ရသပေးတဲ့ တစ်စုံတစ်ရာ

Monday, May 24, 2010

 



photo from Here


 


တစ်နေ့ညက အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ဖြစ်တော့ ဒီစာလေးကို ရေးချင်တဲ့စိတ်ဆန္ဒ ဖြစ်လာမိပါတယ်.. မိန်းခလေးနဲ့ ဘောလုံးပွဲ ဘာဆိုင်လို့လဲလို့ ပြောလာကြရင် ၀ါသနာ ပါတာကြောင့် ဆိုင်ပါတယ်လို့ ပြန်ဖြေချင်ပါတယ်..  ကျွန်မကိုယ်တိုင်က ဘောလုံးတော့ မကန်တတ်ပေမဲ့ ဘောလုံးပွဲကြည့်ဖို့ကိုတော့ အင်မတန်မှ ၀ါသနာပါပါတယ်… စာဖတ်ရင်တောင် စုံထောက်ဝတ္ထုတို့၊ စွန့်စားခန်းတွေ ပါတဲ့ ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ၀တ္ထုတို့ကို ကြိုက်နှစ်သက်သလို ဘောလုံးပွဲ ဆိုတာကလည်း စိတ်လှုပ်ရှားဖို့ အကောင်းဆုံး အားကစားနည်း တစ်မျိုးမို့ ပွဲစဉ်တစ်လျှောက်လုံး ရင်တစ်ဖိုဖိုနဲ့ ကြည့်ရတဲ့ ဒီကစားနည်းကို ကျွန်မ နှစ်သက် သဘောကျမိပါတယ်..  ဘောလုံးပွဲဟာ တစ်ခြား ဘယ်အားကစားနည်းနဲ့မှ မတူအောင် သြဇာကြီးတဲ့ ကစားနည်း တစ်မျိုးဆိုရင်လဲ မမှားပါဘူး.. ကျွန်မတို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးပါတယ်.. ခုခေတ်မှာ စစ်ကို သေနတ်ကိုင်ပြီး မတိုက်ကြတော့ဘူး.. အားကစားနဲ့ပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တိုက်ကြတယ်. အထူသဖြင့် အခြား အားကစားနည်းတွေထက် ဘောလုံးပွဲနိုင်ရင် နိုင်တဲ့ နိုင်ငံက ပိုပြီး ဂုဏ်သိက္ခာတက်တယ်လို့ ပြောခဲ့ဖူးပါတယ်.. ဒါကြောင့်လဲ နိုင်ငံတိုင်းက အားကစားအတွက်  ငွေကြေးအကုန်အကျခံပြီး ပြုစုပျိုးထောင်တာ တွေ့ရပါတယ်.. ကျွန်မတို့ မြန်မာနိုင်ငံ အပါဝင်ပေါ့နော်.. သိန်းပေါင်းထောင်နဲ့ချီ ရင်းနှီးမြုပ်နှံပြီး ဘောလုံးကလပ်အသင်းတွေ ထောင်ထားတာ ကြည့်ပါလားနော်    :) :)


  


