အလင်းရောင် ပေးကြသူများ
Wednesday, February 3, 2010
picture from http://images.google.com/imgres?imgurl
လေရော မိုးပါ သည်းကြီး မည်းကြီး ရွာချနေသော ညတစ်ည... ၁၁နာရီခွဲအချိန် အာဖရိကန် ကပြား အမျိုးသမီးကြီး တစ်ယောက်ဟာ ကားမောင်း လာနေရင်း ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာမှာ ကားတာယာ ပေါက်သွားတဲ့အတွက် လမ်းဘေးမှာ သူမကားကို ထိုးရပ်လိုက်ရပါတယ်.. ထိုအချိန်မှာ လေနဲ့မိုးက သည်းသည်းမည်းမည်း ရွာသွန်းတိုက်ခတ် နေသော်လည်း ကားထဲထိုင်နေပါက သူမကို ဘယ်သူကမှ မတွေ့မှာ စိုးတဲ့အတွက် ကားပြင်ထွက်ပြီး အကူအညီပေးနိုင်မဲ့ ကားတစ်တစ်စီးစီးကို ရပ်ဖို့ လက်ပြ တားနေပါတယ်… အမေရိကန်မှာ ၁၉၆၀ခုနှစ်လို လူဖြူ လူမည်း လူတန်းစား ခွဲခြားမှု ပြင်းထန်နေသေးတဲ့အချိန် သူမလို လူမည်း ကပြား အမျိုးသမီး တစ်ယောက်ယောက်ကို လူဖြူတွေက ကားရပ်ပြီး ကူညီပေးဖို့ ဆိုတာ မျှော်လင့်ချက်တော့ နည်းလှပါတယ်…
သူမ မိုးရေထဲမှာ ရပ်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်.. ဖြတ်သွားသမျှ ကားတွေက သူမကို ကြည့်ယုံသာ ကြည့်သွားကြပြီး ဘယ်ကား တစ်စီး တစ်လေ ကမှ ရပ်မပေးကြပါဘူး.. ခနအကြာမှာ ကားတစ်စီး သူမဘေး လာရပ်ပါတယ်.. ကားထဲကနေ ခပ်ငယ်ငယ် လူဖြူကောင်လေး တစ်ယောက် ထွက်လာပြီး သူမကို ထီးမိုး ပေးရင်းက ဘာကူညီရမလဲလို့မေးပါတယ်.. သူမ အရမ်းကို ၀မ်းသာမိပါတယ်.. ချမ်းလဲ ချမ်း၊ လေလဲ တိုက် ၊ ညဉ့်လဲနက်နေတဲ့ ခုလိုချိန်မှာ ဒီကောင်လေးဟာ သူမအတွက်တော့ ကယ်တင်ရှင် တစ်ပါးသာ ဖြစ်ပါတယ်…
ကောင်လေးဟာ.. ၀ပ်ရှော့ကို ဖုန်းဆက်ပြီး သူမကားကို သွားယူပေးဖို့ ပြောပေးရှာပါတယ်.. ပြီးတော့ အမျိုးသမီးကြီးကို ကားနဲ့ တင်လာပြီး လမ်းမှာ နွေးနွေးထွေးထွေး ရှိဖို့ ကားကို အပူချိန်မြှင့်ပေးပါတယ်.. သူမ ရေစိုခေါင်းကို သုတ်ဖို့ တဘက်လေး တစ်ထည်ကိုလည်း ပေးပါတယ်.. ပြီးနောက် ကားကို တက္ကစီရှိရာကို မောင်းသွား ပေးပြီး သူမကို တက္ကစီ တစ်စီးပေါ် တင်ပေးပါတယ်.. အမျိုးသမီးဟာ ကောင်လေးရဲ့ နေရပ် လိပ်စာကို မေးပြီး သူမ မှတ်စုစာအုပ်လေးထဲ ချရေးလိုက်ကာ အလျှင်စလို အမူအရာဖြင့် တက္ကစီနဲ့ ထွက်ခွာ သွားပါတယ်..
