ကိုယ်ပိုင် Blog ရေးချင်သူများအတွက်

Wednesday, January 20, 2010

 


 


ဘလောဂ့်ရေးချင်ပါတယ်.. ဘယ်လိုရေးရမလဲ … ဘယ်ကနေစလုပ်ရမလဲလို့ မေးလာကြသူများအတွက် ကျွန်မ အခုသုံးနေတဲ့ mylovecafe အကြောင်း သိသလောက် ပြောပြချင်ပါတယ်.. အခု ကျွန်မပြောပြတာက ဘလောဂ့်ရေးနည်းရယ်လို့ မဟုတ်ပါဘူး.. ကျွန်မ လုပ်ထား သလောက်လေးကို ပြန်ပြောပြတာပါ.. ဒီဟာလေးက အထူးသဖြင့်တော့ မြန်မာပြည်က ဘလောဂ့်ရေးချင်သူများ အတွက် အဆင်ပြေ ပါလိမ့်မယ်.. ကျော်စာရာ ခွစရာမလိုဘဲ အေးအေးဆေးဆေး ရေးလို့ရပါတယ်.. ကျွန်မကိုယ်တိုင်ကလည်း ဘလောဂ့်မှာ စာသာရေးနေပေမဲ့ ဘလောဂ့်ရေးနည်းကို ကျွမ်းကျွမ်းကျင်ကျင် မရှိပါဘူး.. ဟိုမေးဒီမေးနဲ့ ရေးစမ်းနေရတာသာ ဖြစ်ပါတယ်… ရေးချင်ကြတဲ့ သူတွေကလည်း ကျွန်မလိုဘဲ  ဟိုမေးဒီမေးနဲ့ ရေးကြပါလို့ဘဲ တိုက်တွန်းလိုက်ပါတယ်.. မေးရင်း မြန်းရင်းနဲ့ဘဲ အဆင်ပြေသွားပါလိမ့်မယ်…. Mylovecafe မှာ ဘလောဂ့် ရေးမယ်ဆိုရင် Wordpress အသုံးပြုနည်းကို ဖတ်ထားရင် ပိုကောင်းပါလိမ့်မယ်.. သူက Wordpress မှာ ရေးတာဖြစ်ပါတယ်.. Mylovecafe ဟာ မြန်မာပြည်ထဲကနေ  Free Service ပေးနေတာဖြစ်ပါတယ်.. ဘာအကျိုးအမြတ်ကိုမှ မမျှော်ကိုးဘဲ  ဘလောဂ့်ရေးချင်တဲ့ မြန်မာ လူငယ်လေးတွေအတွက် အဆင်ပြေစေချင်တဲ့စိတ်၊ ကူညီလိုတဲ့ ဆန္ဒ နဲ့ ၀န်ဆောင်မှု ပေးနေတာလို့ သိရပါတယ်..  ဘလောဂ့် ရေးချင်သူများ အတွက် အဆင်ပြေ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်..


 


ပထမဦးဆုံး  http://mylovecafe.com   မှာ Sign up လုပ်ပြီး ဒိုမိန်းတစ်ခု လှမ်းတောင်းရပါမယ်.. User name နဲ့ E-mail address ကိုဖြည့်ဖို့ လို့ပါတယ်.. User Name ကို သေချာ စဉ်းစားပြီး ရွေးချယ်သင့်ပါတယ်.. ထိုUser Name က မိမိ ဘလောဂ်ရဲ့ Domain ဖြစ်လာမှာမို့ပါ.. နောက်မှ ပြန်ပြောင်းချင်တယ် လုပ်လို့ မရပါဘူး…. နံမည်တူရှိနေရင်လဲ မရနိုင်ပါဘူး.. User Name နဲ့ E-mail address ဖြည့်ပြီးရင် Next ကိုသွားပါ. Next သွားလို့ နံမည်တူမရှိဘူးဆိုရင် သင့် User Name အတိုင်း Blog Domain တစ်ခု ပေါ်နေပါလိမ့်မယ်.. အောက်က  Blog Title ဆိုတဲ့ အကွက်လေးမှာ သင်စဉ်းစားထားတဲ့ ဘလောဂ့်နံမည်လေးကို မြန်မာလိုပေါ်ချင်ရင် မြန်မာလိုရိုက်ထည့်လိုက်ပါ.. ဥပမာ - ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်လိုမျိုးပါ.. ရေးပြီးရင်တော့ Sign Up လုပ်လိုက်ပါ.. သိပ်မကြာခင်မှာ သင့်အီးမေလ်းထဲကို Activate လုပ်ဖို့ မေလ်းတစ်ခု ၀င်လာပါလိမ့်မယ်.. Mylovecafe က လာတဲ့ မေလ်းတွေသည် Spam ထဲကို ရောက်သွားမှာ ဖြစ်တဲ့အတွက် သေချာ ရှာကြည့်ဖို့ လိုပါမယ်.. အဲဒီမေလ်းရရင် Click လုပ်ပြီး Activate လုပ်လိုက်ပါ.. Activate လုပ်ပြီးလို့  မကြာခင်မှာ မေလ်းထဲကို User Name နဲ့ Pass Word ရောက်လာ ပါလိမ့်မယ်.. Log in ၀င်ဖို့ အတွက်လည်း Link လေးတစ်ခုပါပါတယ်.. အဲဒီ Link နဲ့ အတူ User Name နဲ့ Pass Word ပါပါလိမ့်မယ်… ဒါတွေကို အသုံးပြုပြီး ၀င်လိုက်ရင် သင် ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးနဲ့ (http://something.mylovecafe.com) ကဲ့သို့သော နံမည်မျိုးနဲ့  ဘလောဂ့် အကြမ်းထည်လေး တစ်ခု ရလာပါ လိမ့်မယ်.. something ဆိုတဲ့နေရာမှာတော့ သင်ရွေးထားတဲ့ User name ဖြစ်ပါလိမ့်မယ်...


