သောကြာကြယ်နဲ့ လရဲ့မြင်ကွင်း

Monday, May 17, 2010

 


အောက်ကပုံတွေမှာပေါ့.. လနဲ့ သောကြာကြယ်လို့ ခေါ်တဲ့ ဗီးနပ်စ်ဂြိုလ်တို့ နီးနီးကပ်ကပ် ဖြတ်သွားတာကို မြန်မာနိုင်ငံကနေ မြင်လိုက်ရတဲ့ မြင်ကွင်းလေးတွေ...


 


 


 


 


 


 



 


 


၁၆.၅.၂၀၁၀ မနေ့က ည၆နာရီခွဲလောက်မှာ သူငယ်ချင်းတစ်ယောက်က ဂျီတော့ကနေ လှမ်းပြောတယ်.. အပြင်ကို ခုချက်ချင်း ထွက်ကြည့်လိုက်တဲ့.. ထွက်တော့ကြည့်ပါရဲ့.. မိုးသားတွေက မဲမှောင်နေလို့ ဘာကိုမှ မတွေ့လိုက်ရပါဘူး.. အိမ်က ညီမလေးကလဲ ဖုန်းဆက်လာတယ်.. မမရေ ကောင်းကင်မှာ ကြယ်နဲ့ လနဲ့ နီးနေတာ မြင်ရလားတဲ့.. ဒီမှာတော့ လူတိုင်းက ထွက်ကြည့်နေကြတယ်.. တဲ့... သူ့ကိုလဲ မမြင်ရကြောင်း ပြန်ပြောလိုက်ရတယ်.. သူ့ခမျာ အစ်မလုပ်သူ မမြင်လိုက်ရမှာစိုးလို့၊ မြင်စေချင်လို့ ဖုန်းဆက်ပြီးပြောကာမှ ဒီက ဘာမှ မမြင်လိုက်ရပါဘူး.. ဒါပေမဲ့ မနက် လင်းလို့ ကွန်ပျူတာလဲဖွင့်ရော မေလ်းထဲမှာ ပုံလေးတွေက ရောက်နေပြီ.. ဒါကြောင့် မမြင်လိုက်ရသူများ မြင်ရအောင် ပိုစ့်လေး တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်.. ဒီလို ကြယ်နဲ့လနဲ့ နီးလို့ ဘာတွေဖြစ်လာမလဲ၊ ဘာတွေဖြစ်နိုင်မလဲ မေးရင်တော့ ကျွန်မ ဘာမှ မသိပါဘူးလို့ဘဲ ပြောရမှာပါ.. ဘာလို့ဆို ကိုယ်က နက္ခတ်ပညာရှင် မဟုတ်တာကြောင့်ပါ..  မမေးနဲ့နော်...         :)  :)


 


 



 


 


 


 


 



တော်တော်နီးနီးကပ်ကပ်ပါဘဲနော်


  


 


 



 


 


 


 



 


 


 



 


ပုံတွေကိုတော့ First Eleven  ဂျာနယ်ကရယ်၊ မောင်ငယ်လေး ကိုဖြိုးပို့ပေးတဲ့ Forward Mail ထဲကရယ် ရတာပါ.. ဓာတ်ပုံ ရိုက်တဲ့သူကို မသိလို့ နံမည် မဖော်ပြပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်.. ရိုက်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ပို့ပေးတဲ့ ကိုဖြိုးကိုလည်း ကျေးဇူးတင်ပါတယ်.. ကျွန်မတို့လို မမြင်တွေ့လိုက်ရတဲ့ သူတွေ အတွက် ပုံလေးမှာ မြင်ခွင့်ရလိုက်တာလည်း ကျေနပ်စရာပါဘဲရှင်.. ဒီအဖြစ်အပျက်က သောကြာကြယ်(ဂြိုလ်) နဲ့ ကမ္ဘာရဲ့ကြားကို လက ဖြတ်သွားတာကြောင့် ဖြစ်လာတာလို့ သိရပါတယ်. ဒီလိုအဖြစ်အပျက်ဟာ ဖြစ်တောင့်ဖြစ်ခဲ ကြုံတောင့်ကြုံခဲ  ဖြစ်တတ်တဲ့ အကြောင်းအရာ ဆိုတာလည်း သိရပါတယ်.. ဒါကြောင့်လဲ ဘာရယ်မဟုတ်ပေမဲ့ အမှတ်တရ သိမ်းထားချင်တာရော.. မမြင်ရသူတွေ မြင်ရဖို့ရော ဒီကနေ ပြန်တင်ပေးလိုက်တာပါ။ လောလောဆည် သတင်းကောင်းတစ်ခုက ဒီမနက် မြန်မာပြည်မြို့ရွာ အနှံ့အပြားမှာ မိုးရွာပါပြီတဲ့... ဒီလိုဆိုရင်တော့ သောကြာကြယ်နဲ့ လနဲ့နီးတာ အကောင်းတွေဖြစ်မယ်လို့ မျှော်လင့်ရမယ် ထင်ပါရဲ့နော်..


