မတူရင် မတုနဲ့

Wednesday, January 13, 2010

 



 


တစ်နေ့တော့ အောင်မြင်ထင်ရှားတဲ့ စကားပြောကောင်းသူ Mr A ဟာ သူရဲ့ပရိသတ်ကို စကား ဟောပြောဖို့အတွက် စင်ပေါ်ကို ရောက်နေပါတယ်…. စင်ပေါ်မှာ စိတ်လှုပ်ရှား တက်ကြွ စရာ စကားတွေပြောနေရင်းနဲ့ သူက စကားလေးတစ်ခွန်းကို ပရိသတ်ကို ပြောလိုက်ပါတယ်..

ကျွန်တော်ဗျာ….ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး အချိန်တွေကို  ကျွန်တော့မိန်းမ မဟုတ်တဲ့ အခြားမိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ကုန်ဆုံးခဲ့တယ် ” 


 


 အဲလိုလဲပြောလိုက်ရော ပရိသတ်ကြီးဟာ တစ်ခါတည်း အံ့သြပြီး ငြိမ်ကျသွားတယ်…ဒီလူ ဘယ်လိုများ ပြောလိုက်တာပါလိမ့်…ဒီလိုပေါ်တင်ကြီး ပြောစရာလားပေါ့….


 


အဲဒီချိန်မှာဘဲ ဆက်ပြီးသူပြောလိုက်တဲ့စကားက “  အဲဒီအမျိုးသမီးကတော့ ကျွန်တော့ အမေပါ ” တဲ့…


 


 သူရဲ့စကားကြောင့် နားထောင်နေတဲ့ ပရိတ်သတ်တွေအားလုံး အားရပါးရ ရီမောကြပြီး အားရပါးရ လက်ခုပ် သြဘာ ပေးလိုက်ကြတယ်…


 


နောက်တစ်ပတ်ကြာတဲ့အခါ သူရဲ့ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ရာထူးကြီးကြီး အရာရှိကြီး တစ်ယောက်က ဒီ Mr A ရဲ့ ထိရောက်လှတဲ့ ဟာသလေးကို အိမ်မှာ ပြန်ပြီး အရွှန်းဖောက်ဖို့ စိတ်ကူးရလိုက်တယ်..


 


အဲဒီညနေခင်းမှာ ထမင်းမစားခင် အရာရှိကြီးဟာ အရက်တော်တော်များများကလဲ သောက်ထားတော့ ခပ်ထွေထွေဖြစ်နေပြီ…..သူ့မိန်းမက ညနေစာအတွက် ထမင်းပွဲ ပြင်နေတယ်… သူ့မိန်းမကြားအောင် အရာရှိကြီးက အော်ပြောလိုက်တယ်…


 


 “ငါ့တော့ ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကို မင်းမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာဘဲ ကုန်ဆုံးခဲ့ပြီဟေ့”


 


 


အရာရှိကြီးရဲ့ မိန်းမက တအံ့တသြနဲ့ “ရှင်ဘာပြောလိုက်တယ် …ပြန်ပြောစမ်းပါဦး ” ဒေါသတကြီး လှမ်းအော်ပါတော့တယ်…


 


 


အရက်ကြောင့် ထွေနေတဲ့ အရာရှိကြီးက ရုတ်တရက် ဘာဆက်ပြောရမှန်း စဉ်းစား မရတော့ဘူး…..ဟောပြောပွဲမှာတုန်းက Mr A က ဘယ်လို ဆက်ပြောလိုက်တယ် ဆိုတာကိုလဲ ပြန်စဉ်းစားမရတော့ဘူးတဲ့….ဒီတော့ သူက ပြောမိပြောရာ ပြောလိုက်မိတာက


 


“ဟာ….အဲဒီမိန်းမက ဘယ်သူလဲဆိုတာ ငါလဲဆက်စဉ်းစားလို့မရတော့ဘူးကွ…..မေ့သွားပြီ ” 


 


 


နောက်ဆုံးတော့ အဲဒီအရာရှိကြီးက ဆေးရုံ ရောက်သွားပါတယ်….ရေနွေးပူပူနဲ့ အပက်ခံ လိုက်ရလို့ပါတဲ့……


 


 


ပက်လိုက်တဲ့သူကိုတော့ စာဖတ်သူများ ရိပ်မိပြီးဖြစ်မှာပါနော်……


 


 


ဒါကြောင့် ကျွန်မတော့ Don’t copy if you can’t paste!  ဒီစာသားလေးကို ” မတူရင်မတုနဲ့” လို့ ဘဲ နံမည်ပေးလိုက်ပါတယ်…..ပျော်ရွှင်ကြပါစေနော်…


 


 မူရင်းလေးက ဒီမှာပါ…..http://www.funzug.com/  


 


 


ချော ( အစိမ်းရောင်လွင်ပြင်)


 

0 comments: