လွတ်မြောက်ခြင်း
Thursday, February 18, 2010
photo from http://www.edupics.com/en-coloring-pictures-pages-photo-donkey-i2906.html
တစ်ခါတုန်းက လယ်သမားကြီးရဲ့ မြည်းတစ်ကောင်ဟာ ရေမရှိတဲ့ ရေတွင်းဟောင်း တစ်ခုထဲကို မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်.. မြည်းဟာ အကူအညီ ရဖို့အတွက် ရေတွင်းထဲကနေ အသံကုန် ဟစ်အော်ပြီး မြည်တမ်းနေပါတယ်.. သူ့ရဲ့အော်သံကြားလို့ ရောက်လာပြီး အဖြစ်အပျက်ကို တွေ့သွားတဲ့ လယ်သမားကြီးဟာ မြည်းကို ရေတွင်းထဲကနေ ကယ်တင်ဖို့အတွက် နည်းလမ်းများကို စဉ်းစားပါသော်လည်း ဘယ်လိုမှ ကယ်တင်ဖို့ နည်းလမ်း ရှာမတွေ့ပါဘူးတဲ့.. ဒီတော့ ရိုးအလွန်းတဲ့ လယ်သမားကြီး ထူးထူးထွေထွေ မစဉ်းစား တော့ဘဲ လွယ်လွယ်ကူကူဘဲ အလျှော့ပေးဖို့ စဉ်စား မိတာက ဒီမြည်းကြီးဟာ အိုလဲအိုပြီ ကယ်ထုတ်လို့လဲ မရတော့မဲ့ အတူတူ ရေတွင်းဟောင်းကို မြေဖို့ပြီး မြည်းကိုပါ မြေမြုပ်ပစ်လိုက်ရင် ကောင်းမယ်လို့ စိတ်ကူးမိ ပါတယ်.. ဒါမှလည်း သူ့မြည်းဟာ ရေတွင်းထဲမှာ ဝေဒနာ ကြာကြာမခံစားရဘဲ မြန်မြန် သေဆုံးသွားအောင် လုပ်ပေးလိုက်တာဟာ သူ့မြည်းအတွက် အကောင်းဆုံးလို့ လယ်သမားကြီးက ယူဆပါတယ်တဲ့..
ဒါနဲ့ လယ်သမားကြီးဟာ သူ့အိမ်နီးချင်းတွေကို အကူအညီတောင်းပြီး ရေတွင်းကို ၀ိုင်းဝန်းမြေဖို့ဘို့ ကြိုးစား ကြပါတယ်.. လူအင်အားနဲ့ မြေကြီးတွေကို ကော်ပြားတွေနဲ့ကော်ပြီး ရေတွင်းထဲကို ပစ်ချကြပါတယ်.. အဖြစ်အပျက်ကို သဘောပေါက်သွားတဲ့ ရေတွင်းထဲက မြည်းဟာ သူအော်ငြီးနေလဲ အလကားဘဲ ဆိုတာကို သိသွားပါတယ်.. ဒါကြောင့် အော်နေတာကို ရပ်လိုက်ပြီး ဘယ်လို အသက်ရှင်အောင် ကြိုးစားရမလဲဆိုတာကို စဉ်းစားပါတော့တယ်..
မြေဖို့နေရင်း အချိန် တော်တော်လေးကြာတော့ မြည်းကို မြေကြီးထဲ မြုပ်မိနေပြီး လောက်ပြီလို့ တွက်မိတဲ့ လယ်သမားကြီးဟာ အခြေအနေကို သိချင်တာနဲ့ ရေတွင်းထဲကို ငုံ့ကြည့်လိုက်ပါတယ်.. တွေ့မြင်လိုက်ရတဲ့ အဖြစ်အပျက်က အံ့အားသင့်စရာပါ..