 


လိုချင်တဲ့ သဘောကျတဲ့ နောက်ခံ Themes တွေကို ဖြေးဖြေးရှာပြီး ရွေးချယ်လိုက်ပါ.. အဲဒီ mylovecafe.com  မှာ Help & Support တို့ Forum တို့ တွေလဲရှိပါတယ်.. မသိတာ သိချင်တာများကို သွားမေးလို့ရပါတယ်.. Admin များက ပြန်လည်ဖြေကြား ပေးပါ လိမ့်မယ်.. Free e-mail လဲတောင်းလို့ရတယ်ပြောပါတယ်.. ကျွန်မတော့ မတောင်းဖြစ်သေးပါဘူး.. နောက် ဒီနေ့ဖတ်လိုက်မိတာ တစ်ခုရှိပါသေးတယ်.. Mylovecafe User တွေထဲက သင့်တော်တဲ့ ဘလောဂ့်ကို စီစစ် ရွေးချယ်ပြီး ၅နှစ်စာ ( .com/net/org) ကို ဖရီး register လုပ်ပေးမဲ့ အစီအစဉ် ရှိတယ်လို့ ဖတ်လိုက်ရပါတယ်.. အဲဒီအစီအစဉ် ပြီးသွားပြီလား တော့ ကျွန်မလဲ မပြောတတ်ပါဘူးရှင်… တကယ်လို့ ရွေးချယ် ခံရမယ် ဆိုရင်တော့ သင့်ဘလောဂ့်လေးက http://something.mylovacfe.com  အစား  http://something.com လို့ ဖြစ်သွားမှာပါ... http://mmwordpress.com/page/2/ ဒါလေးကတော့ wordpress ကို အသုံးပြုနည်းပေါ့နော်. ဒါလေးတွေဖတ်ပြီး ဟိုဟိုဒီဒီ စမ်းကြည့်ရင်တော့ အဆင်ပြေလာလိမ့်မယ် ထင်ပါတယ်..


 


ကျွန်မ အခု ပြောသွားတာတွေက ဘလောဂ့် ရေးနည်းတော့ မဟုတ်ပါဘူး.. ဘလောဂ့်ရေးနည်းကို ရေးရအောင်က ကိုယ်တိုင် ကလည်း ကျွမ်းကျွမ်း ကျင်ကျင် သုံးစွဲတတ်သေးတာ မဟုတ်ပါဘူး.. ခုချိန်ထိ သူငယ်ချင်းတွေ စာရေးဖော် မိတ်ဆွေတွေကို အကူအညီ တောင်းပြီး မေးမြန်း နေရတုန်း ဖြစ်ပါတယ်..  ဘလောဂ့်ရေးချင်တာ ဘယ်ကနေ စရမလဲ ဆိုတဲ့လူတွေအတွက် အစပျိုးနည်းလေး တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်.. မရှင်းတာ မသိတာ ရှိရင်လဲ http://help.mylovecafe.com/about/  မှာ မေးမြန်းလို့ ရပါတယ်..  http://friendsdaygroup.ning.com/forum/topics/how-to-create-a-blog ဒါလေးက  Mylovecafe က User  တစ်ဦးဖြစ်တဲ့ ကိုဂျေဂျူဝိုင် ရေးထားတဲ့ Mylovecafe မှာ blog ရေးနည်းလေးဖြစ်ပါတယ်.. သူရှင်းပြထားတာက  ပုံလေးတွေပါ ပါလို့ ပိုပြီးရှင်းလင်းလွယ်ကူပါတယ်..  ဖတ်ကြည့်ပြီး ဘလောဂ့်တစ်ခုကို ရေးကြည့်ဖို့ အဆင်ပြေ ကြပါလိမ့်မယ်လို့ ယုံကြည်ပါတယ်...  