ဒီအဖြစ်အပျက်အပြီး ၇ ရက်မြောက်တဲ့နေ့မှာ တစ်စုံတစ်ဦးက ကောင်လေးအိမ်တံခါးကို လာခေါက်ပါတယ်… တံခါးဖွင့်ကြည့်လိုက်တဲ့ အခါမှာ အံ့သြစရာတစ်ခုကို တွေ့လိုက်ရတာက အလွန်ကြီးမားလှသော တီဗီကြီး တစ်လုံးကို သူ့အိမ်အတွက် လာပို့ကြောင်း သိလိုက်ရပါတယ်.. တီဗီကြီးမှာ ချိတ်ထားတဲ့ ကဒ်ပြားတစ်ခုပေါ်မှာ ရေးထားတာက
“မိုးသည်းသည်း ညတစ်ညက ဟိုင်းဝေးလမ်း တစ်နေရာမှာ ရခဲ့တဲ့ အကူအညီအတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်… အဲဒီညက ရွာတဲ့မိုးဟာ အဒေါ်ရဲ့ အ၀တ်တွေတင်သာ ရွှဲရွှဲစိုတာ မဟုတ်ဘဲ အဒေါ်ရဲ့ စိတ်ဓာတ် တွေကိုပါ ရွှဲရွှဲစိုစေခဲ့တာပါ.. မိုးထဲလေထဲမှာ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ စိတ်ဓာတ်ကျ ၊ အားငယ်၊ ၀မ်းနည်း နေတဲ့ အချိန် မင်းက ရောက်လာခဲ့တာပါ… မင်းကူညီပေးလို့လဲ အဒေါ့်ယောက်ျားရဲ့ နောက်ဆုံး အချိန်လေးကို အချိန်မီ ရောက်သွားခဲ့တာပါ.. အဒေါ်ရောက်ပြီး မကြာခင်မှာ သူဟာ ဆုံးပါး သွားခဲ့ပါတယ်.. မင်းလို လူတန်းစား မခွဲခြားဘဲ ကူညီတတ်တဲ့ ကလေးဟာ လူတွေရဲ့ အမြဲတမ်း သတိရခြင်းကို ခံယူထိုက်တဲ့ အလင်းရောင်လေး တစ်ခုပါဘဲကွယ်.. ”
-------------------------------------------------------------------------------------------------------------------
ကျွန်မတို့ဟာ ဒုက္ခရောက်နေတဲ့ သူတွေကို တွေ့ရင် ကိုယ်တတ်နိုင်သလောက် ကူညီ သင့်ကြပါတယ်နော်.. ဆင်းရဲချမ်းသာ မရွေး၊ လူတန်းစား အယုတ်၊ အလတ်၊ အမြတ်မရွေး ကူညီနိုင်အောင် ကြိုးစားသင့်ပါတယ်.. သူတစ်ပါးဆီက အကူအညီ ရရှိဘူးသူတွေကလည်း မမေ့မလျှော့ ပြန်ပြီး အမှတ်ရသင့် ကြပါတယ်.. ကူညီသူက တုံ့ပြန်မှု တစ်စုံတစ်ရာကို မမျှော်ကိုးသော်လည်း အကူအညီ လက်ခံရသူက တစ်ဘက်သားရဲ့ ကျေးဇူးကို ပြန်လည် သိတတ်၊ ပေးဆပ်သူများ ဖြစ်သင့်ကြပါတယ်.. ဒီဇာတ်လမ်းလေး ထဲကလိုပါဘဲ.. တစ်စုံ တစ်ယောက်ကို ကူညီ လိုက်ခြင်းအားဖြင့် ကိုယ့်မှာလဲ ဖော်မပြနိုင်သော ကြည်နူးပီတိကို ခံစားရသလို တစ်ချိန်ချိန်မှာ ကိုယ့်ကို ပြန်ကူညီမဲ့သူ အချိန်မရွေး ပေါ်လာနိုင်ပါတယ်.. ကျေးဇူးသိတတ်သူနဲ့၊ ကူညီဖို့ ၀န်မလေး သူများဟာ လူ့လောက ကြီးကို တစ်နည်းတစ်ဖုံ အားဖြင့် အလင်းရောင် ပေးနေသူများသာ ဖြစ်ကြပါတယ်.. ကျွန်မတို့လဲ ကိုယ်တတ်နိုင်သမျှ ပိုးစုန်းကြူးလောက် အလင်းရောင်လေးနဲ့ဘဲ ဖြစ်ဖြစ် လောကကြီးကို ကူညီ ထွန်းလင်းပေး ကြရအောင်ပါနော်...
inspirationalblogs မှ Pickup in the Rain ကို ဘာသာပြန်ပါသည်။
ကူညီတတ်သူများ ဖြစ်ကြပါစေရှင်...
ချော (အစိမ်းရောင်လွင်ပြင်)
12 comments:
- phyo said...
-
yes... racial discriminaton is now very live and dead matter between us....
Though nowadays ppls are enlightened , we still face racial discrimination....
Thanks for this post.....cos it can warn to avoid it....
But if we have humanitarian spirit,, it seems to be plausible to overcome it. - February 3, 2010 at 2:15 PM
- အင်ကြင်းသန့် said...
-
ဟုတ်တယ် မမရေ...အဲဒါတော့ထောက်ခံတယ်...ကိုယ်က အကျိုးကိုမမျှော်ကိုးပဲ စိတ်သန့်သန့်လေးနဲ့သာ တစ်စုံတစ်ယောက်ကို ကူညီပေးလိုက်...ကိုယ့်အလှည့်ကျရင်လဲ အလိုအလျောက်ကူညီမယ့်သူတွေက ပေါ်လာတာပဲ...ကိုယ်တွေ့ပါ
ချစ်ညီမလေး - February 3, 2010 at 2:41 PM
- မြစ်ကျိုးအင်း said...
