ပေါ့ပေါ့ပါးပါး ပြုံးစရာ (၃)
Monday, March 1, 2010ကျွန်မတို့ ဘလောဂ့်တွေ ဒီရက်ပိုင်း ၀င်မရတဲ့ဒုက္ခ ခနခနဖြစ်နေတော့ စာတွေလဲ မရေးနိုင် ဖြစ်နေမိပါတယ်.. စိတ်လဲ ညစ်တာပေါ့နော်.... ဒီတော့ လေးလေးနက်နက် စာလေးတွေ မရေးနိုင်ဘဲ စိတ်ပြေလက်ပျောက်ဖြစ်မဲ့ ရယ်စရာလေးတွေဘဲ တွေးချင် နေမိတယ်.. ဒါကြောင့်လဲ စာဖတ်သူများကို စိတ်ပေါ့ပါးမဲ့ ရယ်စရာ လေးတွေကိုဘဲ လောလောဆည် မျှဝေ ပေးပါရစေနော်...
၁. ကောင်လေး။ ။ ရှင် ..ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..
ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ ပြန်စစ် ကြည့်ပြီးပြီ..
၂.ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေ ဇွတ်ပြီး ပြောနေတဲ့ သူမျိုးကို ဘယ်လိုခေါ်လဲ
ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..
၃. စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှာလားခင်ဗျာ
စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီက ဘာအရောင်နဲ့များ ရသေးလို့လဲ?
၎. ကောင်လေး။ ။ကိုယ် မင်းလက်ကလေးကို ကိုင်ထားပါရစေ
ကောင်မလေး။ ။နေပါစေ ကျွန်မလက်က ဒီလောက် မလေးပါဘူး..
၅.တရားဟောဆရာ။ ။ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း မင်းဟာ ထမင်းမစားခင်မှာ ဆုတောင်းလား. မတောင်းဘူးလား?
ဆမ်။ ။ ဆုတောင်းဖို့မလိုပါဘူးခင်ဗျာ.. ကျွန်တော့အမေက ဟင်းချက် ကောင်းပါတယ်…
၆.လူနာ။ ။ ဒေါက်တာ ကျွန်တော့အခြေအနေလေးသိပါရစေ.. ကျွန်တော် ပြန်ကောင်းလာဖို့ အခွင့်အလမ်းရှိသေးရဲ့လား ခင်ဗျာ?
ဆရာဝန်။ ။ ရှိပါတယ်ဗျ ၁၀၀% တောင် ခင်ဗျားအတွက် အခွင့်အလမ်း ရှိတယ်.. ဘာလို့ လဲ ဆိုတော့ ခင်ဗျားလို ရောဂါမျိုးက ၁၀ယောက်မှာ ကိုးယောက်လောက်က သေနိုင်ပြီး တစ်ယောက်ဘဲ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်း ရှိတာဗျ.. ဒီတော့ စိတ်မပူနဲ့ ခင်ဗျားလို ရောဂါဖြစ်တဲ့သူ ကိုးယောက်လောက်က သေသွားပြီ ခင်ဗျားက ၁၀ယောက်မြောက်ဘဲ.
၇.ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ စမ်းပါဦးကွယ်..
ကျောင်းသား။ ။ကျွန်တော့အဖေနဲ့ အမေဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာ မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ.
၈.ဆရာမ။ ။ ဂျောခ်ျ့ဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့ ချယ်ရီပင် လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက သူ့ကို အပြစ် မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲ ဆိုတာ ဘယ်သူသိလဲ?
ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာမ
၉.ဆရာမ။ ။နေနဲ့ လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ
ကျောင်းသား။ ။လပါဆရာမ
ဆရာမ။ ။ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?
ကျောင်းသား။ ။လက ကျွန်တော်တို့ အလင်းရောင် လိုအပ်နေတဲ့ ညမှ ပေါ်လာပြီးတော့ နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။
၁၀. ဆရာမ။ ။ဆမ် မင်းဟာတော်တော်ကို စကားများပါလား
ဆမ်။ ။ကျွန်တော်တို့ မျိုးရိုးက စကားများတဲ့ မျိုးရိုးမို့ပါ
ဆရာမ။ ။ပြောစမ်းပါဦး မင်းတို့မျိုးရိုးက ဘာတွေမို့လဲ
ဆမ်။ ။ကျွန်တော့ အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့် အဖေ ကတော့ ကျောင်းဆရာ
ဆရာမ။ ။မင်းအမေကရော
ဆမ်။ ။ကျွန်တော့အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ.. (ဟွန့်.. ဒါတော့ လက်မခံဘူး... ကျွန်မကတော့ မိန်းမ တစ်ယောက်ဖြစ်ပေမဲ့ စကားမများပါဘူး) :) :) :)
ရယ်မော ပျော်ရွှင်နိုင်ကြပါစေရှင်....
ချော(အစိမ်းရောင်လွင်ပြင်)
9 comments:
- မြသွေးနီ said...
-
ဟ ဟာ ဟား
(မှတ်ချက် - Mylovecafe ပြန်ပြုတ်သွားမှာစိုးလို့တစ်ဝက်သာရယ်ရဲသည် ) - March 1, 2010 at 12:33 AM
- ကိုဖြိုး said...
-
ဟားဟားဟား....
ကျွန်တော်ကတော့ ကိုယ်ပိုင်ဘလော့ မရှိလို့  အပြည့်ရယ်ခဲ့တယ် ဗျို့ ...။
အင်း... ရယ်နေရင်း. ကွန်နက်ရှင် ကျသွားရင်တော့... မှတ်ကရော..ပဲ :( - March 1, 2010 at 1:58 AM
- Kotunygn said...
-
Wa .... Ha .... Har .....
- March 1, 2010 at 5:40 AM
- မကေ said...
-
အမရေ ၀င်လို့ရတုန်း အပြေးအလွား ရယ်သွားပါတယ်။ ရယ်နေတုန်း ပြန်ပြုတ်သွားမှာစိုးလို့ :P
- March 1, 2010 at 9:46 PM
- mg han said...
-
အဟေး ဟေး ဟေး........
ငရုပ်သီးမကြိုက်တဲ.ကြက်တူရွေးရယ်စကားမများတဲ.မိန်းမရယ်အတူတူပဲတဲ.။
ဟဲ ဟဲ - March 2, 2010 at 5:25 AM
- အင်ကြင်းသန့် said...
-
ကဲ...အပေါ်က လူတွေက ရီနည်းမျိုးစုံနဲ့ ရီသွားတော့ ညီမလေးက ဘယ်လိုရီရမလဲ...:D
- March 2, 2010 at 5:41 AM
- ကိုဇော် said...
-
အဟိ..ခွိခွိ...လို့ပဲ ရယ်လိုက်တော့မယ်..။
ဂွတ်..။ - March 2, 2010 at 8:04 AM
- ကိုကိုမောင် said...
-
ရယ်စရာတွေချည်းမို့ ဘယ်ဟာကို ပိုရယ်ရမှန်းမသိဖြစ်သွားတယ်။းဝ(
- March 2, 2010 at 8:27 AM
- ပြည့်စုံ said...
-
အကုန်လုံးပေါင်းပြီရယ်သွားပါတယ်ဗျို့............
- March 3, 2010 at 9:48 PM