အနုပညာဆန်လှတဲ့ ဘောလုံးကစားနည်းကို လူတွေက စွဲမက်ကြတာ မဆန်းပါဘူးနော်..  ဘောလုံးဟာ ပွဲကစားနေတဲ့ တစ်နာရီခွဲလုံးလုံး (အချိန်ပိုမပါ) ကြည့်နေစဉ်မှာ မျက်တောင် မခတ်မိအောင် ဆွဲဆောင်အား ကောင်းကောင်းနဲ့  ရင်ခုန် စိတ်လှုပ်ရှားဖွယ် ရသကို ပေးနိုင်စွမ်းတာ ဘောလုံးဝါသနာအိုးများ အသိဆုံးဖြစ်ပါလိမ့်မယ်.. ဘောလုံး ၀ါသနာ မပါသူများအတွက်တော့ မဆိုလိုပါ.. ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမှာ အင်တာမီလန် ဖလား ရသွားတော့ အင်တာရဲ့ နည်းပြဖြစ်တဲ့ မော်ရင်ဟိုကို ကြည့်ပြီင်္း သူ့အကြောင်းလေးတွေ တွေးဖြစ်ပါတယ်.. ပေါ်တူဂီသားဖြစ်တဲ့ မော်ရင်ဟိုဟာ တစ်ချိန်က အင်္ဂလန်မြေမှာ နေခဲ့စဉ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်ကတည်းက လူမုန်းများသူရယ်လို့ နံမည်ကျော်ကြားပါတယ်.. ဘာကြောင့်ဆိုရင် သူဟာ အပြောကြီးပြီး ဒေါသထွက်လွယ်တဲ့ သူတစ်ယောက် ဖြစ်တာရယ် သူ့အသင်းကန်နေတဲ့ တစ်လျှောက်လုံး  အငြိမ် ထိုင်ကြည့်မနေတတ်ဘဲ ကွင်းဘေးကနေ စိတ်လှုပ်ရှားစွာနဲ့ တစ်ချိန်လုံး အော်ဟစ် ညွှန်ကြား နေတတ်တော့ ထိုင်ခုံလေးပေါ်မှာ စတယ်လေး၊ အိနြေ္ဒလေးနဲ့ထိုင်ပြီး နေတတ်တဲ့ ဂုရုကြီး အာဆင်ဝင်းဂါးတို့၊ ဖာဂူဆန်တို့ထက် စာရင်တော့ သူ့ပုံက လူအမြင် ကတ်ချင်စရာ ကောင်းတာတော့ အမှန်ဘဲ ဖြစ်ပါတယ်.. အထူး သဖြင့် မန်ယူတို့ အာဆင်နယ်တို့ရဲ့ ပရိတ်သတ်အတွက်တော့ မျက်စိနောက်၊ မျက်မုန်းကျိုး ကြတာပါဘဲ.. ကျွန်မကိုယ်တိုင် မန်ယူပရိတ်သတ် ဖြစ်ခဲ့တုန်းက မော်ရင်ဟိုကို အပြောကြီးသူရယ်လို့ ကြည့်မရခဲ့တာ အမှန်ပါ..


 


ဒါပေမဲ့ ကြာလာလေ သူ့အကျင့်စရိုက်နဲ့ သူ့စိတ်ဓာတ်တွေကို ပိုသိလာရတဲ့အခါ သူ့အပြောကြီးမှုက ခွင့်လွှတ်နိုင်စရာ ဖြစ်လာပါတယ်.. မော်ရင်ဟိုဟာ အပြောလဲ ကြီးသလို သူပြောတဲ့အတိုင်း လက်တွေ လုပ်ပြနိုင်တဲ့သူလဲ ဖြစ်ပါတယ်.. ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာ စတဲ့ သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းကို ထိပ်တန်း ဆုဖလားတွေ ရယူနိုင်အောင် စွမ်းဆောင်ခဲ့တာက ငြင်းမရတဲ့ သူ့အရည်အချင်းတွေရဲ့ သက်သေ ဖြစ်လာပါတယ်.. ဒီတော့မှ လူတစ်ယောက်ကို အပေါ်ယံကြည့်ယုံနဲ့ ထင်မြင်ဆုံးဖြတ်တတ်တာ မှားနိုင်ကြောင်း တွေးမိလာပြီး ကောက်ချက်ချလွဲပြီး ဒီနည်းပြအပေါ် ကြည့်မရခဲ့တဲ့ ကိုယ့်ကိုယ်ကို မှားမှန်း သိလာရပါတယ်.. တစ်ချို့သူတွေက စကားများများ ပြောပေမဲ့ အလုပ် နည်းနည်းသာ လုပ်တဲ့အတွက် အောင်မြင်မှုကို မရနိုင်ခဲ့ပေမဲ့ မော်ရင်ဟိုက စကားလဲ များများပြောတတ်သလို သူပြောသလို ဖြစ်အောင်လဲ လုပ်ပြနိုင်သူဖြစ်ပါတယ်.. ဒီနှစ်မှာလည်း သူကိုင်တွယ်ခဲ့တဲ့ အင်တာမီလန်အသင်းကို ပြည်တွင်းဖလား ၂လုံးနဲ့ အတူ ချန်ပီယံလိဂ်ဖလား စုစုပေါင်း ဖလား ၃ခုကို ရယူပေးနိုင်ခဲ့ပါပြီ.. ဘယ်လိုဘဲဖြစ်ဖြစ် အပြောကြီးပေမဲ့ အလုပ်နဲ့ သက်သေပြနိုင်တဲ့ မော်ရင်ဟိုကို လေးစားအားကျဖို့ကောင်းတဲ့သူ စာရင်းထဲမှာ ကျွန်မအနေနဲ့ ထည့်သွင်းထားလိုက်မိပါတယ်.. နောက်ဆုံးသတင်းက ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ မော်ရင်ဟိုဟာ ရီးရဲအသင်းကို မကြာခင်ပြောင်းတော့မယ်လို့ ကြားမိတာပါဘဲ. ဘယ်နေရာဘဲရောက်ရောက် အရည်အချင်းရှိတဲ့ သူ့အနေနဲ့ အကောင်းဆုံး အနေအထားရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်.. အောင်ပွဲတွေနဲ့ ဝေးနေတဲ့ ရီးရဲအသင်း အတွက်တော့ မော်ရင်ဟိုဟာ မျှော်လင့်ချက် ရောင်ခြည်တန်းကလေး ဖြစ်လာနိုင်ပါတယ်.. ဒါပေမဲ့ အင်တာမီလန် အသင်းကလည်း ဒီနည်းပြကို လက်လွတ်မခံရအောင်တော့ ကြိုးစားနေတယ် လို့သိရပါတယ်.. ဒါကိုကြည့်ပြီး လူတော်တွေအတွက်တော့ ထိုက်တန်တဲ့နေရာက အမြဲ ရှိနေတယ် ဆိုတာကို အသိတရား ရမိပါတယ်..