-
ဖြူစင်တဲ့မေတ္တာစေတနာတိုင်းအတွက် အတိုင်းမတိတဲ့ ပီတိနဲ့ မထင်မှတ်တဲ့ တုန့်ပြန်မှု လေးတွေလည်း ရရှိပါတယ်။ စာနာဖေးမခြင်းတွေနဲ့ ပြည့်နေရင် နေပျော်ဖွယ် လူ့ဘောင်လောကသစ်ဖြစ်လာမှာပါပဲ
- February 3, 2010 at 2:46 PM
- Mary Bluediamond said...
-
Yeah!! In our life we should give a hand whenever as much as we can to those who are in need for help. This translation is really great and it can remind us not to forget to help if we get a chance to help others. Thank you Ma Chaw Chaw, Keep it up!!!
- February 3, 2010 at 2:57 PM
- ကိုဇော် said...
-
ကူညီတယ် ဆိုတာ ကိုယ့်အတွက် ပြန်တွေးတိုင်း ပီတိဖြစ်စရာတွေပါ။
အဲ.....
ကျနော် ရေးဖူးတဲ့ ကျနော် ကူညီမိ အပြစ်ရှိလိုမျိုးတော့ မဟုတ်ဘူး ဆိုရင်ပေါ့နော်။ - February 3, 2010 at 5:41 PM
- လင်းကြယ်ဖြူ said...
-
ကိုယ့်အကျိုးအောင်တာမအောင်တာ အပထား..
အများအကျိုးကို စေတနာနဲ့ဆောင် တတ်ရင်
အရောင်လက်လာမယ့် မေတ္တာ တရားတွေနဲ့ ကိုယ်ချင်းစာတရားတွေက
ကြယ်တွေ လို အများကြီး လင်းလက် နေနိုင်ကြမှာပါ...
ပျော်ပါစေခင်ဗျာ
*.*.* - February 3, 2010 at 6:45 PM
- ဏီလင်းညို said...
-
ချောရေ...
ကိုဏီလင်းစာလာဖတ်တယ်...။
ဟုတ်တယ်ဗျာ...။
အကျိုးတစ်စုံတစ်ရာ မမျှော်ကိုးပဲ..စေတနာသန့်သန့်နဲ့ ကူညီတတ်ခြင်းရဲ့ အကျိုးပေးတတ်ပုံက မယုံနိုင်စရာတွေပါပဲဗျာ...။ နော့်...။
ခင်မင်တဲ့
ဏီလင်းညို - February 3, 2010 at 11:29 PM
- မိုးမောင် said...
-
Really great post!!!
- February 4, 2010 at 12:23 AM
- သဒ္ဓါလှိုင်း said...
-
မချောရေ..
ကိုယ့်ကို ကူညီဖူးတဲ့သူကို နှလုံးသားထဲမှာ မှတ်မှတ်ရရ ဖြစ်နေတယ်ဆိုရင် အကောင်းဆုံးပေါ့နော်.။ သဒ္ဓါလည်း အကူအညီလိုနေတဲ့သူတွေကို စိတ်ထဲရှိတဲ့ အတိုင်း ကူညီခွင့်ရဖို့ ကြိုးစားနေပါတယ်။
ခင်တဲ့
သဒ္ဓါ - February 4, 2010 at 2:56 AM
- မြသွေးနီ said...
-
ချောရေ...
စာနာစိတ်လေးပါဘဲ။
စာနာစိတ်လေးရှိလာရင် ကူညီချင်စိတ်လေးက
အနောက်က ကပ်ပါလာတာပါဘဲနော်။
ဒီပို့စ်လေးကို သဘောကြမိတယ်။ - February 4, 2010 at 3:01 AM
- Kotunygn said...
-
Wow !!
In Myanmar, on the high-way road, it was very difficult to get help from people driving their cars on the road. Bec they usually afraid robbers who may pretend getting in trouble. - February 6, 2010 at 8:32 AM
- shinehtetmin said...
-
အလင်းရောင်လေး တစ်ခုပါဘဲ...”
စာနာဖေးမခြင်းတွေနဲ့ ပြည့်နေရင် နေပျော်ဖွယ် လူ့ဘောင်လောကသစ်ဖြစ်လာမှာပါပ
စာနာစိတ်လေးရှိလာရင် ကူညီချင်စိတ်လေးကတွေရှိလာမှာပါ...........
ကျွန်တော်တို့ လူငယ်တွေလည်း
လမင်းလောက်မထွန်းပေးနိုင်ရင်တောင်
.ပိုးစုန်းကြူးလောက် အလင်းရောင်လေးနဲ့ဘဲ ဖြစ်ဖြစ် လောကကြီးကို
ကူညီ ထွန်းလင်းပေး သွားမှာပါ...............
ဒီလို စာတွေကို မေးပို့ပေးလိုရမလား ခဗျာ.. - April 18, 2010 at 2:59 PM