 




 


 


အားလုံးကို လေးစားချစ်ခင်စွာဖြင့်


 


ချော(အစိမ်းရောင်လွင်ပြင်)

31 comments:

အင်ကြင်းသန့် said...

အင်း...ဘာတွေဖြစ်လာမလဲဆိုတာတော့ မသိဘူးပေါ့ မမရယ်...ဒါပေမယ့် အခုတော့ ကိုယ်မမြင်ဘူးတာ မြင်လိုက်ရတာပေါ့ :)))


မမရဲ့ ညီမလေး

အိမ့်ချမ်းမြေ့ said...

အပြင်မှာမတွေ့လိုက်ရပေမယ့်.. ဒီပုံလေးထဲမှာ မြင်လိုက်ရတယ်.. ကျေးဇူးပါကွယ်..း))

zawtk said...

မနေ့ ညက ဆိုင်က ညီမ ကတော့ ပြောတယ်ဗျ.. ဒါပေမယ့် ထွက်မကြည့်လိုက်ရဘူး။ အခုလို ဓာတ်ပုံ နဲ့ ပြန်ကြည့်ခွင့်ရတဲ့ အတွက် ကျေးဇူးပါပဲ ချော ရေ... ``လ`` က သောကြာ ကြယ်ပေါ်က နေကို ထိုးဖောက် သွားတာ လို့ ပြောတာ ပဲဗျ.. တချို့ ကတော့ ပြောကြတယ်.. ရှေးက စကားပုံလား တော့ မသိဘူးဗျ.. ``သောကြာ ကြယ်ကြီး လ နဲ့ နီး ..._??ကြီး ပျက်လိမ့် မည် ``ဆိုလား..ပဲ :) လောလောဆယ်တော့ လနဲ့ ကြယ်နဲ့ မနီးခင် တော့ မိုးတွေ ရွာသွားတာ.. တော်တော် များတယ်ဗျ.. ဒါကြောင့် ၀မ်းသာ စရာ ပဲ သတင်း စကားပဲ လို့ မှတ်ယူ ကြရတာ ပေါ့ဗျာ...

seeseinshin said...

ဟုတ်တယ်ချောရေ
မန်းမှာလည်း ထွက်ကြည့်လိုက်တာ အုတ်အုတ်ကျက်ကျက်ပါဘဲ ဓါတ်ပုံတွေတော့ ရိုက်ထားလိုက်တယ် စိတ်ကြိုက်ပုံတော့ သိပ်မရဘူး အမရွှေစင်ကလည်း ရေးပေးဖို့မေ့နေတယ် ထင်တယ် ကျွန်တော်က စာ သာဖတ်တတ်တာ ရေးတတ်ဘူးရယ် ဖော်ပြပေးလို့ ကျေးဇူး အထူးပါလို့

ခင်တဲ့
seesein

မအယ် said...

မြင်ဖူးတယ်။ ၉၀ ပတ်ဝန်းကျင်လောက်က။
တဘောင်ရှိတယ် ဆိုပြီး ပြောကြတယ်။
သောကြာကြယ်ကြီး လနဲ့နီး ပြည်ကြီး ပျက်လတ္တံတဲ့။ အဲ့တုန်းက လူကြီးတွေ ပြောကြတာပါ။ ပြည်ကြီးကော ပြည်လေးကောကတော့ ပျက်နေတာပါပဲ။

ချစ်ကြည်အေး said...

မမြင်ဖူးဘူး ရှားရှားပါးပါး တွေ့ရလို့ ကျေးဇူးပါပဲ ညီမချော ရဲရဲတောက်လေးရေ....ခိခိ

KiKi said...

ဒီ က တရုပ်တွေ အယူ အဆ က ကျတော့ ကံကောင်းခြင်း တဲ့ လေ ...သတင်း ထဲ မှာ ပြောတာ မြင်လိုက် ကြားလိုက်တာပါ ။ ဘယ်လို ကံကောင်း မလဲ တော့ မသိဘူး ။ မနေ့ က အဲ့ဒီ အချိန် ..အိပ်နေလို့  ဘာမှ မသိလိုက်တာလေ ..း)) ။ ဒီနေ့  သတင်း ထဲ မြင်မိမှ သိရတာ ..
( ကမ္ဘာမြေ အတွက် ကံကောင်းခြင်း အတိတ်နမိတ်ပဲ ဖြစ်စေချင် ပါတယ် ...ချောရေ )

အဖြူရောင်နတ်သမီး said...

