Kotunygn said...
-
Yeah ........ That is Right .......
- January 19, 2010 at 12:28 PM
- မြသွေးနီ said...
-
ချောရေ...
သိပ်ကောင်းပါတယ်။
ဒီပို့စ်လေးဖတ်သူတိုင်း
အနည်းဆုံး ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်မိကြမှာပါ။
မြသွေးနီ - January 20, 2010 at 3:19 AM
- အင်ကြင်းသန့် said...
-
“အရမ်းချစ်ဖို့ကောင်းတယ်၊ အရမ်းသဘောကောင်းတယ်”
ဟီးဟီး ပဲ့တင်သံပြန်လာအောင်လို့ေ��� :D - January 21, 2010 at 11:20 AM
- အင်းတော်ကြီးသား said...
-
သိပ်မှန်တယ် မချောရေ ဘဝရဲ့ ပဲတင်သံလေးဖတ်ပြီး ကျွန်တော်အတွက် ခွန်အားတွေ ဖြစ်ပါတယ်
ကောင်းကင်ဘုံဆိုတာတွေ ၊ အောင်မြင်မှုဆိုတာတွေဟာ ကိုယ့်ဆီမှာပဲ ရှိတယ် ၊ ကျွန်တော်တို့က ကောင်းကင်ဘုံကို တည်ဆောက်ရင် ကောင်းကင်ဘုံကို ရောက်မှာပဲ ၊ ငရဲဘုံကို ဖန်တီးမယ် ဆိုရင်လည်း ငရဲဘုံပဲ ရမယ် ဆိုတာလေ ။ ကျွန်တော်တို့ မချောတို ဒီနေ့ စိုက်ပျိုးတာဟာ နောင်တစ်ချိန်မှာ ရိတ်သိမ်းဖို့ပါ ။ ဟုတ်တယ်နော် ....
အမြဲအားပေးနေပါမယ် ။ - January 22, 2010 at 10:33 AM
- ညီညီထွန်း said...
-
အ၇မ်းမှန်တယ် အမ၇ယ်
လူတွေက ကိုယ်တိုင်မကြိုးစားကြဘဲနဲ့
အောင်မြင်မှုမ၇၇င် ကံကိုဘဲ အပြစ်ဖို့ကြတယ်-----
ကိုယ်တိုင်လုပ်ဖို့ကိုတော့ မကြိုးစားကြဘူးအမ၇
မောင်လေး အတွက် ခွန်အားဖြည့် သင်ခန်းစားတွေပါဗျာ ကျေးဇူးပါမမ---------- - February 4, 2010 at 6:53 AM