ကမ္ဘာတစ်လွှား ရေတံခွန်များ
Sunday, January 17, 2010
ကမ္ဘာပေါ်ရှိ ရေတံခွန်များစွာတို့အနက် ထင်ရှားကျော်ကြားတဲ့ ရေတံခွန်များကို ဗဟုသုတအတွက် ဖော်ပြပေးလိုက်ပါတယ်..
ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံ Canaima အမျိုးသားဥယျာဉ်မှာရှိတဲ့ Angel Falls ပါ.. စုစုပေါင်း အမြင့်ပေ ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့ အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်...
တောင်အာဖရိကနိုင်ငံရှိ အမြင့်ပေ ၃၁၁၀ ရှိ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး Tugela Falls ပါ
ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိတဲ့ ဥရောပမှာ အကြီးဆုံးရေတံခွန်ဖြစ်တဲ့ Rhine Falls ပါ ဂျာမဏီနယ်စပ်နဲ့ မိုင်အနည်းငယ်သာကွားဝေးပါတယ်. ရိုင်းမြစ်ထဲကို ရေပမာဏ အများဆုံး စီးဆင်းတဲ့ ရေတံခွန်ဖြစ်ပါတယ်...
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသားဥယျာဉ်ရှိ Yosemite Falls ပါ.. အမြင့်ပေ ၂၄၂၅ မြင့်ပြီးတော့ မတူတဲ့ ပုံစံ ၃မျိုးနဲ့ စီးဆင်းတဲ့နေတဲ့ ရေတံခွန်ဖြစ်ပါတယ်..
အာဖရိကနိုင်ငံ Victoria အမျိုးသားဥယျာဉ် ရှိ Victoria Falls ပါ.. အမြင့်ပေအားဖြင့် ၃၅၀ သာရှိသော်လည်း အလွန်ကျယ်ပြန့် ကြီးမားတဲ့ ရေတံခွန် ဖြစ်ပါတယ်.. အကျယ်အားဖြင့် ၅၇၀၀ ပေ ကျယ်ဝန်းပါတယ်...
ပီရူးနိုင်ငံရှိ ကမ္ဘာ့ ပဉ္စမမြောက် အမြင့်ဆုံး Gocta ရေတံခွန်ပါ... ပီရူးအစိုးရရဲ့ ကြိုးပမ်းချက်နဲ့ သိပ်မကြာသေးခင်ကမှ ထင်ရှားကျော်ကြား လာတဲ့ ရေတံခွန်လဲ ဖြစ်ပါတယ်..
နော်ဝေးနိုင်ငံရှိ အမြင့်ပေ ၂၈၂၂ ရှိ Vinnufossen ရေတံခွန်ပါ.. ပင်မရေတံခွန်ကနေ ရေတံခွန်အသေး လေးဖြာ ခွဲထွက်စီးဆင်း နေပါတယ်..
အာဂျင်တီးနားနှင့် ဘရာဇီးနှစ်နိုင်ငံ နယ်စပ်ရှိ ကြီးမားထင်ရှားလှသော Iguacu Falls ဘရာဇီးနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၂၅%ကို ထုတ်လုပ် ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများ အား အဆွဲဆောင်နိုင်ဆုံးသောရေတံခွန်တစ်ခုလဲ ဖြစ်ပါတယ်..
နယူးဇီလန်နိုင်ငံရှိ လူသိများထင်ရှားသော Sutherland Falls , ရေခဲတောင်များမှ စီးကျလာသော ရေများစုစည်းရာ ရေကန်ကြီးမှ ဖြာစီး ကျဆင်းလာသော ရေတံခွန်ကြီးတစ်ခုလည်းဖြစ်ပါတယ်.
အမေရိကန်နှင့် ကနေဒါ နယ်စပ်ကြားရှိ ကမ္ဘာ့အလှဆုံး၊ ကမ္ဘာလှည့် ခရီးသွားများ အသွားများဆုံးသော Niagara Falls
http://www.treehugger.com/galleries/2009/06/amazing-waterfalls-around-the-world.php?page=7 မှ မျှဝေပါသည်...
ပျော်ရွှင်ကြပါစေရှင်..
ချော (အစိမ်းရောင်လွင်ပြင်)
6 comments:
- demonphyo said...
-
nice scenes... i wanna jump down from them...":)
- January 17, 2010 at 8:03 AM
- မကေ said...
-
အရမ်းလှတယ်နော်။အခုလို မျှဝေပေးတာကျေးဇူးပါ
- January 17, 2010 at 8:30 PM
- အင်ကြင်းသန့် said...
-
မချောရေ....
ပုံတွေတကယ်လှတာပဲ
မျှဝေခြင်းအတွက် ကျေးကျေးစ် - January 18, 2010 at 6:02 AM
- သူရ said...
-
ခုန်ချချင်စရာကြီးဗျ..
- January 19, 2010 at 9:08 AM
- tuntun said...
-
May I do a member.
- January 25, 2010 at 3:31 AM
- Josef Boniello said...
-
Terrific blog, this is very similar to a site that I have. Please check it out sometime and feel free to leave me a comenet on it and tell me what you think. Im always looking for feedback.
- April 3, 2010 at 4:20 PM