မြက်ရိတ်တဲ့ကောင်လေး
Wednesday, January 13, 2010Posted by
သစ္စာ | သစ်စာ
0 Comments
picture from google
တစ်နေ့…. ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်.. ၀ယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကို ခွင့်တောင်းတယ်..
ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း သို့သော် တစ်ခေါက်တော့ ခေါ်ခွင့်ပြု မည်ဖြစ်ကြောင်း ပြန်ပြောပါတယ်..
ဆိုင်ရှင်က ကောင်လေးရဲ့ ဖုန်းပြောသံကို နားထောင်နေတယ်..
ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံရတယ်..
“အဒေါ်ခင်ဗျား.. အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ…”
တစ်ဘက်က ပြန်ပြောတယ်.. ” တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်…”
“ အဒေါ်ရယ် ..ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်.. ဈေးကိုလဲ အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..”
တစ်ဘက်ကလဲ ပြန်ဖြေပါတယ်… အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ သူ့ စိတ်တိုင်းကျ လုပ်ပေးပြီးသား သူကျေနပ်ပြီးသား ဖြစ်ပါတယ်တဲ့…
ဒီတစ်ခါတော့ ကောင်လေးက ပိုပြီး ချိုသာ အောက်ကျို့တဲ့လေသံနဲ့
“အဒေါ်ရယ်….. ကျွန်တော် အဒေါ့်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင် တစ်ခြံလုံးကို တံမြက်စည်း လှည်းပေးပါ့မယ်.. လမ်းတွေကိုလဲ သန့်ရှင်းရေးလဲ လုပ်ပေးပါ့မယ်.. ဒီလိုဆို နောက် တစ်ပတ် တနင်္ဂနွေနေ့ရောက်ရင် အဒေါ့်ခြံဟာ ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့ အလှဆုံးနဲ့ အသန့်ရှင်း အသပ်ရပ်ဆုံး ခြံတစ်ခုဖြစ်လာမှာပါ… ကျွန်တော့ ကို အလုပ်ခန့်ပါ အဒေါ်ရယ်..”
တစ်ဘက်ကလဲ အလုပ်မခန့်ကြောင်းကိုသာ ပြန်ပြောပါတယ်..
ကောင်လေးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းကိုချလိုက်ပါတယ်…
ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က ကောင်လေးဆီ လျှောက်လာပြီး
“ကောင်လေး ..ဦးက မင်းရဲ့စိတ်ထားလေးကို သဘောကျတယ်… မင်းရဲ့ အကောင်းဆုံး လုပ်ပေးချင် တတ်တဲ့ သဘောထားကို လေးစားတယ်… ဒါကြောင့် ဦးလေး မင်းကို အလုပ်တစ်ခုခု ပေးချင်တယ်.. မင်း ဘယ်လို သဘောရလဲ “
“ကျေးဇူးတင်ပါတယ် ဦးလေးရယ်.. ကျွန်တော့ အတွက် အလုပ်မလိုပါဘူး… ကျွန်တော် လုပ်ပေးလိုက်တဲ့ အလုပ်ကို အလုပ်ရှင်က ကျေနပ်မှုရှိမရှိ ကျွန်တော် ပြန်ဆန်းစစ် ကြည့်တာပါ… ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက ကျွန်တော် အခု အလုပ် လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ..”
===========================================================
ဇာတ်လမ်းလေးကတော့ ဒီလောက်ပါဘဲရှင်… ဇာတ်လမ်းလေးဖတ်ပြီးတော့ မဆုံးနိုင်တဲ့ အတွေးတစ်စကို ရလိုက်မိတယ်… ကျွန်မတို့ကရော ကိုယ်လုပ်နေတဲ့ အလုပ်ကို ဒါ ပြီးသွားရင် ငါ့တာဝန် ကျေပြီ… လို့ဘဲ လွယ်လွယ်ကူကူ သတ်မှတ်လိုက်ကြတယ်.. ကိုယ် လုပ်ပေးလိုက်တဲ့ အလုပ်ကို တစ်ဘက်လူက ကျေနပ် နှစ်သက်မှု အပြည့်အ၀ရှိရဲ့လား ဆိုတာကိုတော့ မြက်ရိတ်သမားလေးလို ပြန်လည်ဆန်းစစ်ဖို့ ဘယ်သူကမှ သတိရကြမယ် မထင်ဘူးနော်…
http://www.funzug.com/attitude-story.html ကိုဆီလျှော်အောင် ဘာသာပြန်ထားပါတယ်.
ချော( အစိမ်းရောင်လွင်ပြင်)
Labels:
လူမှုရေးရာ
Subscribe to:
Post Comments (Atom)