 


အကျိုး အမြတ်မပါ စေတနာဖြင့် ၀န်ဆောင်မှု ပေးနေသော mylovecafe အဖွဲ့ဝင်များ၊ ကျွန်မ မေးမြန်းသမျှ၊ လိုအပ်သမျှကို  စိတ်ရှည် လက်ရှည် ကူညီ ဖြေကြား၊ ဆောင်ရွက်ပေးသော  Mylovecafe Admin ကြီးနဲ့တစ်ကွ ကျွန်မရဲ့ဘလောဂ့်ကို အကြံပေးကြသော၊ လိုအပ်တာ ကူညီပေးသော အဝေးက စာရေးဖော် သူငယ်ချင်းများ၊ အစ်မကြီးများ၊ ညီမလေးများ၊ blog ရေးဖော် သူငယ်ချင်း မိတ်ဆွေများ၊ စာရေးနိုင်ရန် လိုအပ်တဲ့ အထောက်အထား၊ အကိုးအကား စာအုပ်များ ပံ့ပိုး ကူညီပေးကြသော သူငယ်ချင်းများ၊ စာလာဖတ်ကြသော သူများ အားလုံးကို အထူးတလည် ကျေးဇူး တင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောလိုက်ပါရစေရှင်..


 


 


ဖြည့်စွက်ခြင်း။           ။ ဘလောဂ့်ရေးချင်ပါတယ် ..ဘာအကြောင်းအရာတွေ ရေးရမလဲ.. ဘယ်အမျိုးအစား ရေးသင့်သလဲ.. ဘလောဂ့်ရေးရင် ဘယ်လို စည်းကမ်းမျိုး ရှိသင့်သလဲ၊ ဘလော်ဂါကောင်း တစ်ယောက် ဖြစ်အောင် ဘာတွေဆောင်သင့် ရှောင်သင့် ပါသလဲ ဆိုတာ သိချင်ရင်တော့ ဒေါက်တာဇီဝက (ဆေး-၂) ရဲ့  http://ziwakka.iblogger.org/blogging-tips-for-beginners ဒီနေရာလေးမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ရှင်..


 


အဆင်ပြေကြပါစေရှင်.........


 


ချော(အစိမ်းရောင်လွင်ပြင်)

21 comments:

ကိုဇော် said...

ကျေးဇူးပါပဲဗျာ..။
ကျနော်လည်း RSS နဲ့ ချိတ်လို့ရရင် mylovecofe ကို လုပ်ချင်ပါသေးတယ်။
အချိန်ရတဲ့ တစ်နေ့ပေါ့လေ.။

ဇီဝက (ဆေး-၂) said...

Mylovecafe ရဲ့ ၀န်ဆောင်မှုဟာ ဘလော်ဂါတိုင်းအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အိုင်ဒီယာရှိပေမယ့် code တွေနဲ့ မနီးစပ်သူတွေအတွက် မလိုအပ်တဲ့အဆင့်တွေ ကျော်သွားလို့ ရတာပေါ့။ wordpress.com လိုပဲ Mylovecafe ကနေ Paid account service တွေ အနာဂတ်မှာ ပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

မြသွေးနီ said...

Mylovecafe က userတွေအတွက် Blog တည်ဆောက်ရာမှာ ရိုးရှင်းလွယ်ကူစေပါတယ်။
ချော..ကြောင့် Mylovecafe နဲ့ရင်းနှီးခွင့်ရခဲ့တာပါ။
ကြော်ငြာထဲက လေသံနဲ့ ပြောရမယ်ဆိုရင်တော့...
" Mylovecafe နဲ့ကျွန်မရဲ့ဘလော့ဂ်လေး ခုတော့ စိုပြေနေပါပြီရှင်..။"
:)

khine aung lwin said...

ဒီစာကိုမေးလ်ရောက်ရောက်ချင်း စမ်းလုပ်ကြည့်လိုက်တာပါ။ထိုက်သင့်သလောက်လေးတော့သိသွားပါတယ်။
ဆက်ပြီးလုပ်ဖို့လမ်းစရသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။လိုအပ်တဲ့အကူအညီရှိရင်လည်းတောင်းမယ်နော်
ခုမှ blog စရေးဖူးလို့ပါ။စမ်းတ၀ါးဝါးနဲ့လေ။ဒီထဲကလမ်းညွှန်တဲ့အတိုင်းလုပ်ထားတာလေးကို အားရင်ဝင်
ကြည့်ပေးပါနော်။အကြံပြုချက်လေးလိုချင်လို့ပါ။
khineaunglwin.mylovecafe.com
orangeandrose@gmail.com
ဒီတစ်ညလုံး အိပ်ရေးပျက်ရကျိုးနပ်ပါတယ်ဗျာ။ထပ်ပြီးပြောပါရစေ ကျေးဇူးတင်ပါတယ်။

Bottomless said...

missgreenlady.mylovecafe.net - da best. Keep it going!
Have a nice day
Bottomless

MLC said...

အားလုံးကို ကျေးဇူးတင်ပါတယ်။ :-)

kaungmalay said...

အခုလိုပြောပြပေးတဲ့ချောကိုအရမ်းကျေးဇူးတင်တယ်နော်
နောက်လဲလိုအပ်တဲ့အကူအညီရှိရင်တောင်းမယ်နော်
ကူညီပါနော်

Kotunygn said...

Thanks so much ......

:)

junemoe said...

thanks a lot....... good suggestiong!...

junemoe

junemoe said...

thanks a lot....... good suggestion!...

junemoe

ဂျေဂျူဝိုင် said...

Mylovecafe သာ မရှိခဲ့ရင် ကျွန်တော်တို့ social မှာ ဝေ့လည် လည်ဖြစ်နေမှာဗျ။

nandakyaw said...

ဟဲလို

nandakyaw said...

web site ဘယ်လိုလုပ်၇ပါမလဲခင်ဗျာ

ဇော်သိင်္ခ said...

ကျွန်တော်လည်း Mylovecafe ကိုရောက်လာပြီးတော့ အဆင်ပြေစွာနဲ့ပဲ ဘလော့တစ်ခုကို ပြောင်းရွှေ့လာနိုင်ခဲ့ပါပြီ။
mylovecafe နဲ့ဘလော့လုပ်ထာုးကသူများ ကျွန်တော် စီကို အလည်လာခဲ့ဖို့  ဖိတ်ခေါ်ပါတယ်ခင်ဗျ.
လင့် လေးတွေ စုစည်း ချိတ်ပေးချင်လို့ပါ။

naingminoo said...

အချစ်နဲ့ပတ်သတ်ပြီးကိုယ်နားလည်သလောက်လေး...သဘောပေါက်မိတာလေး....ခံစားမိတာ...တွေးမိတာလေးတွေကိုစိတ်လိုလက်ရရှိတဲ့အခါနည်းနည်းလေးရေးချင်လို့ပါ..။

Blackroze said...

ချောရေ...ကျေးဇူး....

kokomaung said...

အခုလို ရှင်းပြပေးထားတော့ လိုအပ်တဲ့သူတွေ လိုအပ်သလို အသုံးပြုလို့ရတာပေါ့လေ။

အဆင်ပြေပါစေ အမ။

စိတ်ကူးသစ် said...

ဒီပို့စ်လေးဖတ်ပြီး ကဖီးဆိုင်လေး လုပ်မိပါတယ်။
မသုံးတတ်ဘူး။ အဟင့်...အဟင့်
ကူပါဦး။ ဒီထဲကရေးထားတဲ့အတိုင်းလုပ်တယ်။
ဘာမှားလည်းမသိဘူး။ ဘလော့အကြမ်းထည်လေးတော့ရတယ်။
ဘလော့တွေ ဘယ်မှာရေးလို့ ဘယ်မှာတင်ရမလဲ မသိ...
သူများတွေအားကျတယ်။:(

ချော said...

အဲဒီမှာ ကိုဂျေဂျူဝိုင်ရေးထားတဲ့ ပိုစ့်ကလေးရဲ့ လင့်ခ်ပါတယ်လေ အဲဒါကိုဖွင့်ပြီးလေ့လာကြည့်မယ်ဆိုရင်
ပိုစ့်တွေထည့်တာပါ လုပ်တတ်လာမှာပါ..
http://friendsdaygroup.ning.com/forum/topics/how-to-create-a-blog
ဒါလေးကိုဖွင့်ကြည့်ပါနော်...

စိတ်ကူးသစ် said...

ကျေးဇူးပါ

ငွေကြယ်လေး said...

မချောရေ ကျေးဇူးပါဗျာ ။