မချောကြောင့်သာ ဒီဓာတ်ပုံလေးတွေကို ကြည့်ရတာ..
အပြင်မှာမမြင်ဖူးလိုက်ဘူး...
မကိပြောသလို “ကံကောင်းခြင်း” နမိတ်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...
သိတယ်မို့လား..ကမ္ဘာကြီးက လှုပ်လှုပ်...လှုပ်လှုပ်ရယ်...
မီးကမလာ...ရေကပြတ်...မိုးကမရွာ...းး(((

သဒ္ဓါလှိုင်း said...

မချောရေ..
အပြင်မှာမတွေ့လိုက်ရဘူးလေ။ မချောပိုစ့်မှာတွေ့လိုက်ရလို့။။အင်း...........ဘာတွေဖြစ်အုံးမလဲ....

ခင်တဲ့
သဒ္ဓါ

ရွှေနတ်သား said...

မမချောရေ....ဘာဘဲဖြစ်ဖြစ် အကောင်းကိုဘဲမျှော်လင့်ပါတယ်ဗျာ.....
ကျွန်တော်တို့ ဆီမှာလည်းမြင်လိုက်ရတယ်

သိ င်္ဂါ ရ said...

ကြားဖူးထားတာကတော့ ...
၈၈ တုန်းကလည်း အဲလို ဖြစ်ဖူးသေးတယ် ဆိုလားပဲ ...
သေချာတော့ မသိပါဘူး ... :)

သိင်္ဂါကျော် said...

မီးပျက်သွားတာနဲ့ ကောင်းကင်ကို ကြည့်နေတုန်း မြင်လိုက်ရတယ်.. ခဏပဲ.. နောက်တော့ မိုးသားတွေ တက်လာတာနဲ့ မမြင်လိုက်ရတော့ဘူး။

မြစ်ကျိုးအင်း said...

ဟုတ် မဟုတ်တော့ မသိဘူးနော် ဖတ်ရတာကို ပြန်ကူးပေးတာ

မြစ်ကျိုးအင်း said...

(၂)
သော​ကြာ​ကြယ်​ကြီး​ ​လ​နှင့်​နီး​က​ ​ပြည်​ကြီး​တစ်​ဖုံ​ပျက်​ကိန်း​ကြုံ​ဟု​​ ​နိ​မိတ်​သ​ဘော​ရှိ​ကြောင်း​လည်း ​သိ​ရ​ပါသည်​။ အလားတူ ဖြစ်ရပ်မျိုးကို သီပေါမင်း ပါတော်မူစဉ်က တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ​​ လပိုင်းအ​တွင်း မြန်မာပြည်​​ထဲတွင် မင်းပြောင်း မင်းလွှဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်ကြောင့် မြန်မာပြည် အတွင်း သဘာဝ ဘေးကပ်ဆိုးများ ကြုံရဖွယ် ရှိနိုင်ကြောင်း၊ လနှင့်ကြယ်နီးလျှင်​ပင် ... တိုင်းသူပြည်သားများ ပူဆွေး သောက ရောက်ရနိုင်ကြောင်း ဗေဒင်နှင့် နက္ခတ်ဗေဒ ဝါသနာရှင် ကိုမင်းသူရိန် က ပြောဆိုခဲ့သည်။

မြစ်ကျိုးအင်း said...

ဒီမှာလည်း ဒီလိုရေးထားသဗျ
http://www.younggun.co.cc/2010/05/blog-post_17.html

မြတ်နိုး said...

ကျေးဇူး..ပုံတွေ ခုမှမြင်ဖူးတယ်။

သောကြာကျောက် said...

ပြည်ကြီးလဲမပျက်ပါစေနဲ့....အပူမီးလဲမဆက်ပါစေနဲ့..ဗျာ

ကိုဇော် said...

မချောက ဘယ်လို ထင်လဲ...
အဟိ. . :P

လသာည said...

ဓါတ်ပုံတွေ တင်ပေးတာ ကျေးဇူးနော်..
ချောကြောင့် မြင်ဖူးသွားပြီ။
လုံးဝကို မသိလိုက်ဘူးရယ်.
ကောင်းသောနမိတ်သာ ဖြစ်စေချင်တာပါပဲ..