 


ကျွန်မအနေနဲ့ ဘောလုံးပွဲတွေ ကြည့်မိတိုင်း အနိုင်ရ ဗိုလ်စွဲသူတွေက ပျော်နိုင် မော်နိုင်ကြသလို၊ ရှုံးသူတွေရဲ့ ရင်ထဲက ခံစားချက်ကိုလည်း ကိုယ်ချင်းစာမိပြီး သူတို့ကို သနားမိပါတယ်.. အထူးသဖြင့်တော့ ဖိုင်နယ် ပွဲစဉ်တွေ၊ အဆုံးအဖြတ် ပွဲစဉ်တွေမှာပါ။ ရှုံးနိမ့်သူတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ တကယ်တမ်းတော့ ခါးသီးလွန်းလှပါတယ်.. လူတိုင်းဟာ ဘယ်သူမှတော့ အရှုံးကို လိုလားကြမယ် မဟုတ်ပါဘူး.. တစ်ချို့ကစားသမားတွေမှာ အားကစားစိတ်ဓာတ် နည်းတာက ရှုံးနေတဲ့အချိန်မှာ ဘောလုံးကို အာရုံစိုက်ဖို့ထက် တစ်ဘက်လူ နာကျင်သွားအောင် တမင်ရည်ရွယ်ပြီး လူချတတ်တာကို တွေ့ရပါတယ်..   နောက်တစ်ချက် ဘောလုံးပွဲတွေမှာ လူတစ်ယောက်ရဲ့ ပကတိ စိတ်ရင်းတွေကို မကြာခန မြင်တွေ့ခွင့်ရတတ်ပါတယ်.. လူတိုင်းဟာ အနိုင်လိုချင်ကြတာပေမဲ့လို့ မသမာသောအနိုင်၊ ဟန်ဆောင် မာယာများပြီး ရတဲ့ အနိုင်မျိုးကတော့ အနုပညာဆန်လှတဲ့ ဘောလုံးကစားနည်းကို ရသပျက်စေတဲ့ အမဲစက်များဘဲ ဖြစ်ပါတယ်.. တစ်ချို့သော ဘောလုံးသမားတွေမှာ ဟန်ဆောင် လိမ်ညာတတ်တဲ့ စရိုက်မျိုးဟာ ဘောလုံး ကန်နေရင်း ဖုံးမရ ဖိမရ ပေါ်လာတတ်ပါတယ်.. အချို့ကျတော့ ဒေါသကြီးပြီး တစ်ဘက်လူ မနာနာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတတ်တဲ့သူမျိုးပါ… တစ်ဘက်လူ အရှိန်နဲ့ကျွံဝင်လာချိန်မှာ ကိုယ်က ရှောင်ပေးလိုက်ရင်ရရက်နဲ့ မရှောင်ဘဲ တမင်ဝင်တိုးတတ်တဲ့ အကျင့်စရိုက်မျိုး ရှိသူတွေကိုလည်း မကြာခန တွေ့ရတတ်ပါတယ်..  တစ်ချို့ကျ ကိုယ့်ကို တစ်ဘက်လူက မတော်တဆဖြစ်စေ၊ တမင်တကာဖြစ်စေ ထိခိုက်အောင် လာလုပ်ချိန်မှာ ဒေါသကို မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ပြန်လုပ်တတ်တဲ့ သူမျိုးပါ။ ဘောလုံးကစားတာဟာ တွန်းတွန်းတိုက်တိုက် ကစားရတဲ့နည်း ဖြစ်တယ်ဆိုတာ လက်ခံပါတယ်.. သို့သော်လည်း တစ်ဘက်လူ မနာမနာအောင် တမင်ရည်ရွယ်ပြီး လုပ်ကြံတဲ့ လုပ်ရပ်များကတော့ ဘောလုံးအလှကို ဖျက်ဆီး ကြသူများ လို့သာ ကျွန်မမြင်မိပါတယ်..