လယ်သမားကြီးရဲ့ မြည်းဟာ ဒီလောက်များပြားလှတဲ့ မြေကြီးတွေ ဖို့ပြီးတာတောင် အသက်ရှင်ရက် ရှိနေတုန်းပါ… ပြီးတော့လဲ ရေတွင်းနှုတ်ခမ်းဝနားထိ ရောက်ဖို့ တော်တော်ကြီး နီးကပ်လာနေတာကို တွေ့ရပါတယ်.. ဘာဖြစ်လို့ပါလဲ? မြည်းဟာ သူ့ကို ဖုံးလွှမ်းသွားအောင်လို့ အပေါ်ကနေ ဖို့ချလိုက်တဲ့ မြေကြီးတွေကို သူ့ကိုယ်ပေါ် အတင်မခံဘဲ ခါခါချပါတယ်.. ပြီးတော့ အဲဒီမြေကြီး အပေါ်ကို တက်တက်ရပ်ပါတယ်.. ဒီလိုနည်းနဲ့ အပေါ်က ဖို့လာသမျှ မြေကြီးတွေဟာ သူ့ကိုယ်ကို မဖုံးမိဘဲ ခြေထောက် အောက်ကိုသာ ရောက်လို့သွားပြီး မြေပြင်ဟာလည်း တစ်ဖြေးဖြေးနဲ့ မြှင့်တက်လာကာ မြည်းဟာ ရေတွင်းဝနဲ့ နီးနီးလာတာ ဖြစ်ပါတယ်.. နောက်ဆုံးတော့ မြေပြင် တစ်ဖြေးဖြေးမြှင့်တက်လာတာနဲ့အတူ မြည်းဟာလည်း ရေတွင်းကနေ ပျော်ရွှင်လွတ်လပ်စွာ လွတ်မြောက်လာပါတော့တယ်..
--------------------------------------------------------------------------------------------------------------------
ဒီပုံပြင်ကို အားလုံးလဲ ကြားသိဖူးပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်.. မြည်းလို တိရိစ္ဆာန် တစ်ကောင်တောင် အသက်အန္တရာယ်လို အခက်အခဲနဲ့ ကြုံလာရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ ထွက်ပေါက်ကို ရှာတွေ့နိုင်သေးရင် အသိဥာဏ်ပိုမြင့်မားတဲ့ ကျွန်မတို့တွေကရော ဒီအခက်အခဲ ပြဿနာက လွတ်မြောက်မဲ့ လွတ်လမ်းတစ်ခုခု၊ ထွက်ပေါက် တစ်ခုခုကို ရှာဖွေမိကြဖို့ ဆိုတာ သိပ်ကိုဖြစ်နိုင်ပါတယ်နော်.. အရေးကြီးတာက လွယ်လွယ်နဲ့ အရှုံးမပေးမိကြဖို့ပါဘဲ.. ဘယ်အခက်အခဲ ပြဿနာမဆို နောက်ဆုံးမှာတော့ လွတ်လမ်းလေးတစ်ခုတော့ ရှိနေမှာပါ.. စိတ်ဓာတ်ကြံ့ခိုင်မှု အပြည့်နဲ့ အချိန်ယူပြီး ဖြေရှင်းတတ်ဖို့သာ လိုရင်းဖြစ်ပါတယ်.. ပုံပြင်ထဲက မြည်းလေးကို ဥပမာထားလို့ ကျွန်မတို့ရဲ့ အခက်အခဲ၊ ဘ၀ပြဿနာတွေကို စိတ်ဓာတ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြေရှင်းကြပါစို့၊ ရင်ဆိုင်ကြပါစို့ လားရှင်……………
The donkey story By (Ack TB) ကို စိတ်ဓာတ်ခွန်အား ရစေဖို့ ဘာသာပြန် ဝေငှပါသည်။
ချော ( အစိမ်းရောင်လွင်ပြင်)
13 comments:
- Kotunygn said...
-
Very Good Tal ..... I Like it .....
- February 18, 2010 at 2:29 AM
- kokomaung said...
-
မြည်းလိုပညာရှိဘဲ ဖြစ်ပါရစေ။
ပိုင်ရှင်လို မေတ္တာမဲ့တဲ့သူ မဖြစ်ပါရစေနဲ့။ - February 18, 2010 at 3:10 AM
- နွေဆူးလင်္ကာ said...