ကေသရီ said...

ဓါတ်ပုံတွေတင်ပေးထားတဲ့အတွက်ကျေးဇူးပါအစ်မ။

ကေသရီ said...

ပုံတွေမြင်ခွင့်ရတဲ့အတွက်ကျေးဇူးပါအစ်မချော။ မြန်မာပြည်က ပူလွန်းတဲ့ ရာသီဥတုအတွက် စိတ်ညစ်နေတာ။ မိုးရွာလိုက်တော့ ကောင်းသွားတာပေါ့နော်။

SM said...

ဓါတ်ပုံတွေအတွက် ကျေးဇူးပါ မချောစုရေ...

SM said...

ဓါတ်ပုံတွေအတွက် ကျေးဇူးပါ မချောရေ...

blackcoffee said...

ဒီအကြောင်းတွေ အခုမှပဲသိရတော့တယ်။ဓာတ်ပုံတွေအတွက်လဲ ကျေးဇူးအစ်မရေ။မြန်မာပြည်နဲ့ က အဆက်အသွယ်ပြတ်နေတာကြာပြီ။နောက်လဲ ဒီလိုဗဟုသုတလေးတွေ တင်ပေးပါဦးနော်။

ုကိုကြည်သာ said...

လူတော်တော်များများမြင်ဘူးလိုက်တယ်ဆိုပေမဲ့မမြင်လိုက်ရတဲ့သူတွေအတွှက်အပင်ပန်းခံပီးတင်ပေးထားတာကျေးဇူးပါခင်ဗျာ။ ကံကောင်းခြင်းများစွာပြည့်စုံပါစေ...

မြသွေးနီ said...

ချောရေ...
ထူးဆန်းပါ့နော်..။ အိမ်ကနေလည်းတွေ့လိုက်ရတယ်။
ဒီလိုဖြစ်လာတာ... ကောင်းတဲ့ နမိတ်လို့ပဲ အကောင်းဘက်ကနေ ယူဆလိုက်ချင်မိတော့တယ်..။
ကမ္ဘာသူ ကမ္ဘာသားများ မြန်မာပြည်သူ/သားများ ဘေးအန္တရယ် ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။

စိုင်းဝေ said...

မြစ်ကျိုးအင်းရေထားတာအမှန်ပါပဲ..........
အဲဒီလို လ ကို ကြယ်ဖောက်တာဟာ
မင်းပြောင်းမင်းလွဲ ဖြစ်နိုင်တယ်လို့ ကျွန်တော်လဲ စာအုပ်တွေ ထဲမှာဖတ်ဖူးတယ်......

Angel Shaper said...

မချောရေ.....ပုံတွေမြင်လိုက်ရလို့ ကျေးဇူးပါနော်။
ပျော်ရွှင်ပါစေ။

thuyaaung90 said...

ကြောက်တော့ကြောက်စရာကောင်းတယ်နော် World လဲ ဘာတွေဖြစ်နေတယ် မသိပါဘူးဗျာ တော်တော် လေးတော့ ပျက်နေပြီ ဆိုတာရော သူငယ်ချင်း တို့ သိကြ၇ဲ့လားဗျ နော် ။ ပုံပြင်လေးတောင် ထွက်လာတယ်နော် ။ ပြောပြမယ် .....
ငရဲ မင်းက ငရဲ ကြတဲ့ လူကိုပြောတယ်တဲ့ မင်း လူပြည်ပြန်တတ်တဲ့ . ဘာလို့လဲဆိုတော့ လူပြည်မှာ ကပ်ဆိုးတွေကြနေတာ ငရဲ ပြည်မှာထက်ပူတယ် မင်းလူ့ပြည်မှာပြ ဆက်ပြီး ငရဲကြလိုက်တော့တဲ့

ပုပု said...

ညီမလည်း အဲဒီနေ့က ထွက်ကြည့်တော့ ခပ်ဝေးဝေးဖြစ်နေတဲ့ အချိန်ပဲ မြင်လိုက်ရတယ်။ အခုမှပဲ အသေအချာရော ၊ view မျိုးစုံကတွေ့လိုက်ရတာ။ တင်ပေးတာ ကျေးဇူးပါ အစ်မ။ ဒီနေ့ မှ ဒီ website ကို ရောက်ဖူးတာ။ နောက်လည်း လာလည်ပါမယ်။

မြတ်မွန် said...

လှတာတော့ သိတယ် မမရဲ့.. ပါးစပ်အောက်လေးမှာ မဲ့လေး နဲ့တူတယ်..:P