 


နောက်ထပ် ဘောလုံး အလှ ဘောလုံးရသကို ဖျက်ဆီးသူများကတော့ ဘောလုံးပွဲကို အားပေးနေစဉ်မှာ ဘောလုံး ကစားနေတဲ့ ကွင်းလယ်မှာ အကြောင်း ကြောင်းကြောင့် ပြဿနာ ဖြစ်သည်ဖြစ်စေ.. ကိုယ်အားပေးနေတဲ့ အသင်းသား တစ်စုံတစ်ခု ဖြစ်သွားသည်ဖြစ်စေ စိတ်ကို မထိန်းနိုင်ကြဘဲ ရေသန့်ဘူးများ၊ လက်ထဲရှိတဲ့ ပစ္စည်းများနဲ့ ပစ်ပေါက်အော်ဟစ်တတ်တဲ့ သူမျိုးပါ.. အထူးသဖြင့် သူတစ်ပါးနိုင်ငံတွေနဲ့ ကစားနေကြတဲ့ နိုင်ငံတကာ ပွဲမျိုးဆိုရင် ပိုပြီး ရှက်စရာ ကောင်းပါတယ်.. နိုင်ငံနဲ့ချီပြီး ဂုဏ်သိက္ခာကျနိုင်တဲ့ လုပ်ရပ်များ ဖြစ်ပြီး အလွန်အင်မတန်မှ ရုပ်ဆိုးလွန်းတယ်လို့ ကျွန်မအနေနဲ့ မြင်မိပါတယ်.. ဒီဖြစ်ရပ်မျိုး ဖြစ်တဲ့အခါ ဘောလုံးပွဲမှာ ကိုယ်တိုင် ရောက်မနေခဲ့ရင်တောင်မှ တီဗီမှာ ထိုင်ကြည့်ရင်း ရှက်နေမိပါတယ်.. ဒါကြောင့် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာ နံမည်ကိုပါ ထိခိုက်မဲ့ လုပ်ရပ်မျိုးဆိုရင် ဆင်ခြင်သင့်လှပါတယ်.. ဒီလိုပြောလို့ ဘောလုံးပွဲကို ငြိမ်ငြိမ်သက်သက်လေး ထိုင်ကြည့်တတ်သူလား မေးလာမယ်ဆိုရင် ကျွန်မကိုယ်တိုင်လည်း အားပါးတရ အော်ဟစ်အားပေးရတာကို ၀ါသနာပါသလို ဒီလို အားပေးရတာကိုလဲ ပိုနှစ်သက်ပါတယ်.. ဒါပေမဲ့ ကိုယ့်လုပ်ရပ်ကြောင့် သူတစ်ပါးဖြစ်စေ၊ ကိုယ့်ရပ်ရွာဖြစ်စေ ကိုယ့်တိုင်းပြည်ဖြစ်စေ နစ်နာမဲ့ အနေအထားမျိုးကိုတော့ မနှစ်သက်မိသူပါ။ ကိုယ့်နိုင်ငံ၊ ကိုယ်အားပေးတဲ့ အသင်းကို လူတိုင်းက နိုင်စေချင်ကြပေမဲ့လို့ ပရိတ်သတ်ဖြစ်တဲ့ ကိုယ်တွေရဲ့ အမှားကြောင့် အနိုင်မရဘဲ အားလုံး နစ်နာသွားနိုင်တာကိုလည်း မြင်ထားသင့်ပါတယ်..


