တောင်းပန်ခြင်း
Saturday, February 27, 2010
ကျွန်မရဲ့ အစိမ်းရောင် လွင်ပြင်ထဲကို ၅ရက်လောက် ၀င်လို့မရဖြစ်သွားတဲ့အတွက် စာဖတ်သူများ၊ သူငယ်ချင်းများ အားလုံး အဆင်မပြေမှုကို ခွင့်လွှတ်ကြဖို့ အနူးအညွှတ် တောင်းပန်ပါ တယ်ရှင်.. အဆင်ပြေအောင် ကြိုးစားပေးတဲ့ Mylovecafe ပိုင်ရှင် Admin ကြီးနဲ့တကွ အကြံပေးကြတဲ့၊ စိတ်ပူပေးတဲ့ သူငယ်ချင်းများ၊ စာရေးဖော်များ၊ စာဖတ်သူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောပါရစေရှင်.. အသစ်တွေကို ပုံမှန်အတိုင်း ကြိုးစားပြီး တင်ပေးသွားပါမယ်နော်..
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..
ချော(အစိမ်းရောင်လွင်ပြင်)
8 comments:
- ကိုဖြိုး said...
-
ရပါတယ်ဗျာ...။
ဒီလိုပါပဲ...။
သိတယ်ဟုတ်... မြန်မာ နိုင်ငံပဲကိုး.... ဟိဟိ..
ဂလောက်တော့ ရှိမှာပေါ့..။
ပြီးတော့.. ဒါကလဲ ဆာဗာက ဖြစ်တာ ဆိုတော့. အမ အပြစ်မရှိပါဘူးလေ။
ဟုတ်တယ် ဟုတ်..။
အစိမ်းရောင်လွင်ပြင်ကျယ်ကြီးထဲမှာ...အမြဲပျော်ရွင် နိုင်ပါစေ... :) - February 27, 2010 at 1:24 AM
- ကိုလူထွေး said...
-
ဒါကြောင့် အရင်နေ့တွေက ဝင်လို့မရတာကိုး...
းဝ) - February 27, 2010 at 2:36 AM
- မြစ်ကျိုးအင်း said...
-
ရဘာဒယ် ခွင့်လွှတ်ရမှာပေါ့ ။ ခွင့်မလွှတ်ဘူး ဆိုရင် စိတ်ဆိုးပြီး စာတွေ ဆက်မရေးမှာ စိုးမိပါတယ်။ ခုတော့လည်း ပြန်ကောင်းသွားပြီပေါ့။
- February 27, 2010 at 5:28 AM
- ချစ်ကြည်အေး said...
-
စာတွေ မတင်ဖြစ်တာကို နားလည်ပါတယ်ချောရေ...စိတ်မပူပါနဲ့ နော်... :)
- February 27, 2010 at 7:10 AM
- ကိုကိုမောင် said...
-
အမရေ...
ခဏခဏကြိုးစားပြီးဖွင့်ကြည့်တယ်။ နေ့တိုင်းပါဘဲ။ အဆင်မပြေဘူး။ အခုမှဘဲ အဆင်ပြေသွားတော့တယ်။
အားပေးနေလျက်ပါဘဲ။ - February 27, 2010 at 12:30 PM
- ပြည့်စုံ said...
-
အဆင်ပြေသွားပြီ မချော.....အသစ်အသစ်တွေကိုစောင့်မျှော်နေပါတယ်...
- February 27, 2010 at 10:54 PM
- မြသွေးနီ said...
-
ချောရေ...
အသက်ပြင်းပြင်းတောင် မရှူရဲဘူး။
ပြန်ကျသွားမှာ စိုးလို့..။
:) - March 1, 2010 at 1:21 AM
- အင်ကြင်းသန့် said...
-
ကဲကဲ...ရသွားပြီဆိုတော့ ထုံးစံအတိုင်း လာရှုပ်ပြီနော်...အဟမ်း အဟမ်း :D
- March 2, 2010 at 5:34 AM