-
ကျနော် ဝင်္ကပါတွေကိုချစ်လို့ ဝင်ခဲ့မိပါတယ်။ ခက်တာက ကျနော်ဝင်မိတဲ့ ဝင်္ကပါက ထွက်ပေါက်မရှိဘူးဗျ။ အဲဒါနဲ့ ဝင်တဲ့အပေါက်ကပဲ ပြန်ထွက်ခဲ့ရတယ်။ စပ်ဇြီးဖြီးနဲ့ပေါ့။
ရေးချင်တာ ရေးခဲ့ပြီဗျို့ - February 18, 2010 at 3:39 AM
- ဒဏ္ဍာရီ said...
-
တန်ဖိုးရှိတဲ့ ပိုစ့်လေးပါ ချောရေ...။ မှန်ကန်တဲ့ အသိဥာဏ်နဲ့ ဆုံးဖြတ်ချက်ကို လူသားတိုင်း အသုံးချတတ်ပါစေ..။
ခင်မင်လေးစားလျှက် - February 18, 2010 at 6:29 AM
- ဝက်ဝံလေး said...
-
အပေါ်က ကိုနွေဆူးကတော့ ရေးချင်တာ ရေးတော့တာပဲ ဟိ
မရေ ဖတ်သွားတယ်နော် ကောင်းတယ် ဟုတ်တယ်နော် မြည်းလိုပဲ ကြိုးစားရမယ်
ကျေးဇူးးးးး - February 18, 2010 at 10:19 AM
- ဏီလင်းညို said...
-
ချောရေ...
ကောင်းတယ်...။
ကြိုးစားကြည့်ရမယ်...။
(မွေးနေ့ လက်ဆောင်အတွက်ရော...ဒီပို့စ်အတွက်ပါ..ကျေးဇူးဗျားးးး)
ခင်မင်တဲ့
ဏီလင်းညို - February 18, 2010 at 3:15 PM
- မကေ said...
-
မချော ရေမှတ်သားသွားပါတယ်။ အမ ဒီဒီဇိုင်းလေးက လှတယ် ဒါပေမယ့် စာလုံးကို အပြာရောင်သုံးထားရင် ဖတ်ရတာ မျက်လုံးကျိန်းတယ် အမ :P
- February 18, 2010 at 7:19 PM
- မကေ said...
-
:P sorry. စောစောတုန်းက connectiom မကောင်းတော့ ပေါ်တာက တစ်မျိုး ဖြစ်နေလို့။ နောက်တစ်ခေါက် ပြန်လာတော့ တစ်မျိုး ဖြစ်သွားတယ်
- February 18, 2010 at 7:21 PM
- ကိုဇော် said...
-
ထပ်ဖတ်သွားပါတယ်ဗျာ..။
- February 18, 2010 at 8:27 PM
- မြသွေးနီ said...
-
အခက်ခဲတွေဘယ်လောက်ရှိရှိ နောက်ဆုံးချောင်ပိတ်ချိန်ရောက်ရင်တော့
ထွက်ပေါက်တွေ တွေ့ရတတ်တယ်နော်။ မှတ်သားစရာပါ။ - February 18, 2010 at 10:43 PM
- သဒ္ဓါလှိုင်း said...
-
ဒီနေ့မှစာကြွေးတွေရှင်းနိုင်တယ်မချောရေ..။ နေမကောင်းလို့ မချောချက်ကျွေးတဲ့ ချဉ်ချဉ်စပ်စပ်လေး တောင့်တမိပါရဲ့..။
ခင်တဲ့
သဒ္ဓါ - February 18, 2010 at 11:05 PM
- ဇာဏီ said...
-
ကြားတော့ ကြားဖူးထားတယ်
ဒါပေမယ့် မေ့တေ့တေ့ဖစ်နေတာလေ
ပြန်ဖတ်ရတာ ကျေးဇူး
အင်အားတွေ ရရှိစေပါတယ်ဗျာ.. - February 19, 2010 at 3:02 AM
- ပေါ့ဆိမ့် said...
-
ပုံပြင် ဆန်ဆန်လေး နဲ့ စိတ်ခွန်အား ကို လန်းဆန်းစေတယ်ဗျာ...။ လူတိုင်းမှာ ကိုယ်စီအခက်တွေ အနည်းနဲ့အများ ရှိကြတာဘဲ။ ဒီမြည်းလေးလို ဇွဲထားကြရင် ဘယ်လောက်ကောင်းလိမ့် မလဲနော်...
- March 2, 2010 at 7:08 AM