 


ဒါကြောင့် ဘောလုံးကန်သူရော ဘောလုံးကြည့်သူများပါ ဘောလုံးရသ ဘောလုံးရဲ့ အနုပညာအလှများကို မပျက်စီးစေဘဲ အားကစားစိတ်ဓာတ် အပြည့်နဲ့ ကန်ကြမယ်၊ ကြည့်ကြမယ်ဆိုရင် ဘောလုံးကစားနည်းဟာ အလှဆုံး၊ စိတ်ဝင်စားစရာ အကောင်းဆုံး၊ လူတွေကို အဆွဲဆောင်နိုင်ဆုံးသော ကစားနည်းဖြစ်ပါတယ်လို့ ပြောရင်းနဲ့ ဘောလုံးပွဲကိုကြည့်ရင်း ကျွန်မ မြင်မိတွေးမိတာလေးကို ချရေးမိတာပါ.. ဘောလုံးကစားနည်းတွေကိုတော့ ထဲထဲဝင်ဝင် မသိပေမဲ့ ဘောလုံးကစားနည်းကို နှစ်သက်သူ ၀ါသနာပါသူ တစ်ယောက်အနေနဲ့သာ ရေးထားတာဖြစ်ပါတယ်.. အမြင်မတူတာများ ရှိခဲ့ရင် ခွင့်လွှတ်ပါ။ မိန်းခလေး တစ်ယောက်ရဲ့ ဘောလုံး ကစားနည်း အပေါ် မြင်မိတဲ့အမြင်ဖြစ်တာကြောင့် အားနည်းချက်များ လစ်ဟာချက်များ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် တောင်းပန် ထားပါရစေ..  ဒီရာသီမှာ ဖလား၃လုံးနဲ့အတူ ချန်ပီယံဖြစ်သွားတဲ့ အင်တာမီလန်အသင်းနဲ့ နည်းပြ မော်ရင်ဟိုတို့ကို ၀မ်းသာဂုဏ်ယူပါကြောင်းနဲ့ ကျွန်မတို့ မြန်မာအသင်းအနေနဲ့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ချန်ပီယံလိဂ်လိုပွဲမျိုး ၀င်ရောက်နိုင်တဲ့ အဆင့်အတန်းမျိုးထိ ဖြစ်လာမယ်လို့ ယုံကြည် မျှော်လင့်ချင်ပါတယ်.. ဒီလိုပွဲမျိုးကိုလည်း တွေ့ချင် လှပါတယ်လေ။ ဒီချိန်ကျရင် ဘောလုံးဝါသနာ ရှင်များနဲ့ ကျွန်မတို့ အားလုံး အတူတူ အားပေးကြဖို့ တစ်ချိန်ချိန်တော့ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားကြပါစို့နော်.. 
(မျှော်လင့်ခွင့်တော့ ရှိတယ်မဟုတ်လား :) )


 


လေးစားချစ်ခင်စွာဖြင့်


 


ချော(အစိမ်းရောင်လွင်ပြင်)

18 comments:

ခိုင်နုငယ် said...

ဘောလုံးဂျာနယ်..အဲလေ
ဘောလုံးနဲ့ပါသတ်တဲ့ရသလေးကိုအရင်ဦးဆုံး
လာရောက်လို့ဖတ်သွားပါတယ်။
ငယ်ငယ်တုန်းကတော့ ဘောလုံးကန်ရတာသိပ်ဝါသနာပါတယ်။
ကျောင်းမှာတစ်ဖက်အသင်းကယောကျာ်းလေး၊
တစ်ဖက်ကမိန်းကလေးအသင်းအဲလို
ခုတော့ဘောလုံးပွဲစဉ်တွေလည်းမကြည့်ဖြစ်သလို၊ဂျာနယ်မဖတ်ဖြစ်တော့ပါဘူး။

zaytaryar said...

ဟုတ်တယ် အရေချင်းရှိသူများအတွက် ထိုက်တန်တဲ့ နေရာတခုရှိစမြဲပါ ဥပမာအနေနဲ့ မော်ရင်ဟို
ကိုကြည့်ပါ ၊ ပြောတိုင်းလုပ်နိုင်သလို လုပ်တိုင်းလဲပြောနိုင်တဲ့သူပါ ပြောသာပြောပြီး မလုပ်နိုင်သူ
များကတော့ ဦးဏှောက်ဆိုင်ရာရောဂါ တခုခုခံစားနေရသူများသာ................

ကိုဇော် said...

ဟိုက်. . .ကျနော် သိထားတာ ၊ တွေ့မိထားတာနဲ့ လွဲနေတယ်။ ရေးလို့ ဖြစ်ပါ့မလား။

မောရင်ညို ( သူတို့ဘာသာ အသံထွက် အတိုင်းပဲ ရေးပါ့မယ်။ )က ပြိုင်ပွဲတွေမှာ ဘေးကနေ အော်ဟစ်ခုန်ပေါက်နေလို့ သူများကို မုန်းတာ မဟုတ်ဘူးဗျ။
အသင်းက ဂိုးသွင်းတယ် ၊ အောင်ပွဲရတယ် ဆိုရင် သူများနည်းပြတွေလို အော်ဟစ်ပျော်ရွှင်တာ မဟုတ်ပဲ ရုပ်တည်ကြီးနဲ့ သွေး ခပ်အေးအေး နေတတ်ကြလို့ အမြင်ကပ်ကြတာပါ။
ပြီးတော့ သူဝတ်ထားတတ်တဲ့ လောင်းကုတ် အမည်းရောင်ကြီးကြောင့်လည်း ပိုကြည့်မရဘူးလို့ Vote မှာ ဖတ်လိုက်ရဖူးတယ်။

သူ့ရဲ့ ကစားကွက်ကတော့ ခံစစ်လုံခြုံပြီးမှ တိုက်စစ်ချကစားတတ်တာပါ။
အဲ. .တစ်ခုတော့ ရှိတယ်။ သူရှုံးနေတယ် ဆိုလို့ကတော့ တိုက်စစ်ကိုပဲ မဲကစားတော့တာပဲ။
ဒီလို ကစားလို့လည်း နိုင်ခဲ့တဲ့ ပွဲတွေက အများကြီးပါ။ ဥပမာ - ၂၀၀၄ ခုနှစ်က ချဲလ်ဆီး နဲ့ ပေါ်တိုပွဲမှာ ရှုံးနေရာကနေ
တိုက်စစ်တွေ ထည့်ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းပြီး ချဲလ်ဆီးကို နိုင်ခဲ့ကာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာပဲ။
တော်တယ် ဆိုတာကတော့ ငြင်းမရပါဘူး။ လူတောတွေအတွက် နေရာတွေက ရှိနေတယ် ဆိုတာလည်း အဟုတ်ပါပဲ။

shwezinu said...

ချော ညီမရေ

ဘောလုံးပွဲ အကြောင်းတော့ မသိဘူးကွယ်
မသိ မသိတဲ့ အတိုင်းမနေဘဲ ပြောသွားရအုန်းမယ်
ကဲ မမျှော်နဲ့ မောမယ် ချောရေ လို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အကြမ်းထည် said...

:D :P :)

nice post.

keep on!!
with reps;

sosegado said...

Professional ဆိုတာ မချောပြောတာတွေနဲ့ သက်ဆိုင်နေပါတယ်၊ ချရင်ပဲဖြစ်ဖြစ် ဒိုက်ရင်ပဲဖြစ်ဖြစ် ပညာပါရတာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီမှာတော့ world cup ကို $ ၇၀ ကျော်ပေးပြီးကြည့်ရတော့မယ်။

ကိုကိုမောင် said...

မချောရေ...
မန်ယူပရိသတ်ဖြစ်ခဲ့တုန်းကလို့ ရေးထားတော့... အခုကော ဘယ်ပရိသတ်လဲ မသိဘူး။ ကျနော်ကတော့ မန်ယူမှ မန်ယူဘဲ။းဝ)

အခုလို ဘောလုံးနှင့်ပတ်သက်တဲ့ ပို့စ်လဲ ဖတ်လို့ကောင်းတာဘဲ။ မြင်ယောင်မိသေးတယ်။ မချောကို အားကစားဂျာနယ်က ဘာသာပြန်ဆရာမအဖြစ်လာချဉ်းကပ်မှာ။းဝ)

KiKi said...

ဗမာနိုင် ပြီ.. ဟေ့..ဒို့ ဗမာ နိုင် ပြီ .. ( ဟိုး ငယ်ငယ်တုံး က မာဒေးကား ပွဲတွေ ပြီးရင် လာတဲ့ သီချင်းလေး ..ရေဒီယို ဓါတ်ပြားဟောင်းလေး ပြန် နားထောင်ချင် လိုက်တာ နော် .. )..
ရရင်ရ မရရင်ချ တဲ့ အထဲ ..ဒီဘောလုံး လောက က လူတွေ လဲ ပါမယ် ထင်ပါရဲ့  ...

ခုတော့ ဘောပွဲ တွေ နဲ့  ကင်းဝေးနေတာ ကြာပြီ ချော ရေ ..တိုင်း နဲ့  ပြည် နယ် ပွဲတွေ ဆို ကွင်းထဲ ထိသွားကြည့်ကြတာ လေးတွေ ပြန် အမှတ်ရ မိတယ် ... ပြောင်းဖူးရိုးတွေ ရော ၊ ရေဗူးတွေ နဲ့  ပေါက်ကြတာ ရော ..လွတ်အောင် ရှောင်ရတာ လည်း ပျော်စရာကြီး..

အင်ကြင်းသန့် said...

ဝိုးးးးး....မမနဲ့ညီမလေးနဲ့ အကြိုက်က လုံးဝကွက်တိတူနေတယ်...နံပါတ် ၁က ဘောလုံးပွဲ ကြည့်တာ ၀ါသနာပါတာ...နံပါတ်နှစ်က မော်ရင်ဟိုကို ကြိုက်တာ... ဒါပေမယ့် သူ့ကို ကြိုက်တာ မမလို ကြည့်မရပြီးမှ ကြိုက်တာမဟုတ်ဘူး...ညီမလေးက ဟိုးအရင် အစကတည်းက လူမုန်းများတဲ့ သူ့ရဲ့ အပြောတွေ အပြုအမူတွေကို ကြိုက်ခဲ့တာ...း)))

ညီမလေး

သဒ္ဓါလှိုင်း said...

အော်..သူတို့ချည်းပဲတူမနေနဲ့လေ.. သဒ္ဓါလည်းဘောလုံးကြည့်ရတာကိုကြိုက်မှကြိုက်၊၀ါသနာ
ပါမှပါပေါ့။ခုလည်းကမ္ဘာ့ဖလားကြည့်ဖို့တာဆူထားတယ်။ကြိုက်တဲ့သူတွေကိုတော့ပြောတော့ဖူး...

ခင်တဲ့
သဒ္ဓါ

ahphyulay said...

ဒရောဘာ လိုပေါ့ ဗျာ..။
တစ်ဖက်ကစား သမား ကို မခံချင်အောင် စ ပြီး ပန်နယ်လီ ယူသွားတတ်တာ
ဒိုင် ကို မျက်စိ မှား အောင် လုပ်တာ ကစား တာ ကောင်းပေမဲ့  သူ့ အကျင့် 
ကြောင့်  လူမုန်းများနေတာ၊ ပွဲ ဆူ အောင် လုပ်တတ်တာလေ၊
ဒါပေမဲ့  သူမပါရင်လဲ ပွဲက မစည်သလို၊
လူချစ်များပြီး ကျော်ကြား တတ်သလို လူမုန်း များပြီး ကျော် ကြား တာလဲရှိပါ့ ။

မိုးငွေ့ said...

“တဆိတ်လောက်ရှင် ဘယ်သူတွေကများ ဘောလုံးကို ရူးသွပ်တာပါလိမ့် ကျမအတွက်တော့ ဘောလုံးသမား ချောချောတွေကို ဆိုရင် ပိုမှန်မယ်ရှင့်” အစ်မချစ်ကြည်အေးပြောသလို ပြောကြည့်တာ..။

ခင်မင်စွာဖြင့်
မိုးငွေ့

သိ င်္ဂါ ရ said...

မော်ရင်ဟို က တစ်ဦးတစ်ယောက် အနေနဲ့ တော့

ချီးကျူးသင့်တဲ့ ပုဂ္ဂိုလ် တစ်ယောက် ... အမှန်ပါပဲ မချောရေ ...

အမြင်မတူတဲ့သူတွေ ဆိုတာက ... သူ့ရဲ့ တစ်သီးပုဂ္ဂလ အာရုံစိုက်ခြင်းအပေါ်

တကိုယ်ကောင်း ဆန်လွန်းတယ် မြင်ကြလို့ ထင်ပါရဲ့ :)

မောင်ဘကြိုင် said...

တားငယ်ငယ်ကတည်းက မျှော်လာလိုက်တာဗျာ အခု တားအသက် သုံးဆယ်ပြည့်ဖို့ သုံးနှစ်ပဲလိုတော့တယ်
နောက် လည်း မျှော်ရအုံးမယ်ထင်ပါတယ် တားတို့မြန်မာအသင်းကတော့ လန်တယ်း)

ုကိုကြည်သာ said...

တို့မြန်မာဘောလုံးကတော့ချန်ပီယံလဒ်ကိုတက်ဖို့ကဒို့တွေဘိုးဘိုးဘွားဘွားဖြစ်ပီးနောက်၁၀ဘ၀လောက်ပြောင်းတောင်ရောက်ပ့မလားမတိ................. မိန်းခလေးတစ်ယောက်အနေနဲ့ဘောလုံးပွဲတွေကိုဒီလောက်...စိတ်ဝင်တစားနဲ့သိသလောက်နှံနှံစပ်စပ်...ရေးတတ်တာတော်တယ်လို့ပဲပြောရမလား..(မုန့်များကျွေးမလားမသိအဲလိုပြောရင်) ချီကျူးပါတယ်ပြောရမလားပဲ.... ။ မော်ရင်ညိုကိုတော့စပါယ်ရှယ်ဝမ်းပဲဆိုတာလက်ခံတယ်ဗျာ။ဘယ်သူဘာပြောပြော( ) ဂ၇ုမစိုက်ဘူး ရှယ်ဝမ်းပဲ

လသာည said...

ဖတ်လို့ ကောင်းလိုက်တာ.. ချောက ဘောလုံးပွဲကြိုက်တာကိုး..
အကြိုက်တူတယ်။ ဒါပေမယ့် အခု သုံးလေးနှစ်အတွင်း သိပ်မကြည့်ဖြစ်ဘူးရယ်။ ဒါကြောင့် ချောပြောသွားတာဖတ်ရတာ (နားထောင်ရတာ) ပုံပြောပြနေသူနား မေးထောက်ငေးရသလိုလေး ဇိမ်ရှိလိုက်တာလို့ တွေးမိတယ်း))
မြန်မာဘောလုံးသမားတွေဆိုရင်တော့ မဖြစ်မနေ ချောနဲ့အတူတူ အားပေးမယ်နော်းD

kotunygn said...

I also like to watch it.

မြစ်ကျိုးအင်း said...

အဲဒီညကတော့ အင်တာ ကိုပဲ အားပေးလိုက်တယ်
ဘေယန်မြူးနစ်က မန်ယူကို ကံကောင်းပြီး နိင်သွားလို့ အင်တာကို အားပေးတာ
း)
ကိုယ်တို့ကတော့ မန်ယူပဲကွ...။